
ချဲလ်ဆီးဟာလိုင်လီကို ပြင်သစ်သို့သွားရောက်ရင်ဆိုင်ကစားရမယ့်
ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်ကို
ကိုဗစ်ကာကွယ်ဆေးမထိုးထားတဲ့ကစားသမားများ မပါဝင်ဘဲ
ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
ပြင်သစ်အာဏာပိုင်များဟာယခင်တုန်းကကာကွယ်ဆေးမထိုးထားတဲ့
အားကစားသမားများကိုပြည်ဝင်ခွင့်ပေးခဲ့ပါတယ်။
ဒါပေမဲ့ယခုအခါပြင်သစ်ဟာလူထုကဲ့သို့အားကစားသမားများမှာလည်း
ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးမှသာ
အားကစားပြိုင်ပွဲသို့ယှဉ်ပြိုင်ခွင့်ပြုလာပါတယ်။
တဖက်တွင်ယူအီးအက်ဖ်အေကလည်းနိုင်ငံများရဲ့စည်းမျဉ်းစည်းကမ်းများကို
လိုက်နာမှုပြုလုပ်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
ဒါကြောင့်လည်း ယူအီးအက်ဖ်အေဟာချဲလ်ဆီးနှင့်လိုင်လီတို့ရဲ့
ချန်ပီယံလိဂ်၁၆သင်းအဆင့်ရှုံးထွက်ပွဲစဉ်ကို
ကြားကွင်းတွင်မကစားစေတော့ပါဘူး။
တကယ်တော့ချဲလ်ဆီးအသင်းသာထိခိုက်တာမဟုတ်ပါဘူး။
ရီးရဲလ်မက်ဒရစ်ဟာလည်းလာမယ့်လတွင်ရင်ဆိုင်ကစားရမယ့်
ပီအက်စ်ဂျီနှင့်ချန်ပီယံလိဂ်၁၆သင်းအဆင့်အဝေးကွင်းပွဲစဉ်တွင်
ကိုဗစ်ကာကွယ်ဆေးမထိုးထားတဲ့ကစားသမားများကို
အသုံးပြုနိုင်တော့မှာမဟုတ်ပါဘူး။
ချဲလ်ဆီးစီနီယာအသင်းမှအနည်းဆုံးကစားသမားသုံးဦးတို့ဟာ
ကိုဗစ်ကာကွယ်ဆေးမထိုးထားကြသေးဘူးလို့ယုံကြည်ရပါတယ်။
အီတလီတွင်လည်းကိုဗစ်ကန့်သတ်ချက်တိုးထားမှုကြောင့်
အင်တာနှင့်ရင်ဆိုင်ရမယ့်လီဗာပူးအတွက်လည်းပြဿနာရှိနေပါတယ်။
လီဗာပူးနည်းပြကလော့ပ်ကတော့ကစားသမားအားလုံးရဲ့
၉၉ရာခိုင်နှုန်းကကာကွယ်ဆေးထိုးထားပြီးဖြစ်ကြောင်းဆိုထားပါတယ်။
zawgyi
လိုင္လီႏွင့္ခ်န္ပီယံလိဂ္ပြဲတြင္ ကိုဗစ္ကာကြယ္ေဆးမထိုးထားတဲ့ကစားသမားမ်ား မပါဝင္ဘဲ ရင္ဆိုင္ရေတာ့မယ့္ခ်ဲလ္ဆီး
ခ်ဲလ္ဆီးဟာလိုင္လီကို ျပင္သစ္သို႔သြားေရာက္ရင္ဆိုင္ကစားရမယ့္
ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အaဆင့္ဒုတိယအေက်ာ့ပြဲစဥ္ကို
ကိုဗစ္ကာကြယ္ေဆးမထိုးထားတဲ့ကစားသမားမ်ား မပါဝင္ဘဲ
ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။
ျပင္သစ္အာဏာပိုင္မ်ားဟာယခင္တုန္းကကာကြယ္ေဆးမထိုးထားတဲ့
အားကစားသမားမ်ားကိုျပည္ဝင္ခြင့္ေပးခဲ့ပါတယ္။
ဒါေပမဲ့ယခုအခါျပင္သစ္ဟာလူထုကဲ့သို႔အားကစားသမားမ်ားမွာလည္း
ကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးၿပီးမွသာ
အားကစားၿပိဳင္ပြဲသို႔ယွဥ္ၿပိဳင္ခြင့္ျပဳလာပါတယ္။
တဖက္တြင္ယူအီးအက္ဖ္ေအကလည္းႏိုင္ငံမ်ားရဲ႕စည္းမ်ဥ္းစည္းကမ္းမ်ားကို
လိုက္နာမႈျပဳလုပ္ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။
ဒါေၾကာင့္လည္း ယူအီးအက္ဖ္ေအဟာခ်ဲလ္ဆီးႏွင့္လိုင္လီတို႔ရဲ႕
ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ရႈံးထြက္ပြဲစဥ္ကို
ၾကားကြင္းတြင္မကစားေစေတာ့ပါဘူး။
တကယ္ေတာ့ခ်ဲလ္ဆီးအသင္းသာထိခိုက္တာမဟုတ္ပါဘူး။
ရီးရဲလ္မက္ဒရစ္ဟာလည္းလာမယ့္လတြင္ရင္ဆိုင္ကစားရမယ့္
ပီအက္စ္ဂ်ီႏွင့္ခ်န္ပီယံလိဂ္၁၆သင္းအဆင့္အေဝးကြင္းပြဲစဥ္တြင္
ကိုဗစ္ကာကြယ္ေဆးမထိုးထားတဲ့ကစားသမားမ်ားကို
အသုံးျပဳႏိုင္ေတာ့မွာမဟုတ္ပါဘူး။
ခ်ဲလ္ဆီးစီနီယာအသင္းမွအနည္းဆုံးကစားသမားသုံးဦးတို႔ဟာ
ကိုဗစ္ကာကြယ္ေဆးမထိုးထားၾကေသးဘူးလို႔ယုံၾကည္ရပါတယ္။
အီတလီတြင္လည္းကိုဗစ္ကန႔္သတ္ခ်က္တိုးထားမႈေၾကာင့္
အင္တာႏွင့္ရင္ဆိုင္ရမယ့္လီဗာပူးအတြက္လည္းျပႆနာရွိေနပါတယ္။
လီဗာပူးနည္းျပကေလာ့ပ္ကေတာ့ကစားသမားအားလုံးရဲ႕
၉၉ရာခိုင္ႏႈန္းကကာကြယ္ေဆးထိုးထားၿပီးျဖစ္ေၾကာင္းဆိုထားပါတယ္။