လာမယ့် ခရစ္စမတ်ကို ပါဝင်ဆင်နွှဲခွင့်မရတော့မယ့် လီဗာပူးမြို့ထဲမှာ အဖြစ်ဆိုးကြုံရတဲ့ ကောင်မလေး

ရော်ရွက်ဝါတို့ ကြွေလွှင့်မြေခရသလို၊ စိမ်းလန်းတဲ့ သစ်ရွက်ပျိုတို့လည်း ကြွေကျတတ်ပါတယ်။

သေခြင်းဆိုတာကအသက်ကြီးမှ ငယ်မှဆိုပြီး ရွေးချယ်မနေပါဘူး။ ဆံမည်းတို့ အချိန်မတိုင်ခင် ရက်စက်စွာ ခွဲခွာရရင်တော့

ကျန်ရစ်သူတွေက အသည်းပိုနာရတတ်ပါတယ်။

လီဗာပူးမြို့က ဆယ်ကျော်သက်အရွယ် ကောင်မလေး အသတ်ခံရတဲ့ ကိစ္စဟာ အဲဒီမြို့က သူတွေကို များစွာ စိတ်မကောင်းဖြစ်စေပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေး နေ့ ကLiverpool မြို့ထဲမှာ Ava white ဆိုတဲ့ ၁၂ နှစ်အရွယ် သမီးလေးဟာ ဓားထိုးခံရမှုကြောင့် သေဆုံးသွားခဲ့ရပါတယ်။

ဆေးပညာဆိုင်ရာ ဝန်ထမ်းတွေ အသက်ကို ကြိုးစားကယ်ပေမယ့် ဘယ်လိုမှမတတ်နိုင်ဘဲ လက်လွတ် လိုက်ရပါတယ်။

ယမန်နေ့က ကစားခဲ့တဲ့ အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ လီဗာပူးညာနောက်ခံလူ အာနိုးလ်ဟာ အတွင်းရှပ်အင်္ကျီပေါ်မှာ RIP AVA WHITE ဆိုတဲ့ စာသားကို ပြသသွားခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးနဲ့ အဲဗာတန်တို့ရဲ့ ပွဲစဉ်မှာ ဖန်သားပြင်ပေါ်မှာ အဲဒီမိန်းကလေး ပုံကိုပြသကာ ဆုတောင်းပေးသွားခဲ့ပြီး

ပွဲချိန် ၁၂ မိနစ်အရောက်မှာတော့ လက်ခုပ်တီးကာ ဆုတောင်းပေးခဲ့ပါတယ်။ AVA WHITE သေဆုံးမှုအတွက် သံသယရှိတဲ့ လူငယ်တွေကို ဖမ်းဆီးခဲ့ပြီး

အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက်ကိုတော့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

နှစ်ဖက်အသင်းပရိသတ်တွေကလည်း ငါတို့မြို့မှာ ဓားတွေနောက်ထပ်မရှိရဘူး ဆိုတဲ့ ဗီနိုင်းကို ကိုင်ဆောင်ကာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။