မန်ယူတိုက်စစ်မှုးလေး ဂရင်းဝုဒ်က သွေးထွက်သံယိုဖြစ်တဲ့အထိ ၊
အညိုအမည်းစွဲတဲ့အထိ ရမ်းကားရိုက်နှက်ခဲ့တဲ့ သက်သေခံတွေကို
ရည်းစားဟောင်းဖြစ်သူ ဟာရစ်ရော့ဘ်ဆင်က အင်စတာဂရမ်မှာ
ဖွင့်ချလိုက်တာကြောင့် မန်ယူပရိသတ်တွေအပါအဝင်
အားလုံးလိုလို အံ့အားသင့် ရှော့ရသွားခဲ့ကြပါတယ်။
ဗြိတိန်ဆိုတာက အမျိုးသမီး၊ ကလေးငယ်တွေကို
စာနာ နားလည်မှုအပြည့်ရှိကြသလို တစ်ဖက်သားအပေါ်
အတရားအကြမ်းဖက်တဲ့ လုပ်ရပ်မျိုးကိုလည်း အားလုံးလိုလိုက
လက်မခံကြဘဲ ရှုတ်ချကန့်ကွက်ကြတဲ့
ယဥ္ကျေးမှုကြီးစိုးရာ အသိုင်းအဝန်းဖြစ်ပါတယ်။
အသက် ၂၀ နှစ်သာ ရှိသေးတဲ့ မေဆင်ဂရင်းဝုဒ်ဟာ
သူရဲ့ အတူနေရည်းစား ဟာရစ်ရော့ဘ်ဆင်နဲ့ ၂၀၂၀ အတွင်းက
လမ်းခွဲခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် ဂရင်းဝုဒ်နဲ့ ဟာရစ်ရော့ဘ်ဆင်တို့အကြား
တကယ်ပဲ ပြတ်စဲသွားကြပြီလား၊
ဆက်ပြီးတော့တွဲျနေကြသေးလားဆိုတာကိုလည်း
ဘယ်သူမှတော့ အတိအကျမသိကြပါဘူး။ ဟာရစ်ရော့ဘ်ဆင်ကတော့
သူမနဲ့ ဂရင်းဝုဒ်တို့အကြား ဘာတွေ၊ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို
ဒီကနေ့၊ ဇန်နဝါရီ ၃၀ ရက်နေ့မှာ အင်စတာဂရမ်ကနေ
သက်သေခံပို့စ်တွေတင်ပြီး ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။
ဟာရစ်ရော့ဘ်ဆင်ဟာ သူမရဲ့အင်စတာဂရမ်မှာ ဂရင်းဝုဒ်က
ရိုက်နှက်ထားလို့ ပါးစပ်က ရင်ညွန့်ထိ သွေးတွေ စီးကျနေတဲ့ပုံ၊
ဒူးခေါင်းအပါအဝင် ခန္ဓာကို်ယ်မှာ အညိုအမည်းစွဲနေတဲ့
ဓါတ်ပုံတွေကို တင်ခဲ့တာပါ။
” ဂရင်းဝုဒ်က သူမကို ဘယ်လိုတွေအထိတောင်
လုပ်ခဲ့တယ်ဆိုတာတွေကို သိချင်တဲ့သူတိုင်းအတွက်ပါ ” လို့လည်း
ဟာရစ်ရော့ဘ်ဆင်က ပြောခဲ့ပါသေးတယ်။
အဲ့ဒိလိုမျိုး ဂရင်းဝုဒ်က ရမ်းကားရိုက်နှက်ခဲ့တာကလည်း
သူမရဲ့ ဆန္ဒနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံဖို့
အတင်းအကျပ်တောင်းဆိုခဲ့တာကို ငြင်းဆန်ခဲ့လို့
ရမ်းကားနှိပ်စက်ခဲ့တာပါလို့ ပြောကြားခဲ့ပါတယ်။
သာမန်အနေအထား ချစ်တင်းနှောကြဖို့ကို
ဟာရစ်ေရာ့ဘ်ဆင်ဘက်က ငြင်းဆန်ခဲ့လို့လား၊
ဂရင်းဝုဒ်က ထူးထူးဆန်းဆန်းလိုချင်လို့ တောင်းဆိုခဲ့တာကို
မလိုက်လျောလို့ ပြသာနာတွေဖြစ်ခဲ့ကြတာလားဆိုတာကိုတော့
သူမက မပြောပါဘူး။ သူမရဲ့ အင်စတာဂရမ်မှာ ရုပ်မပါ၊
လှုပ်ရှားမှု မပါတဲ့ အသံဖိုင်သက်သက်ကိုလည်း ထပ်တင်ခဲ့သေးပြီး
သူမနဲ့ ဂရင်းဝုဒ်တို့အကြား ဇတ်လမ်းပြီးဆုံးသွားခဲ့ပါပြီလို့လည်း
ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။
ဟာရစ်ေရာ့ဘ်ဆင်အဆိုအရတော့ ဂရင်းဝုဒ်ဟာ
စိတ်ပိုင်းဆိုင်ရာ ပုံမှန်အနေအထားမရှိဘဲ ဆိုက်ကိုဝင်နေပြီး
သူမကို ရမ်းကားရိုက်နှက်ခဲ့ခြင်းဖြစ်ပါတယ်လို့လည်း စွပ်စွဲခဲ့ပါသေးတယ်။
ဂရင်းဝုဒ်ဟာ လိင်ကိစ္စနဲ့ ပတ်သက်ရင် ငစမန်လို့လည်း ဆိုနိုင်သူပါ။
သူနဲ့ မန်စီးတီးက ဖီးလ်ဖိုဒန်တို့ ၂ ဦးဟာ ၂၀၂၀ စက်တင်ဘာလအတွင်းက
အိုက်စလန်နဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲ မတိုင်မီ
ဟိုတယ်ဝန်ထမ်းတစ်ဦးကို ငွေပေးပြီးအမျိုးသမီး ၂ ယောက်ခေါ်ခိုင်းခဲ့လို့
အင်္ဂလန်အသင်းကနေ အိမ်ပြန်ပို့ခံခဲ့ရပါသေးတယ်။
အိုက်စလန်အတွက် မယ်ပြိုင်ပွဲဝင်ခဲ့တဲ့ ၂၀ နှစ်အရွယ် အမျိုးသမီးငယ်နဲ့
သူမရဲ့ ၁၉ နှစ်အရွယ် ညီမဖြစ်သူတို့ဟာ ဂရင်းဝုဒ်နဲ့ ဖိုလ်ဒန်တို့တည်းတဲ့
ဟိုတယ်ခန်းအတွင်းမှာ ၇ နာရီကြာနေခဲ့တဲ့ သတင်းကလည်း
ကမ္ဘာ့မီဒီယာတွေထက် ဟိုးလေးတကျော်ဖြစ်ခဲ့ပါသေးတယ်။
သမီးရည်းစား၊ ချစ်သူ၂ ဦးကြားမှာ အဆင်မပြေမှုတွေ၊
ရန်ဖြစ်မှုတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ထုံးစံဖြစ်ပေမယ့်
အခုလိုမျိုး အမျိုးသမီးတစ်ယောက်၊ အထူးသဖြင့်
မိန်းကေလးငယ်တစ်ယောက်ကို ကိုယ်ထိလက်ရောက်
ရိုက်နှက်တဲ့အပြင် မြင်တွေ့ရတဲ့ ဓါတ်ပုံတွေအရလည်း
အတော်လေး ဆိုးရွားလွန်းတာမို့ မန်ယူပရိသတ်တွေအပါအဝင်
အားလုံးလိုလိုက ဂရင်းဝုဒ်ရဲ့ ရမ်းကားမှုတွေကို ဝေဖန်နေကြပါတယ်။
ဂရင်းဝုဒ်ဟာ ဒီရာသီ မန်ယူအတွက် ပြိုင်ပွဲစုံ ၂၀ ပွဲကစား၊
၆ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးထားသူပါ။ မန်ယူအတွက် ပွဲကစားစဥ္မှာလည်း
တစ်ကိုယ်ကောင်းဆန်လွန်းသူလို့ မကြာခဏ ဝေဖန်ခံရလေ့ရှိပြီး
အခုလိုမျိုး လိင်နဲ့ပတ်သက်ပြီး ငစမန်ထ၊ ဆိုက်ကိုဝင်၊
ရမ်းကားရိုက်နှက်တဲ့ သက်သေခံတွေ ထွက်ပေါ်လာပြီးနောက်မှာတော့
အားလုံးရဲ့ မေတ္တာပို့ခြင်းကို ခံနေရပြီ ဖြစ်ပါတယ်။
ဟာရစ်ရော့ဘ်ဆင်ဟာ သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ဓါတ်ပုံတွေ၊
ဗီဒီယိုဖိုင်တွေကို တဖြည်းဖြည်း ပြန်လည်ဖျက်သွားပြီဖြစ်ပေမယ့်
ဒီသတင်းက ဗြိတိန်မီဒီယာတွေမှာ ပြန်နှံ့နေပြီ ဖြစ်ပါတယ်။
zawgyi
လိင်နဲ့ပတ်သက်ပြီး ငစမန်ထ၊ ဆိုက်ကိုဝင်၊ ရမ်းကားရိုက်နှက်တဲ့ သက်သေခံတွေ ထွက်ပေါ်လာလို့ ထောင်နန်းစံရတော့မယ့် ဂရင်းဝုဒ်
ယဉ္ကျေးမှုကြီးစိုးရာ အသိုင်းအဝန်းဖြစ်ပါတယ်။
ဆက်ပြီးတော့တျွဲနေကြသေးလားဆိုတာကိုလည်း
ဒူးခေါင်းအပါအဝင် ခန္ဓာကိုယ်မှာ အညိုအမည်းစွဲနေတဲ့
ဟာရစ်ရော့ဘ်ဆင်ဘက်က ငြင်းဆန်ခဲ့လို့လား၊
ဟာရစ်ရော့ဘ်ဆင်အဆိုအရတော့ ဂရင်းဝုဒ်ဟာ
မိန်းကလေးငယ်တစ်ယောက်ကို ကိုယ်ထိလက်ရောက်