လူငယ်လေးပီဒရီချေပဂိုးသွင်းနိုင်အောင်လှပတဲ့ဖန်တီးမှုတစ်ခုပြုလုပ်ပေးခဲ့တဲ့ ဒါနီအဲလ်ဗက်စ်

ဘာစီလိုနာနောက်တန်းအစွန်လူဒါနီအဲလ်ဗက်စ်ဟာမနေ့ညတုန်းက

ဘီလ်ဘာအိုနှင့်ရင်ဆိုင်ကစားရတဲ့ဘာစီလိုနာရဲ့ကိုပါဒယ်ရေးပွဲစဉ်တွင်

Overhead Kick ဖြင့်ဖန်တီးမှုပြုလုပ်ခဲ့ပါတယ်။

မနေ့ညကပွဲစဉ်မှာဘာစီလိုနာဟာပွဲအစ၂မိနစ်မှာတင်

မြူနီယန်ရဲ့ဂိုးကြောင့် ဂိုးစောစောစီးစီးပေးခဲ့ရပါတယ်။

ဒါပေမဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာမန်စီးတီးမှပေါင်၅၈သန်းဖြင့်

ပြောင်းလာတဲ့ဖာရန်တောရက်စ်ကဘာစီလိုနာအတွက်ပြန်လည်ချေပခဲ့ပါတယ်။

ဘီလ်ဘာအိုကပွဲပြီးဖို့၄မိနစ်မှာမာတီနက်ဇ်က

ဦးဆောင်ဂိုးသွင်းမှုနဲ့အတူ ပွဲပြီးပြီလို့ယူဆခဲ့ရပါတယ်။

ဒါပေမဲ့နာကျင်အချိန်ပို၉၃မိနစ်မှာဒါနီအဲလ်ဗက်စ်ဟာ

လူငယ်လေးပီဒရီချေပဂိုးသွင်းနိုင်အောင်လှပတဲ့ဖန်တီးမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

ဒါနီအဲလ်ဗက်စ်ဟာနောက်ပြန်ကန်ချက်ဖြင့်ခင်းပေးခဲ့တာဖြစ်ပြီး

ပီဒရီကဂိုးသမားရဲ့ညာထောင့်သို့အပိုင်ကန်သွင်းခဲ့ပါတယ်။

ဒါပေမဲ့ဘာစီလိုနာဟာပွဲချိန်၁၀၅မိနစ်မှာအယ်လ်ဘာရဲ့လက်ထိဘောကနေ

ပင်နယ်တီပေးခဲ့ရပြီးမြူနီယန်ကပင်ဘီလ်ဘာအိုအတွက်

အနိုင်ဂိုးသွင်းယူခဲ့လို့ကိုပါဒယ်ရေးမှထွက်ခွာခဲ့ရပါတယ်။

zawgyi

လူငယ္ေလးပီဒရီေခ်ပဂိုးသြင္းႏိုင္ေအာင္လွပတဲ့ဖန္တီးမႈတစ္ခုျပဳလုပ္ေပးခဲ့တဲ့ ဒါနီအဲလ္ဗက္စ္

ဘာစီလိုနာေနာက္တန္းအစြန္လူဒါနီအဲလ္ဗက္စ္ဟာမေန႔ညတုန္းက

ဘီလ္ဘာအိုႏွင့္ရင္ဆိုင္ကစားရတဲ့ဘာစီလိုနာရဲ႕ကိုပါဒယ္ေရးပြဲစဥ္တြင္

Overhead Kick ျဖင့္ဖန္တီးမႈျပဳလုပ္ခဲ့ပါတယ္။

မေန႔ညကပြဲစဥ္မွာဘာစီလိုနာဟာပြဲအစ၂မိနစ္မွာတင္

ျမဴနီယန္ရဲ႕ဂိုးေၾကာင့္ ဂိုးေစာေစာစီးစီးေပးခဲ့ရပါတယ္။

ဒါေပမဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာမန္စီးတီးမွေပါင္၅၈သန္းျဖင့္

ေျပာင္းလာတဲ့ဖာရန္ေတာရက္စ္ကဘာစီလိုနာအတြက္ျပန္လည္ေခ်ပခဲ့ပါတယ္။

ဘီလ္ဘာအိုကပြဲၿပီးဖို႔၄မိနစ္မွာမာတီနက္ဇ္က

ဦးေဆာင္ဂိုးသြင္းမႈနဲ႔အတူ ပြဲၿပီးၿပီလို႔ယူဆခဲ့ရပါတယ္။

ဒါေပမဲ့နာက်င္အခ်ိန္ပို၉၃မိနစ္မွာဒါနီအဲလ္ဗက္စ္ဟာ

လူငယ္ေလးပီဒရီေခ်ပဂိုးသြင္းႏိုင္ေအာင္လွပတဲ့ဖန္တီးမႈတစ္ခုျပဳလုပ္ခဲ့ပါတယ္။

ဒါနီအဲလ္ဗက္စ္ဟာေနာက္ျပန္ကန္ခ်က္ျဖင့္ခင္းေပးခဲ့တာျဖစ္ၿပီး

ပီဒရီကဂိုးသမားရဲ႕ညာေထာင့္သို႔အပိုင္ကန္သြင္းခဲ့ပါတယ္။

ဒါေပမဲ့ဘာစီလိုနာဟာပြဲခ်ိန္၁၀၅မိနစ္မွာအယ္လ္ဘာရဲ႕လက္ထိေဘာကေန

ပင္နယ္တီေပးခဲ့ရၿပီးျမဴနီယန္ကပင္ဘီလ္ဘာအိုအတြက္

အႏိုင္ဂိုးသြင္းယူခဲ့လို႔ကိုပါဒယ္ေရးမွထြက္ခြာခဲ့ရပါတယ္။