သားဖြစ်သူ အသက်၁၁နှစ်အရွယ်အထိရှိနေပြီဖြစ်ပေမယ့် မိုဘိုင်းဖုန်းမပေးသေးတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ သားဖြစ်သူဟာ

အသက်၁၁နှစ်အရွယ်အထိ ရှိနေပြီဖြစ်ပေမဲ့

ယခုတိုင်မိုဘိုင်းဖုန်းမပေးသေးပါဘူး။

မန်ချက်စတာယူနိုက်တက်ရှေ့တန်းကစားသမားဟာသားဖြစ်သူ

ခရစ္စတီယာနိုဂျူနီယာကိုစမတ်ဖုန်းပေးလိုက်ပါက

အခြားကလေးငယ်များကဲ့သို့ပင် ဖုန်းအပေါ်

စွဲလန်းစိတ်ဖြစ်ပေါ်လာမည်ကိုစိုးရိမ်နေတာလည်းဖြစ်ပါတယ်။

မကြာသေးမီတုန်းက ဗြိတိန်တွင်စစ်တမ်းကောက်ယူမှုတစ်ခုအရ

အသက်၁၁နှစ်အရွယ်ကလေး၁၀ဦးတွင်၉ဦးက

စမတ်ဖုန်းပိုင်ဆိုင်ကြောင်း တွေ့ရှိရပါတယ်။

ဒူဘိုင်းတွင် Al Wasl Plaza တွင်ပြုလုပ်တဲ့ ပွဲတွင်နည်းပညာက

သူ့ကို စူပါဘောလုံးသမားတစ်ဦးဖြစ်လာအောင်ပံ့ပိုးသမားလားလို့မေးမြန်းလာမှုကို

ခရစ္စတီယာနိုရော်နယ်ဒိုက “သေချာတာပေါ့။အများကြီးအကူအညီဖြစ်တယ်။

အကူအညီဖြစ်ပါတယ်။ဒါကိုအခွင့်အရေးတစ်ခုအနေနဲ့အသုံးချရပါမယ်။

ဒါပေမဲ့စွဲလန်းလို့မရပါဘူး။ဥပမာပြောရရင်

ကျွန်တော့်အသက်အကြီးဆုံးကလေးက အသက်၁၂နှစ်ပြည့်ပါတော့မယ်။

သူကအမြဲတမ်းက ဖေကြီးရေဖုန်းတစ်လုံးကိုင်လို့မရဘူးလား၊

ဖုန်းတစ်လုံးပေးလို့မရဘူးလားလို့ အမြဲမေးတယ်။

ကျွန်တော်ကလည်း သူ့ကို ခရစ္စတီယာနို မင်းမှာအချိန်ရှိတယ်။

ဒီမျိုးဆက်မှာဒါကိုအသုံးချနိုင်တဲ့အခွင့်အရေးကြီးတစ်ရပ်ရှိတယ။

ဒါပေမဲ့နည်းပညာကိုစွဲလန်းလို့မရပါဘူး။သူတို့ကိုပေးလိုက်ပြီဆိုပါစို့။

အချိန်ကြာလာပြီ။ကျွန်တော်တို့ကလည်းသူတို့ကိုအချိန်မပေးဘူးဆိုရင်

ပြဿနာတက်ပါပြီ”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုဂျူနီယာဟာလာမယ့်ဇွန်လမှာအသက်၁၂နှစ်ပြည့်ပါမယ်။

သူဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့သားသမီးလေးဦးထဲမှာအသက်အကြီးဆုံးဖြစ်ပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုကသားဖြစ်သူကို

လွန်ခဲ့တဲ့လေးနှစ်ကတည်းက ဖုန်းပေးရန်

ငြင်းဆိုလာခဲ့ခြင်းဖြစ်ကြောင်းပြောကြားသွားပါတယ်။

zawgyi

သားျဖစ္သူ အသက္၁၁ႏွစ္အ႐ြယ္အထိရွိေနၿပီျဖစ္ေပမယ့္ မိုဘိုင္းဖုန္းမေပးေသးတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ သားျဖစ္သူဟာ

အသက္၁၁ႏွစ္အ႐ြယ္အထိ ရွိေနၿပီျဖစ္ေပမဲ့

ယခုတိုင္မိုဘိုင္းဖုန္းမေပးေသးပါဘူး။

မန္ခ်က္စတာယူႏိုက္တက္ေရွ႕တန္းကစားသမားဟာသားျဖစ္သူ

ခရစၥတီယာႏိုဂ်ဴနီယာကိုစမတ္ဖုန္းေပးလိုက္ပါက

အျခားကေလးငယ္မ်ားကဲ့သို႔ပင္ ဖုန္းအေပၚ

စြဲလန္းစိတ္ျဖစ္ေပၚလာမည္ကိုစိုးရိမ္ေနတာလည္းျဖစ္ပါတယ္။

မၾကာေသးမီတုန္းက ၿဗိတိန္တြင္စစ္တမ္းေကာက္ယူမႈတစ္ခုအရ

အသက္၁၁ႏွစ္အ႐ြယ္ကေလး၁၀ဦးတြင္၉ဦးက

စမတ္ဖုန္းပိုင္ဆိုင္ေၾကာင္း ေတြ႕ရွိရပါတယ္။

ဒူဘိုင္းတြင္ Al Wasl Plaza တြင္ျပဳလုပ္တဲ့ ပြဲတြင္နည္းပညာက

သူ႔ကို စူပါေဘာလုံးသမားတစ္ဦးျဖစ္လာေအာင္ပံ့ပိုးသမားလားလို႔ေမးျမန္းလာမႈကို

ခရစၥတီယာႏိုေရာ္နယ္ဒိုက “ေသခ်ာတာေပါ့။အမ်ားႀကီးအကူအညီျဖစ္တယ္။

အကူအညီျဖစ္ပါတယ္။ဒါကိုအခြင့္အေရးတစ္ခုအေနနဲ႔အသုံးခ်ရပါမယ္။

ဒါေပမဲ့စြဲလန္းလို႔မရပါဘူး။ဥပမာေျပာရရင္

ကြၽန္ေတာ့္အသက္အႀကီးဆုံးကေလးက အသက္၁၂ႏွစ္ျပည့္ပါေတာ့မယ္။

သူကအၿမဲတမ္းက ေဖႀကီးေရဖုန္းတစ္လုံးကိုင္လို႔မရဘူးလား၊

ဖုန္းတစ္လုံးေပးလို႔မရဘူးလားလို႔ အၿမဲေမးတယ္။

ကြၽန္ေတာ္ကလည္း သူ႔ကို ခရစၥတီယာႏို မင္းမွာအခ်ိန္ရွိတယ္။

ဒီမ်ိဳးဆက္မွာဒါကိုအသုံးခ်ႏိုင္တဲ့အခြင့္အေရးႀကီးတစ္ရပ္ရွိတယ။

ဒါေပမဲ့နည္းပညာကိုစြဲလန္းလို႔မရပါဘူး။သူတို႔ကိုေပးလိုက္ၿပီဆိုပါစို႔။

အခ်ိန္ၾကာလာၿပီ။ကြၽန္ေတာ္တို႔ကလည္းသူတို႔ကိုအခ်ိန္မေပးဘူးဆိုရင္

ျပႆနာတက္ပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုဂ်ဴနီယာဟာလာမယ့္ဇြန္လမွာအသက္၁၂ႏွစ္ျပည့္ပါမယ္။

သူဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕သားသမီးေလးဦးထဲမွာအသက္အႀကီးဆုံးျဖစ္ပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုကသားျဖစ္သူကို

လြန္ခဲ့တဲ့ေလးႏွစ္ကတည္းက ဖုန္းေပးရန္

ျငင္းဆိုလာခဲ့ျခင္းျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။