
ချဲလ်ဆီးအသင်းကို ဒီရာသီအတွက် အမျိုးသမီးအသင်းနဲ့
ဖလားပွဲတွေလက်မှတ်တွေကိုရောင်းချခွင့်ပေးဖို့
ဗြိတိန်အစိုးရက သဘောတူညီပေးလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာအဝေးကွင်းပွဲအားလုံးအတွက်
လက်မှတ်တွေကိုပြန်လည်ရောင်းချခွင့်ရရှိသွားပြီဖြစ်ပါတယ်။
ဒါပေမယ့် အိမ်ကွင်းအတွက်တော့ ပရီးမီးယားလိဂ်ပွဲလက်မှတ် တွေကို
ရောင်းခွင့်ရဦးမှာမဟုတ်ဘဲ အဝေးကွင်းလာကြည့်မယ့်ပရိသတ်တွေကိုသာ
လက်မှတ်ရောင်းခွင့်ရှိမှာဖြစ်ပါတယ်။
အိမ် ကွင်းပရီးမီးယားလိဂ်ပွဲတွေကို မိုဗစ်ချ်အရေးယူမခံရခင်ကတည်းက
လက်မှတ်ဝယ်ထားတဲ့သူတွေနဲ့ ရာသီစာလက်မှတ်
ကိုင်ထားသူတွေသာ ဝင်ကြည့်ခွင့်ရမှာဖြစ်ပါတယ်။
အိမ်ကွင်းအတွက် ကိုယ့်ပရိသတ်တွေကိုလက်မှတ်ရောင်းခွင့်ရှိတဲ့ပြိုင်ပွဲတွေကတော့
အမျိုးသမီးပွဲတွေ၊ အက်ဖ်အေဖလားပွဲ နဲ့
ချန်ပီယံလိဂ် ပွဲလက်မှတ်တွေကိုသာရောင်းချခွင့်ရှိမှာဖြစ်ပါတယ်။
ဒါကြောင့်ချဲလ်ဆီးဟာ အိမ်ကွင်းချန်ပီယံလိဂ်ပွဲတွေမှာ ပရိသတ်တွေကို
လက်မှတ်တွေရောင်းချနိုင်တော့မှာဖြစ်သလို အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ
ခရစ္စတယ်ပဲလေ့စ်နဲ့ ကစား ရမယ့် ပွဲကိုလည်း
သူတို့ပရိသတ်တွေဝင်ရောက်ကြည့်ရှု့နိုင်တော့မှာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဗြိတိန်အစိုးရရဲ့အရေးယူမှုကြောင့်
အက်ဖ်အေဖလားကွာတားဖိုင်နယ် မှာ မစ်ဒယ်ဘရော့နဲ့ ကစားခဲ့ရတဲ့ပွဲကို
ပရိသတ်တွေလိုက်ပါအားပေးနိုင်ခြင်းမရှိခဲ့ပါဘူး။
အခုလိုလက်မှတ်ရောင်းခွင့်ပြန်ရခဲ့ပေမယ့် ဒီရောင်းချရတဲ့လက်မှတ် ခတွေကို
ပြိုင်ပွဲကြီးကြပ်သူတွေဆီသာပေးအပ်ရမှာဖြစ်ပြီး
အဲဒီကနေတစ်ဆင့်ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။
လက်ရှိ မှာတော့ ချဲလ်ဆီးဟာအစိုးရရဲ့အထူးခွင့်ပြုချက်နဲ့
သူတို့ရဲ့မိခင်ကုမ္ပဏီဆီကနေ ကလပ်လည်ပတ်ဖို့အတွက်
ပေါင်သန်း ၃၀ ရရှိမှာဖြစ်ပါတယ်။
သူတို့ရဲ့မိခင်ကုမ္ပဏီက Fordstam Ltd ဖြစ်ပြီး မိုဗစ်ချ်ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းကိုကျူးကျော်ဖို့အမိန့်ပေးခဲ့တဲ့ ရုရှားသမ္မတ ပူတင်နဲ့
နီးစပ်သူလို့နာမည်ကြီးခဲ့တဲ့ ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ် ကို
ဗြိတိန်အစိုးရကအရေးယူခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ
အဝေးကွင်းခရီးစရိတ်လျှော့ချခံခဲ့ရတဲ့အပြင်
ရာသီစာလက် မှတ်ကိုင်ဆောင်ထားသူကလွဲလို့
ကျန်တဲ့လက်မှတ်တွေကိုရောင်းချခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။
ဒါ့အပြင်ကလပ်ရဲ့မီဂါစတိုးဆိုင် တွေကိုလည်းပိတ်ခဲ့ရလို့
စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပရိသတ်တွေအတွက်အစားအသောက်ရောင်းချခွင့်ကလွဲပြီး
ကျန်တဲ့ဝင်ငွေ မရှိခဲ့လို့ ရာသီကုန်ချိန်အထိ
လည်ပတ်နိုင်ပါ့မလားဆိုတာကို စိုးရိမ်ခဲ့ကြတာပါ။
ဗြိတိန်အားကစားဝန်ကြီး နီဂျယ်ဟက်ဒယ် လ်တန်က” အစိုးရနဲ့ ကလပ်တို့ရဲ့
ဆွေးနွေးမှုကိုစိတ်ရှည်စွာနဲ့စောင့်ပေးခဲ့ကြတဲ့
ချဲလ်ဆီးပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။
ပူတင် နဲ့အဆက်အသွယ်ရှိလို့ မစ္စတာမိုဗစ်ချ်ကိုအရေးယူခဲ့ပြီးနောက်ပိုင်းမှာ
ချဲလ်ဆီးအသင်းကိုဘောလုံးဆက်ကစားနိုင် ရေးအတွက်
အစိုးရနဲ့အပြင်းအထန်ညှိနှိုင်းခဲ့ရပါတယ်။
အခုထုတ်ပြန်မှုက ဒီညှိနှိုင်းမှုရဲ့ရလဒ်ပါ” လို့ပြောသွားပါတယ်။
zawgyi
လက္မွတ္ေတြကိုျပန္လည္ေရာင္းခ်ခြင့္ရရွိသြားၿပီျဖစ္တဲ့ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးအသင္းကို ဒီရာသီအတြက္ အမ်ိဳးသမီးအသင္းနဲ႔
ဖလားပြဲေတြလက္မွတ္ေတြကိုေရာင္းခ်ခြင့္ေပးဖို႔
ၿဗိတိန္အစိုးရက သေဘာတူညီေပးလိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။
ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီမွာအေဝးကြင္းပြဲအားလုံးအတြက္
လက္မွတ္ေတြကိုျပန္လည္ေရာင္းခ်ခြင့္ရရွိသြားၿပီျဖစ္ပါတယ္။
ဒါေပမယ့္ အိမ္ကြင္းအတြက္ေတာ့ ပရီးမီးယားလိဂ္ပြဲလက္မွတ္ ေတြကို
ေရာင္းခြင့္ရဦးမွာမဟုတ္ဘဲ အေဝးကြင္းလာၾကည့္မယ့္ပရိသတ္ေတြကိုသာ
လက္မွတ္ေရာင္းခြင့္ရွိမွာျဖစ္ပါတယ္။
အိမ္ ကြင္းပရီးမီးယားလိဂ္ပြဲေတြကို မိုဗစ္ခ်္အေရးယူမခံရခင္ကတည္းက
လက္မွတ္ဝယ္ထားတဲ့သူေတြနဲ႔ ရာသီစာလက္မွတ္
ကိုင္ထားသူေတြသာ ဝင္ၾကည့္ခြင့္ရမွာျဖစ္ပါတယ္။
အိမ္ကြင္းအတြက္ ကိုယ့္ပရိသတ္ေတြကိုလက္မွတ္ေရာင္းခြင့္ရွိတဲ့ၿပိဳင္ပြဲေတြကေတာ့
အမ်ိဳးသမီးပြဲေတြ၊ အက္ဖ္ေအဖလားပြဲ နဲ႔
ခ်န္ပီယံလိဂ္ ပြဲလက္မွတ္ေတြကိုသာေရာင္းခ်ခြင့္ရွိမွာျဖစ္ပါတယ္။
ဒါေၾကာင့္ခ်ဲလ္ဆီးဟာ အိမ္ကြင္းခ်န္ပီယံလိဂ္ပြဲေတြမွာ ပရိသတ္ေတြကို
လက္မွတ္ေတြေရာင္းခ်ႏိုင္ေတာ့မွာျဖစ္သလို အက္ဖ္ေအဖလားဆီမီးဖိုင္နယ္မွာ
ခရစၥတယ္ပဲေလ့စ္နဲ႔ ကစား ရမယ့္ ပြဲကိုလည္း
သူတို႔ပရိသတ္ေတြဝင္ေရာက္ၾကည့္ရႈ႕ႏိုင္ေတာ့မွာျဖစ္ပါတယ္။
ခ်ဲလ္ဆီးဟာ ၿဗိတိန္အစိုးရရဲ႕အေရးယူမႈေၾကာင့္
အက္ဖ္ေအဖလားကြာတားဖိုင္နယ္ မွာ မစ္ဒယ္ဘေရာ့နဲ႔ ကစားခဲ့ရတဲ့ပြဲကို
ပရိသတ္ေတြလိုက္ပါအားေပးႏိုင္ျခင္းမရွိခဲ့ပါဘူး။
အခုလိုလက္မွတ္ေရာင္းခြင့္ျပန္ရခဲ့ေပမယ့္ ဒီေရာင္းခ်ရတဲ့လက္မွတ္ ခေတြကို
ၿပိဳင္ပြဲႀကီးၾကပ္သူေတြဆီသာေပးအပ္ရမွာျဖစ္ၿပီး
အဲဒီကေနတစ္ဆင့္ျပန္လည္လႉဒါန္းသြားမွာျဖစ္ပါတယ္။
လက္ရွိ မွာေတာ့ ခ်ဲလ္ဆီးဟာအစိုးရရဲ႕အထူးခြင့္ျပဳခ်က္နဲ႔
သူတို႔ရဲ႕မိခင္ကုမၸဏီဆီကေန ကလပ္လည္ပတ္ဖို႔အတြက္
ေပါင္သန္း ၃၀ ရရွိမွာျဖစ္ပါတယ္။
သူတို႔ရဲ႕မိခင္ကုမၸဏီက Fordstam Ltd ျဖစ္ၿပီး မိုဗစ္ခ်္ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။
ယူကရိန္းကိုက်ဴးေက်ာ္ဖို႔အမိန႔္ေပးခဲ့တဲ့ ႐ုရွားသမၼတ ပူတင္နဲ႔
နီးစပ္သူလို႔နာမည္ႀကီးခဲ့တဲ့ ခ်ဲလ္ဆီးပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ ကို
ၿဗိတိန္အစိုးရကအေရးယူခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းဟာ
အေဝးကြင္းခရီးစရိတ္ေလွ်ာ့ခ်ခံခဲ့ရတဲ့အျပင္
ရာသီစာလက္ မွတ္ကိုင္ေဆာင္ထားသူကလြဲလို႔
က်န္တဲ့လက္မွတ္ေတြကိုေရာင္းခ်ခြင့္ပိတ္ပင္ခံခဲ့ရပါတယ္။
ဒါ့အျပင္ကလပ္ရဲ႕မီဂါစတိုးဆိုင္ ေတြကိုလည္းပိတ္ခဲ့ရလို႔
စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ပရိသတ္ေတြအတြက္အစားအေသာက္ေရာင္းခ်ခြင့္ကလြဲၿပီး
က်န္တဲ့ဝင္ေငြ မရွိခဲ့လို႔ ရာသီကုန္ခ်ိန္အထိ
လည္ပတ္ႏိုင္ပါ့မလားဆိုတာကို စိုးရိမ္ခဲ့ၾကတာပါ။
ၿဗိတိန္အားကစားဝန္ႀကီး နီဂ်ယ္ဟက္ဒယ္ လ္တန္က” အစိုးရနဲ႔ ကလပ္တို႔ရဲ႕
ေဆြးေႏြးမႈကိုစိတ္ရွည္စြာနဲ႔ေစာင့္ေပးခဲ့ၾကတဲ့
ခ်ဲလ္ဆီးပရိသတ္ေတြကိုေက်းဇူးတင္ပါတယ္။
ပူတင္ နဲ႔အဆက္အသြယ္ရွိလို႔ မစၥတာမိုဗစ္ခ်္ကိုအေရးယူခဲ့ၿပီးေနာက္ပိုင္းမွာ
ခ်ဲလ္ဆီးအသင္းကိုေဘာလုံးဆက္ကစားႏိုင္ ေရးအတြက္
အစိုးရနဲ႔အျပင္းအထန္ညႇိႏႈိင္းခဲ့ရပါတယ္။
အခုထုတ္ျပန္မႈက ဒီညႇိႏႈိင္းမႈရဲ႕ရလဒ္ပါ” လို႔ေျပာသြားပါတယ္။