ခရစ္စတီယာနိုရော်နယ်ဒိုကဂျော်ဂျီနာရိုဒရီဂွက်ဇ်ကို လက်ထပ်ရန်
၁၀၀၀ ရာခိုင်နှုန်းသေချာကြောင်းနှင့်လာမယ့်တစ်လအတွင်းတွင်ပင်
လက်ထပ်သွားနိုင်ကြောင်းပြောကြားလာပါတယ်။
ကြာသပတေးနေ့တုန်းက အသက်၂၈နှစ်ပြည့်ခဲ့တဲ့
စပိန်မော်ဒယ်ဂျော်ဂျီနာဟာ သူမရဲ့ကြွယ်ဝချမ်းသာလှတဲ့လူနေမှုဘဝကို
မှတ်တမ်းရုပ်ရှင်ရိုက်ကူးကာ Netflix တွင်ထုတ်လွှင့်ပြသနေပါတယ်။
ယင်းမှတ်တမ်းရုပ်ရှင် ‘I Am Georgina’ တွင် ဂျော်ဂျီနာက
သူမရဲ့ချစ်သူ ဘောလုံးစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဘက်ကသာ
လက်ထပ်ခွင့်တောင်းလာပါက မဆိုင်းမတွပင်
လက်ခံမှာဖြစ်ကြောင်းပြောကြားသွားပါတယ်။
‘I Am Georgina’ မှတ်တမ်းရုပ်ရှင်တွင်ပင်ခရစ္စတီယာနိုရော်နယ်ဒိုကလည်း
“ကျွန်တော်တို့အတူတကွဆုံစည်းခဲ့ကြတာ ကျွန်တော်တို့ဘဝမှာ
အရာရာကိုရလိုက်သလိုပဲ ဂျော်ဂျီနာကိုအမြဲပြောပါတယ်။
ကျွန်တော်ဘာပြောသလဲဆိုတာသူမသိပါတယ်။
တစ်နှစ်အတွင်းလည်းဖြစ်နိုင်တယ်။ခြောက်လမှာလည်းဖြစ်နိုင်တယ်။
တစ်လမှာလည်းဖြစ်လာနိုင်တယ်။ဖြစ်လာဖို့ကတော့
၁၀၀၀ ရာခိုင်နှုန်းသေချာနေပါတယ်”လို့ပြောကြားသွားပါတယ်။
‘I Am Georgina’ တွင်ဂျော်ဂျီနာက ခရစ္စတီယာနိုရော်နယ်ဒို
ဘောလုံးသမားဘဝမှအနားယူပြီးချိန်တွင်
ပေါ်တူဂီတွင်နေထိုင်ရန်စီစဉ်ထားကြောင်းလည်းဆိုသွားပါတယ်။
zawgyi
လက်ထပ်ရန် ၁၀၀၀ ရာခိုင်နှုန်းသေချာနေပြီဖြစ်တဲ့ ယူနိုက်တက်စတားခရစ္စတီယာနိုရော်နယ်ဒို