
ပေါလ်ပေါ့ဘာဟာရေးဖ်ရန်းနစ်ခ်သာ ယူနိုက်တက်အမြဲတမ်းနည်းပြအဖြစ်
ဆက်ရှိနေမည်ဆိုပါက မန်ချက်စတာယူနိုက်တက်တွင်ပင်
ဆက်လက်ကစားသွားရန်စီစဉ်ထားကြောင်းသိရပါတယ်။
အသက်၂၈နှစ်ရှိပေါ့ဘာဟာနိုဝင်ဘာလတုန်းကရရှိခဲ့တဲ့ဒ
ဏ်ရာကြောင့်အနားယူလာခဲ့ရသူဖြစ်ပြီး
ရန်းနစ်ခ်လက်အောက်တွင်တစ်ပွဲမျှကစားဖူးခြင်းမရှိသေးပါဘူး။
ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာယခုရာသီအကုန်တွင်
ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး
စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုမှာတိုးတက်မှုမရှိသေးပေ။
နောက်ပိုင်းထွက်ပေါ်နေတဲ့သတင်းများအရ
ပေါ့ဘာဟာလာမယ့်နွေရာသီတွင် အခြားကလပ်တစ်ခုသို့
အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့မည်ဖြစ်ကြောင်းသိရပါတယ်။
ဒါပေမဲ့ The Sun ရဲ့ဖော်ပြမှုအရ ပေါ့ဘာဟာနည်းပြရန်းနစ်ခ်ရဲ့
အလေးထားအားထားမှုခံထားရမှုအပေါ်ကျေနပ်အားရနေပြီး
အကယ်၍ဂျာမန်လူမျိုးနည်းပြဟာယူနိုက်တက်အမြဲတမ်းနည်းပြအဖြစ်
ဆက်ရှိနေလျှင်စာချုပ်သစ်ချုပ်ဆိုရန်အသင့်ရှိနေပါတယ်။
ရေးဖ်ရန်းနစ်ခ်ဟာပေါ့ဘာနှင့်တွေ့ဆုံရာတွင်ပေါလ်ပေါ့ဘာရဲ့
အကောင်းဆုံးခြေစွမ်းကိုဖော်ထုတ်ပြီး
သူ့ကိုတည်ကာအလယ်တန်းကိုတည်ဆောက်မယ်လို့
ကတိပေးထားတယ်လို့ယုံကြည်ရပါတယ်။
ပေါ့ဘာဟာယူနိုက်တက်တွင်ကစားစဉ်အတွင်းဆိုးလ်ရှား၊
မော်ရင်ဟိုတို့နှင့်လက်တွဲခဲ့ပေမဲ့ မည်သည့်နည်းပြမျှ
အကောင်းဆုံးခြေစွမ်းကိုဖော်ထုတ်နိုင်ခြင်းမရှိပါဘူး။
zawgyi
ေရးဖ္ရန္းနစ္ခ္သာနည္းျပအျဖစ္ ဆက္ရွိေနလွ်င္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အသင့္ရွိေန ေပါ့ဘာ
ေပါလ္ေပါ့ဘာဟာေရးဖ္ရန္းနစ္ခ္သာ ယူႏိုက္တက္အၿမဲတမ္းနည္းျပအျဖစ္
ဆက္ရွိေနမည္ဆိုပါက မန္ခ်က္စတာယူႏိုက္တက္တြင္ပင္
ဆက္လက္ကစားသြားရန္စီစဥ္ထားေၾကာင္းသိရပါတယ္။
အသက္၂၈ႏွစ္ရွိေပါ့ဘာဟာႏိုဝင္ဘာလတုန္းကရရွိခဲ့တဲ့ဒ
ဏ္ရာေၾကာင့္အနားယူလာခဲ့ရသူျဖစ္ၿပီး
ရန္းနစ္ခ္လက္ေအာက္တြင္တစ္ပြဲမွ်ကစားဖူးျခင္းမရွိေသးပါဘူး။
ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာယခုရာသီအကုန္တြင္
ယူႏိုက္တက္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီး
စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈမွာတိုးတက္မႈမရွိေသးေပ။
ေနာက္ပိုင္းထြက္ေပၚေနတဲ့သတင္းမ်ားအရ
ေပါ့ဘာဟာလာမယ့္ေႏြရာသီတြင္ အျခားကလပ္တစ္ခုသို႔
အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕မည္ျဖစ္ေၾကာင္းသိရပါတယ္။
ဒါေပမဲ့ The Sun ရဲ႕ေဖာ္ျပမႈအရ ေပါ့ဘာဟာနည္းျပရန္းနစ္ခ္ရဲ႕
အေလးထားအားထားမႈခံထားရမႈအေပၚေက်နပ္အားရေနၿပီး
အကယ္၍ဂ်ာမန္လူမ်ိဳးနည္းျပဟာယူႏိုက္တက္အၿမဲတမ္းနည္းျပအျဖစ္
ဆက္ရွိေနလွ်င္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အသင့္ရွိေနပါတယ္။
ေရးဖ္ရန္းနစ္ခ္ဟာေပါ့ဘာႏွင့္ေတြ႕ဆုံရာတြင္ေပါလ္ေပါ့ဘာရဲ႕
အေကာင္းဆုံးေျခစြမ္းကိုေဖာ္ထုတ္ၿပီး
သူ႔ကိုတည္ကာအလယ္တန္းကိုတည္ေဆာက္မယ္လို႔
ကတိေပးထားတယ္လို႔ယုံၾကည္ရပါတယ္။
ေပါ့ဘာဟာယူႏိုက္တက္တြင္ကစားစဥ္အတြင္းဆိုးလ္ရွား၊
ေမာ္ရင္ဟိုတို႔ႏွင့္လက္တြဲခဲ့ေပမဲ့ မည္သည့္နည္းျပမွ်
အေကာင္းဆုံးေျခစြမ္းကိုေဖာ္ထုတ္ႏိုင္ျခင္းမရွိပါဘူး။