
သူ့ရဲ့သွင်းဂိုး ၂ ဂိုးနဲ့ ဥရောပဇုန် play-off ဆီမီးဖိုင်နယ်မှာ သြစတြီးယားကို
နောက်ကောက်ချခဲ့ပြီးနောက် ဝေးလ်ကြယ်ပွင့်ဂါရတ်ဘေးလ်ဟာ
သူ့ဆို အမြဲတမ်းတိုက်ခိုက်တတ်တဲ့စပိန်မီဒီယာတွေကို တုံ့ပြန်လိုက်ပါတယ်။
အဲဒီရီးရဲလ်ကစားသမားဟာ မယုံနိုင်ဖွယ်ဖရီးကစ်သွင်းဂိုးနဲ့ ပထမပိုင်းမှာ
အဖွင့်ဂိုးသွင်းယူပြီး ဒုတိယပိုင်းအစမှာတော့
အနိုင်သေချာစေမယ့်ဒုတိယဂိုးကို အနီးကပ်သွင်းပေးခဲ့တာပါ။
၃၂ နှစ်အရွယ် ဘေးလ်ဟာ ဒဏ်ရာကြောင့် ရီးရဲလ်ရဲ့အယ်ကလက်စီကိုဂိုးပြတ်ရှုံးပွဲကို
လွဲချော်ခဲ့ပေမယ့် နိုင်ငံအသင်းဝေးလ်ကိုတော့ သွားရောက်ပူးပေါင်းခဲ့ပါတယ်။
အဲဒါကြောင့်လည်း နာမည်ကြီးစပိန်သတင်းစာတစ်စောင်ဖြစ်တဲ့မာကာက
သူ့ကို ကပ်ပါးကောင်တစ်ကောင်အနေနဲ့ ခိုင်နှိုင်းဖော်ပြခဲ့တာပါ။
ဆိုလိုချင်တာက ဘေးလ်ဟာ ရီးရဲလ်မှာ တစ်ပတ် ပေါင် ၆ သိန်းရနေပေမယ့်
ကလပ်အတွက် အသုံးမဝင်ဖြစ်နေတာကို ပြောချင်တာဖြစ်ပါတယ်။
ဘေးလ်ဟာ ရီးရဲလ်မှာဆို ဂေါက်ရိုက်ဖို့သာ စိတ်ရှိပြီး သူ့နိုင်ငံအသင်းအတွက်ပဲ
တက်တက်ကြွကြွရှိတယ်လို့ စွပ်စွဲမှုတွေလည်း ရှိခဲ့တာပါ။
ဒါကြောင့်လည်း ဘေးလ်ဟာ သြစတြီးယားနဲ့ပွဲမှာ ဂိုးသွင်းပြီးတဲ့အချိန်တိုင်း
ဝေးလ်အသင်းအမှတ်တံဆိပ်ကို နမ်းရှိုက်ပြီး အောင်ပွဲခံခဲ့ပါတယ်။
ပွဲအပြီးအင်တာဗျူဟာ သူ အဲဒီလိုအောင်ပွဲခံတာဟာ
မက်ဆေ့ချ်ပေးချင်တဲ့သဘောလားလို့ မေးမြန်းတော့ ဘေးလ်က အခုလိုပြန်ဖြေခဲ့ပါတယ်။
”ကျွန်တော် ဘာမှပြောဖို့ မလိုပါဘူး။ အဲဒါက အချိန်ကုန်ရောက်မှာပါ။
စက်ဆုပ်စရာကောင်းသလို သူတို့ကိုယ်သူတု့ိရှက်သင့်ပါတယ်။
ကျွန်တော်ကထဲ စိတ်ထဲဘာမှမရှိပါဘူး။ အဲဒါပါပဲ”လို့ ဘေးလ်က ဖြေကြားခဲ့တာပါ။
zawgyi
သူ႔ဆို အၿမဲတမ္းတိုက္ခိုက္တတ္တဲ့စပိန္မီဒီယာေတြကို ေဝးလ္အတြက္ ၂ ဂိုးသြင္းၿပီး တုံ႔ျပန္ခဲ့တဲ့ ဂါရတ္ေဘးလ္
သူ႔ရဲ႕သြင္းဂိုး ၂ ဂိုးနဲ႔ ဥေရာပဇုန္ play-off ဆီမီးဖိုင္နယ္မွာ ၾသစႀတီးယားကို
ေနာက္ေကာက္ခ်ခဲ့ၿပီးေနာက္ ေဝးလ္ၾကယ္ပြင့္ဂါရတ္ေဘးလ္ဟာ
သူ႔ဆို အၿမဲတမ္းတိုက္ခိုက္တတ္တဲ့စပိန္မီဒီယာေတြကို တုံ႔ျပန္လိုက္ပါတယ္။
အဲဒီရီးရဲလ္ကစားသမားဟာ မယုံႏိုင္ဖြယ္ဖရီးကစ္သြင္းဂိုးနဲ႔ ပထမပိုင္းမွာ
အဖြင့္ဂိုးသြင္းယူၿပီး ဒုတိယပိုင္းအစမွာေတာ့
အႏိုင္ေသခ်ာေစမယ့္ဒုတိယဂိုးကို အနီးကပ္သြင္းေပးခဲ့တာပါ။
၃၂ ႏွစ္အ႐ြယ္ ေဘးလ္ဟာ ဒဏ္ရာေၾကာင့္ ရီးရဲလ္ရဲ႕အယ္ကလက္စီကိုဂိုးျပတ္ရႈံးပြဲကို
လြဲေခ်ာ္ခဲ့ေပမယ့္ ႏိုင္ငံအသင္းေဝးလ္ကိုေတာ့ သြားေရာက္ပူးေပါင္းခဲ့ပါတယ္။
အဲဒါေၾကာင့္လည္း နာမည္ႀကီးစပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့မာကာက
သူ႔ကို ကပ္ပါးေကာင္တစ္ေကာင္အေနနဲ႔ ခိုင္ႏႈိင္းေဖာ္ျပခဲ့တာပါ။
ဆိုလိုခ်င္တာက ေဘးလ္ဟာ ရီးရဲလ္မွာ တစ္ပတ္ ေပါင္ ၆ သိန္းရေနေပမယ့္
ကလပ္အတြက္ အသုံးမဝင္ျဖစ္ေနတာကို ေျပာခ်င္တာျဖစ္ပါတယ္။
ေဘးလ္ဟာ ရီးရဲလ္မွာဆို ေဂါက္႐ိုက္ဖို႔သာ စိတ္ရွိၿပီး သူ႔ႏိုင္ငံအသင္းအတြက္ပဲ
တက္တက္ႂကြႂကြရွိတယ္လို႔ စြပ္စြဲမႈေတြလည္း ရွိခဲ့တာပါ။
ဒါေၾကာင့္လည္း ေဘးလ္ဟာ ၾသစႀတီးယားနဲ႔ပြဲမွာ ဂိုးသြင္းၿပီးတဲ့အခ်ိန္တိုင္း
ေဝးလ္အသင္းအမွတ္တံဆိပ္ကို နမ္းရႈိက္ၿပီး ေအာင္ပြဲခံခဲ့ပါတယ္။
ပြဲအၿပီးအင္တာဗ်ဴဟာ သူ အဲဒီလိုေအာင္ပြဲခံတာဟာ
မက္ေဆ့ခ်္ေပးခ်င္တဲ့သေဘာလားလို႔ ေမးျမန္းေတာ့ ေဘးလ္က အခုလိုျပန္ေျဖခဲ့ပါတယ္။
”ကြၽန္ေတာ္ ဘာမွေျပာဖို႔ မလိုပါဘူး။ အဲဒါက အခ်ိန္ကုန္ေရာက္မွာပါ။
စက္ဆုပ္စရာေကာင္းသလို သူတို႔ကိုယ္သူတု႔ိရွက္သင့္ပါတယ္။
ကြၽန္ေတာ္ကထဲ စိတ္ထဲဘာမွမရွိပါဘူး။ အဲဒါပါပဲ”လို႔ ေဘးလ္က ေျဖၾကားခဲ့တာပါ။