ဟာလန်းထွက်ခွာပါက ဆက်စ်ဆူလိုတိုက်စစ်မှူး စကာမက်ကာအား အစားထိုးရန် သတ်မှတ်ထားတဲ့ ဒေါ့မွန်

ဒေါ့မွန်ဟာလာမယ့်နွေရာသီတွင်အာလင်းဟာလန်းထွက်ခွာပါက

အစားထိုးရန်အဓိကကစားသမားအဖြစ် ဆက်စ်ဆူလိုတိုက်စစ်မှူး

ဂျီယန်လူကာစကာမက်ကာအား သတ်မှတ်ထားကြောင်းသိရပါတယ်။

ဟာလန်းဟာ၂၀၂၄ခုနှစ်နွေရာသီအထိစာချုပ်ချုပ်ဆိုထားပေမဲ့လည်း

လာမယ့်နွေရာသီတွင်ပြောင်းရွှေ့ကြေးပေါင်၆၈သန်းဝန်းကျင်ဖြင့်

ထွက်ခွာနိုင်တဲ့အချက်ပါဝင်မှုနဲ့အတူ ဥရောပထိပ်သီးကလပ်များရဲ့

ပစ်မှတ်ထားခြင်းခံနေရပါတယ်။

ဒါကြောင့်လည်းဟာလန်းဟာလာမယ့်နွေရာသီတွင်

ဒေါ့မွန်မှထွက်ခွာရန်သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

ယနေ့မှာ Gazzatta dello Sport ရဲ့ဖော်ပြချက်အရ

ဒေါ့မွန်ဟာဟာလန်းနေရာတွင်အစားထိုးရန်အတွက်

ဆက်စ်ဆူလိုတိုက်စစ်မှူးစကာမက်ကာကို ခေါ်ယူရန်

ပစ်မှတ်ထားနေကြောင်းသိရပါတယ်။

စကာမက်ကာဟာ၂၀၁၇ခုနှစ်ကတည်းကဆက်စ်ဆူလိုတွင်

ကစားလာခဲ့သူဖြစ်ပြီး ခရီမိုနက်စ်၊အက်စ်ကိုလီ၊ဂျီနိုအာတို့တွင်

အငှားဖြင့်သွားရောက်ကစားခဲ့ဖူးပါတယ်။

အသက်၂၃နှစ်ရှိတိုက်စစ်မှူးဟာယခုရာသီတွင်ဆက်စ်ဆူလိုအတွက်

၂၃ပွဲကစားထားရာမှာ၉ဂိုးသွင်းယူထားပါတယ်။

စကာမက်ကာရဲ့လက်ရှိစာချုပ်က၂၀၂၅ခုနှစ်တွင်ကုန်ဆုံးမည်ဖြစ်ပြီး

စက်တင်ဘာလတုန်းက အီတလီလက်ရွေးစင်အသင်းအတွက်

ပထမဆုံးပွဲကစားခွင့်ရခဲ့ပါတယ်။

ဆက်စ်ဆူလိုဟာ စကာမက်ကာကိုတန်ဖိုးပေါင်၃၇သန်းသတ်မှတ်ထားပြီး

ဟာလန်းကလည်း ဟာလန်းနေရာတွင်အစားထိုးရန်

အသင့်တော်ဆုံးတိုက်စစ်မှူးအဖြစ်သတ်မှတ်ထားမှုနဲ့အတူ

တောင်းကြေးပေးရန်အသင့်ရှိနေပါတယ်။

zawgyi

ဟာလန္းထြက္ခြာပါက ဆက္စ္ဆူလိုတိုက္စစ္မႉး စကာမက္ကာအား အစားထိုးရန္ သတ္မွတ္ထားတဲ့ ေဒါ့မြန္

ေဒါ့မြန္ဟာလာမယ့္ေႏြရာသီတြင္အာလင္းဟာလန္းထြက္ခြာပါက

အစားထိုးရန္အဓိကကစားသမားအျဖစ္ ဆက္စ္ဆူလိုတိုက္စစ္မႉး

ဂ်ီယန္လူကာစကာမက္ကာအား သတ္မွတ္ထားေၾကာင္းသိရပါတယ္။

ဟာလန္းဟာ၂၀၂၄ခုႏွစ္ေႏြရာသီအထိစာခ်ဳပ္ခ်ဳပ္ဆိုထားေပမဲ့လည္း

လာမယ့္ေႏြရာသီတြင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၆၈သန္းဝန္းက်င္ျဖင့္

ထြက္ခြာႏိုင္တဲ့အခ်က္ပါဝင္မႈနဲ႔အတူ ဥေရာပထိပ္သီးကလပ္မ်ားရဲ႕

ပစ္မွတ္ထားျခင္းခံေနရပါတယ္။

ဒါေၾကာင့္လည္းဟာလန္းဟာလာမယ့္ေႏြရာသီတြင္

ေဒါ့မြန္မွထြက္ခြာရန္ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။

ယေန႔မွာ Gazzatta dello Sport ရဲ႕ေဖာ္ျပခ်က္အရ

ေဒါ့မြန္ဟာဟာလန္းေနရာတြင္အစားထိုးရန္အတြက္

ဆက္စ္ဆူလိုတိုက္စစ္မႉးစကာမက္ကာကို ေခၚယူရန္

ပစ္မွတ္ထားေနေၾကာင္းသိရပါတယ္။

စကာမက္ကာဟာ၂၀၁၇ခုႏွစ္ကတည္းကဆက္စ္ဆူလိုတြင္

ကစားလာခဲ့သူျဖစ္ၿပီး ခရီမိုနက္စ္၊အက္စ္ကိုလီ၊ဂ်ီႏိုအာတို႔တြင္

အငွားျဖင့္သြားေရာက္ကစားခဲ့ဖူးပါတယ္။

အသက္၂၃ႏွစ္ရွိတိုက္စစ္မႉးဟာယခုရာသီတြင္ဆက္စ္ဆူလိုအတြက္

၂၃ပြဲကစားထားရာမွာ၉ဂိုးသြင္းယူထားပါတယ္။

စကာမက္ကာရဲ႕လက္ရွိစာခ်ဳပ္က၂၀၂၅ခုႏွစ္တြင္ကုန္ဆုံးမည္ျဖစ္ၿပီး

စက္တင္ဘာလတုန္းက အီတလီလက္ေ႐ြးစင္အသင္းအတြက္

ပထမဆုံးပြဲကစားခြင့္ရခဲ့ပါတယ္။

ဆက္စ္ဆူလိုဟာ စကာမက္ကာကိုတန္ဖိုးေပါင္၃၇သန္းသတ္မွတ္ထားၿပီး

ဟာလန္းကလည္း ဟာလန္းေနရာတြင္အစားထိုးရန္

အသင့္ေတာ္ဆုံးတိုက္စစ္မႉးအျဖစ္သတ္မွတ္ထားမႈနဲ႔အတူ

ေတာင္းေၾကးေပးရန္အသင့္ရွိေနပါတယ္။