လူကနေပေမယ့် ဘုန်းကံကမနေတဲ့ တိုက်စစ်မှူး ဂီရော့ဒ်

အေစီမီလန်အတွက် ခြေစွမ်းပြနေပေမယ့် ပြင်သစ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့

တိုက်စစ်မှူးဂီရော့ဒ်ဟာ ဘန်ဇီမာဒဏ်ရာရရှိသွားခဲ့လို့

အစားထိုးခေါ်ယူခံလိုက်ရတယ်လို့ သိရပါတယ်။

ဂီရော့ဒ်ဟာ ဘန်ဇီမာ၊ ဘတ်ပီတို့ကို မကျော်လွှားနိုင်လို့ လက်ရွေးစင်အသင်းမှာ

နေရာရဖို့ အခွင့်အရေးနည်းပါးခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၃၂ ဂိုးအထိရရှိထားတဲ့ ဘန်ဇီမာက

နည်းပြဒက်ချမ့်စ်ရဲ့ ဦးစားပေးတိုက်စစ်မှူးဖြစ်ပါတယ်။

ဂီရော့ဒ်ဟာ လူကနေပေမယ့် ဘုန်းကံကမနေတဲ့ တိုက်စစ်မှူးလို့ ဆိုစမှတ်ပြုရမလိုပါပဲ

သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း

ပြင်သစ်အတွက် တစ်ဂိုးမှမသွင်းယူနိုင်ခဲ့ပေမယ့်လည်း ဒက်ချမ့်စ်ရဲ့ ကစားဟန်မှာ

အရေးပါသူလို့ သတ်မှတ်ခံခဲ့ရကာ ပွဲတိုင်းပါဝင်ကစားခဲ့ရပြီး

ကမ္ဘာ့ဖလားကိုလည်း ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ ကစားသမားဘဝမှာ သေချာပေါက်ဂိုးတွေကိုဆိုရင် လွဲချော်လေ့ရှိပြီး

ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ဂိုးတွေကို သွင်းယူခဲ့သူလည်းဖြစ်ပါတယ်။

ဒီရာသီမှာ သူက အေစီအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူပေးထားပါတယ်။

zawgyi

လူကေနေပမယ့္ ဘုန္းကံကမေနတဲ့ တိုက္စစ္မႉး ဂီေရာ့ဒ္

ေအစီမီလန္အတြက္ ေျခစြမ္းျပေနေပမယ့္ ျပင္သစ္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတဲ့

တိုက္စစ္မႉးဂီေရာ့ဒ္ဟာ ဘန္ဇီမာဒဏ္ရာရရွိသြားခဲ့လို႔

အစားထိုးေခၚယူခံလိုက္ရတယ္လို႔ သိရပါတယ္။

ဂီေရာ့ဒ္ဟာ ဘန္ဇီမာ၊ ဘတ္ပီတို႔ကို မေက်ာ္လႊားႏိုင္လို႔ လက္ေ႐ြးစင္အသင္းမွာ

ေနရာရဖို႔ အခြင့္အေရးနည္းပါးခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ ၿပိဳင္ပြဲစုံသြင္းဂိုး ၃၂ ဂိုးအထိရရွိထားတဲ့ ဘန္ဇီမာက

နည္းျပဒက္ခ်မ့္စ္ရဲ႕ ဦးစားေပးတိုက္စစ္မႉးျဖစ္ပါတယ္။

ဂီေရာ့ဒ္ဟာ လူကေနေပမယ့္ ဘုန္းကံကမေနတဲ့ တိုက္စစ္မႉးလို႔ ဆိုစမွတ္ျပဳရမလိုပါပဲ

သူဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္း

ျပင္သစ္အတြက္ တစ္ဂိုးမွမသြင္းယူႏိုင္ခဲ့ေပမယ့္လည္း ဒက္ခ်မ့္စ္ရဲ႕ ကစားဟန္မွာ

အေရးပါသူလို႔ သတ္မွတ္ခံခဲ့ရကာ ပြဲတိုင္းပါဝင္ကစားခဲ့ရၿပီး

ကမာၻ႔ဖလားကိုလည္း ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။

သူ႔ရဲ႕ ကစားသမားဘဝမွာ ေသခ်ာေပါက္ဂိုးေတြကိုဆိုရင္ လြဲေခ်ာ္ေလ့ရွိၿပီး

ဘယ္လိုမွမျဖစ္ႏိုင္ဘူးလို႔ထင္ရတဲ့ ဂိုးေတြကို သြင္းယူခဲ့သူလည္းျဖစ္ပါတယ္။

ဒီရာသီမွာ သူက ေအစီအတြက္ ၿပိဳင္ပြဲစုံသြင္းဂိုး ၁၁ ဂိုးအထိ သြင္းယူေပးထားပါတယ္။