
ယမန်နေ့က ဂိုးပြတ် နိုင်ပွဲကြောင့် ကနေဒါအသင်းဟာ
၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိခဲ့ပါပြီ။
အသင်းသားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေပါ
ကွင်းထဲဆင်းပြီး အောင်ပွဲခံခဲ့ကြသလိုတစ်ဖက်မှာလည်းကွင်းထဲမှာ ရှိမနေခဲ့တဲ့
အယ်ဖွန်ဆိုဒေးဗီးစ်တစ်ယောက် မျက်ရည်တွေနဲ့ အောင်ပွဲခံခဲ့ပါတယ်။
ဒေးဗီးစ်ဟာ နေအိမ်မှာနေရင်း live stream တွေပဲ လွှင့်နေခဲ့တာ ဖြစ်ပါတယ်။
မနေ့ညကတော့ ကနေဒါအသင်းရဲ့ ပွဲစဉ်ကို
ပရိသတ်တွေနဲ့အတူ ကြည့်ပြီးစကားပြောခဲ့ပါတယ်။
ပွဲပြီးဆုံးချိန်မှာတော့ ဒေးဗီးစ်တစ်ယောက်
မျက်ရည်တွေနဲ့ဝမ်းသာလုံးစို့သွားခဲ့တာပဲ ဖြစ်ပါတယ်။
လိုက်ဘေးရီးယားပြည်တွင်းစစ်ကြောင့် ဂါနာဒုက္ခသည်စခန်းမှာ
ခိုလှုံနေတဲ့ မိဘနှစ်ပါးကနေ မွေးဖွားခဲ့တဲ့ ဒေးဗီးစ်ဟာ
ကနေဒါနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရခဲ့ပြီဖြစ်ပါတယ်။
သူဟာ၂၀၀၀ ခုနှစ်မှာ ဂါနာနိုင်ငံရဲ့ ဒုက္ခသည်စခန်းထဲမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ ပြည်တွင်းစစ်တွေကြောင့်
ကနေဒါနိုင်ငံကို ခိုလှုံခွင့်တောင်းကာ ပြောင်းရွှေ့သွားခဲ့ပါတယ်။
သူ့ရဲ့အောင်မြင်မှုတွေက ကလေး၊ လူငယ်တွေအတွက်တော့
စံနမူနာယူစရာဖြစ်လာခဲ့ပါပြီ။
ဒေးဗီးစ်ဟာ ကနေဒါအသင်းအတွက် ပွဲ ၃၀ ကစားပေးထားပြီး
သွင်းဂိုး ၁၀ ဂိုးလည်း သွင်းယူထားပါသေးတယ်။
zawgyi
သူ႔ရဲ႕ေအာင္ျမင္မႈေတြက ကေလး၊ လူငယ္ေတြအတြက္ေတာ့စံနမူနာယူစရာျဖစ္လာခဲ့တဲ့ ေဒးဗီးစ္
ယမန္ေန႔က ဂိုးျပတ္ ႏိုင္ပြဲေၾကာင့္ ကေနဒါအသင္းဟာ
၁၉၈၆ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ကမာၻ႔ဖလားဝင္ခြင့္ ရရွိခဲ့ပါၿပီ။
အသင္းသားေတြ၊ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ ပရိသတ္ေတြပါ
ကြင္းထဲဆင္းၿပီး ေအာင္ပြဲခံခဲ့ၾကသလိုတစ္ဖက္မွာလည္းကြင္းထဲမွာ ရွိမေနခဲ့တဲ့
အယ္ဖြန္ဆိုေဒးဗီးစ္တစ္ေယာက္ မ်က္ရည္ေတြနဲ႔ ေအာင္ပြဲခံခဲ့ပါတယ္။
ေဒးဗီးစ္ဟာ ေနအိမ္မွာေနရင္း live stream ေတြပဲ လႊင့္ေနခဲ့တာ ျဖစ္ပါတယ္။
မေန႔ညကေတာ့ ကေနဒါအသင္းရဲ႕ ပြဲစဥ္ကို
ပရိသတ္ေတြနဲ႔အတူ ၾကည့္ၿပီးစကားေျပာခဲ့ပါတယ္။
ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ေဒးဗီးစ္တစ္ေယာက္
မ်က္ရည္ေတြနဲ႔ဝမ္းသာလုံးစို႔သြားခဲ့တာပဲ ျဖစ္ပါတယ္။
လိုက္ေဘးရီးယားျပည္တြင္းစစ္ေၾကာင့္ ဂါနာဒုကၡသည္စခန္းမွာ
ခိုလႈံေနတဲ့ မိဘႏွစ္ပါးကေန ေမြးဖြားခဲ့တဲ့ ေဒးဗီးစ္ဟာ
ကေနဒါနဲ႔အတူ ကမာၻ႔ဖလားၿပိဳင္ပြဲကို ဝင္ေရာက္ကစားခြင့္ရခဲ့ၿပီျဖစ္ပါတယ္။
သူဟာ၂၀၀၀ ခုႏွစ္မွာ ဂါနာႏိုင္ငံရဲ႕ ဒုကၡသည္စခန္းထဲမွာ ေမြးဖြားခဲ့သူျဖစ္ပါတယ္။
၂၀၀၅ ခုႏွစ္မွာေတာ့ ျပည္တြင္းစစ္ေတြေၾကာင့္
ကေနဒါႏိုင္ငံကို ခိုလႈံခြင့္ေတာင္းကာ ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။
သူ႔ရဲ႕ေအာင္ျမင္မႈေတြက ကေလး၊ လူငယ္ေတြအတြက္ေတာ့
စံနမူနာယူစရာျဖစ္လာခဲ့ပါၿပီ။
ေဒးဗီးစ္ဟာ ကေနဒါအသင္းအတြက္ ပြဲ ၃၀ ကစားေပးထားၿပီး
သြင္းဂိုး ၁၀ ဂိုးလည္း သြင္းယူထားပါေသးတယ္။