
ဒါဘီအသင်းနည်းပြ ဝိန်းရူနီ ကိုကူညီပေးချင်တဲ့အတွက်
အသင်းကိုဝယ်ယူလိုတယ်လို့ နာမည်ကျော်ဟောလိဝုဒ်သရုပ် ဆောင်တစ်ဦးဖြစ်တဲ့
ဂျော့ကလူနီ ကပြောလိုက်ပါတယ်။
သူသာဒါဘီကိုဝယ်ယူခဲ့မယ်ဆိုရင် အင်္ဂလန်မှာ အေဘရာမိုဗစ်ချ် က
ချဲလ်ဆီးကိုဝယ်ယူပြီးနောက်ပိုင်း အလှုပ်ခတ်ဆုံးသောဝယ်ယူမှုတစ်ခုဖြစ်လာမှာပါ။
ဒါဘီအသင်းကိုအားပေးတဲ့သူလည်း ဖြစ်တဲ့ ကလူနီ ဟာ
လုပ်ငန်းရှင်အဖွဲ့တစ်ခုကိုသူဦးဆောင်ပြီး ဒါဘီကိုကယ်တင်ဖို့ကြိုးစားလိုနေတာပါ။
နာမည်ကျော်Ocean ’s 11 ရဲ့သရုပ်ဆောင်ဖြစ်တဲ့ ကလူနီ ဟာ
အသက် ၆၀ ရှိပြီဖြစ်ပြီး ဒါဘီဒေသသားဖြစ်တဲ့သရုပ်ဆောင် ဂျက်အိုကွန်နဲလ်က
အသင်းနဲ့မိတ်ဆက်ပေးပြီးတဲ့နောက် ဒါဘီပရိသတ်တစ်ဦးဖြစ်လာတဲ့သူပါ။
၂၀၂၀ က မာလာဂါအသင်းကိုဝယ်ယူဖို့ကြိုးစား ခဲ့ပေမယ့်
မအောင်မြင်ခဲ့တဲ့ ကလူနီ ကဒါဘီကိုဝယ်ယူပြီး ရူနီကိုကူညီပေးဖို့
သူတကယ်ဆန္ဒရှိနေတာပါလို့ ဆိုပါတယ်။
သူက”ဒါဘီအသင်းဟာ ကြီးကျယ်ခမ်းနားတဲ့အသင်းတစ်ခုဖြစ်ပြီး
တောက်ပတဲ့သမိုင်းကြောင်းလည်းရှိခဲ့လို့ သူတို့အနာဂတ် လည်း
ကြီးကျယ်ခမ်းနားမှာသေချာပါတယ်။ မကြာသေးခင်က
အဲဒီအသင်းမှာပြဿနာတွေအများကြီးရှိခဲ့တာကိုလည်း ကျွန် တော်သိပါတယ်။
ဒါတွေကိုမဖြေရှင်းနိုင်သေးပေမဘ့် ဒါဘီဟာ ကောင်းစွာလုပ်ဆောင်နိုင်သလို
ကစားတာလည်းကောင်းနေ ပါတယ်။
ကစားသမားတွေကကွင်းထဲမှာအားထုတ်နေကြသလို
ပရိသတ်တွေကလည်းသူတို့အလုပ်ကိုသူတို့လုပ်နေကြပါ တယ်။
ဘောလုံးအပေါ်ကျွန်တော့်ရဲ့စိတ်ဝင်စားမှုကအရင်နှစ်တွေမှာကြီးထွားလာခဲ့ပြီး
စပိန်ကမာလာဂါအသင်းကိုလည်း ဝယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
ဘောလုံးကလပ်တစ်ခုကိုပိုင်ဆိုင်ရေးက ကျွန်တော့်အတွက်
နောက်ထပ်အကောင်းဆုံးသော အရာတစ်ခုဖြစ်လာပါလိမ့်မယ်” လို့ပြောသွားပါတယ်။
ဘဏ္ဍာရေးပြဿနာကြုံခဲ့တဲ့ ဒါဘီအသင်းဟာ
အုပ်ချုပ်မှုပိုင်းအပြောင်းအလဲခံယူထားရတာ ၆ လရှိနေပြီဖြစ်ပြီး
ပိုင်ရှင်သစ် တစ်ဦးကိုအလျင်အမြန်ရရှိဖို့လည်း မျှော်လင့်နေပါတယ်။
သူတို့ရဲ့လက်ရှိအခြေအနေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်ထဲ မှာ
ကစားသမားကောင်းအချို့ထွက်သွားလို့ အသင်းအတွက်တကယ့်ကို
ကြောက်မက်ဖွယ်ရာအခြေအနေဖြစ်နေရတယ်လို့ နည်းပြ ရူနီက ပြောခဲ့ပါသေးတယ်။
zawgyi
ဝိန္း႐ူနီကိုကူညီေပးခ်င္တဲ့အတြက္ အသင္းကိုဝယ္ယူလိုတယ္လို႔ ေဟာလိဝုဒ္နာမည္ေက်ာ္ ေဂ်ာ့ကလူနီေျပာ
ဒါဘီအသင္းနည္းျပ ဝိန္း႐ူနီ ကိုကူညီေပးခ်င္တဲ့အတြက္
အသင္းကိုဝယ္ယူလိုတယ္လို႔ နာမည္ေက်ာ္ေဟာလိဝုဒ္သ႐ုပ္ ေဆာင္တစ္ဦးျဖစ္တဲ့
ေဂ်ာ့ကလူနီ ကေျပာလိုက္ပါတယ္။
သူသာဒါဘီကိုဝယ္ယူခဲ့မယ္ဆိုရင္ အဂၤလန္မွာ ေအဘရာမိုဗစ္ခ်္ က
ခ်ဲလ္ဆီးကိုဝယ္ယူၿပီးေနာက္ပိုင္း အလႈပ္ခတ္ဆုံးေသာဝယ္ယူမႈတစ္ခုျဖစ္လာမွာပါ။
ဒါဘီအသင္းကိုအားေပးတဲ့သူလည္း ျဖစ္တဲ့ ကလူနီ ဟာ
လုပ္ငန္းရွင္အဖြဲ႕တစ္ခုကိုသူဦးေဆာင္ၿပီး ဒါဘီကိုကယ္တင္ဖို႔ႀကိဳးစားလိုေနတာပါ။
နာမည္ေက်ာ္Ocean ’s 11 ရဲ႕သ႐ုပ္ေဆာင္ျဖစ္တဲ့ ကလူနီ ဟာ
အသက္ ၆၀ ရွိၿပီျဖစ္ၿပီး ဒါဘီေဒသသားျဖစ္တဲ့သ႐ုပ္ေဆာင္ ဂ်က္အိုကြန္နဲလ္က
အသင္းနဲ႔မိတ္ဆက္ေပးၿပီးတဲ့ေနာက္ ဒါဘီပရိသတ္တစ္ဦးျဖစ္လာတဲ့သူပါ။
၂၀၂၀ က မာလာဂါအသင္းကိုဝယ္ယူဖို႔ႀကိဳးစား ခဲ့ေပမယ့္
မေအာင္ျမင္ခဲ့တဲ့ ကလူနီ ကဒါဘီကိုဝယ္ယူၿပီး ႐ူနီကိုကူညီေပးဖို႔
သူတကယ္ဆႏၵရွိေနတာပါလို႔ ဆိုပါတယ္။
သူက”ဒါဘီအသင္းဟာ ႀကီးက်ယ္ခမ္းနားတဲ့အသင္းတစ္ခုျဖစ္ၿပီး
ေတာက္ပတဲ့သမိုင္းေၾကာင္းလည္းရွိခဲ့လို႔ သူတို႔အနာဂတ္ လည္း
ႀကီးက်ယ္ခမ္းနားမွာေသခ်ာပါတယ္။ မၾကာေသးခင္က
အဲဒီအသင္းမွာျပႆနာေတြအမ်ားႀကီးရွိခဲ့တာကိုလည္း ကြၽန္ ေတာ္သိပါတယ္။
ဒါေတြကိုမေျဖရွင္းႏိုင္ေသးေပမဘ့္ ဒါဘီဟာ ေကာင္းစြာလုပ္ေဆာင္ႏိုင္သလို
ကစားတာလည္းေကာင္းေန ပါတယ္။
ကစားသမားေတြကကြင္းထဲမွာအားထုတ္ေနၾကသလို
ပရိသတ္ေတြကလည္းသူတို႔အလုပ္ကိုသူတို႔လုပ္ေနၾကပါ တယ္။
ေဘာလုံးအေပၚကြၽန္ေတာ့္ရဲ႕စိတ္ဝင္စားမႈကအရင္ႏွစ္ေတြမွာႀကီးထြားလာခဲ့ၿပီး
စပိန္ကမာလာဂါအသင္းကိုလည္း ဝယ္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။
ေဘာလုံးကလပ္တစ္ခုကိုပိုင္ဆိုင္ေရးက ကြၽန္ေတာ့္အတြက္
ေနာက္ထပ္အေကာင္းဆုံးေသာ အရာတစ္ခုျဖစ္လာပါလိမ့္မယ္” လို႔ေျပာသြားပါတယ္။
ဘ႑ာေရးျပႆနာႀကဳံခဲ့တဲ့ ဒါဘီအသင္းဟာ
အုပ္ခ်ဳပ္မႈပိုင္းအေျပာင္းအလဲခံယူထားရတာ ၆ လရွိေနၿပီျဖစ္ၿပီး
ပိုင္ရွင္သစ္ တစ္ဦးကိုအလ်င္အျမန္ရရွိဖို႔လည္း ေမွ်ာ္လင့္ေနပါတယ္။
သူတို႔ရဲ႕လက္ရွိအေျခအေနေၾကာင့္ ၿပီးခဲ့တဲ့ ဇန္နဝါရီေဈးကြက္ထဲ မွာ
ကစားသမားေကာင္းအခ်ိဳ႕ထြက္သြားလို႔ အသင္းအတြက္တကယ့္ကို
ေၾကာက္မက္ဖြယ္ရာအေျခအေနျဖစ္ေနရတယ္လို႔ နည္းျပ ႐ူနီက ေျပာခဲ့ပါေသးတယ္။