
ဘရန့်ဖို့ဒ်နဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ရန်းနစ်ခ်က
”စီရော်နယ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက်
လုပ် ဆောင်ထားတာတွေဟာ မယုံကြည်နိုင်လောက်အောင် ကောင်းပါတယ်။
ကမ္ဘာ့အဆင့်ပြိုင်ပွဲစုံဂိုး ၈၀၀ ကျော်သွင်းခဲ့တယ်ဆိုတာမျိုးက
လွန်ခဲ့တဲ့နှစ် ၈၀၊ နှစ် ၁၀၀ လောက်အတွင်း ဘယ်သူမှမလုပ်နိုင်ခဲ့တဲ့အရာမျိုးပါ။
ရော်နယ်ဒိုလို ဂိုးသွင်းကောင်းပြီး အလွန်ထူးချွန်တဲ့
ကစားသမားမျိုးရှိပေမယ့်လည်း ဘောလုံးဆိုတာ
အသင်းလိုက်ကစားရတဲ့အားကစားမျိုးပါ။
ဒါ့အပြင် ပရီးမီးယားလိဂ်ဆိုတာ ကမ္ဘာ့ပြိုင်ဆိုင်မှု
အပြင်းထန်ဆုံးလိဂ်လို့တောင် တင်စားနိုင်တာလေ။
အဲဒီတော့ ရော်နယ်ဒိုတစ်ယောက်တည်း
ကောင်းနေရုံနဲ့တော့ ကျွန်တော်တို့ဘာမှလုပ်မရပါဘူး။
အသင်းတစ်သင်းလုံးအနေနဲ့ ပိုကောင်းလာအောင်
ပိုတိုးတက်လာအောင်လုပ်ရမှာပါ။
ဒါပေမယ့်သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ”
“ရော်နယ်ဒိုနဲ့ မားကပ်စ်တို့ နှစ်ယောက်လုံး
မနေ့က လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ကြပါတယ်။
ဒီနေ့လည်း သူတို့ လေ့ကျင့်ခန်းဆင်းကြမှာပါ။
ဒီနေ့လေ့ကျင့်ရေးပြီးမှ အခြေအနေတွေထပ်ကြည့်ရမှာပေါ့”ဆိုပြီး ပြောပါတယ်။
zawgyi
ရော်နယ်ဒိုလို ဂိုးသွင်းကောင်းတဲ့ ကစားသမားမျိုးရှိပေမယ့် ဘောလုံးဆိုတာ အသင်းလိုက်ကစားရတဲ့အားကစားမျိုးပါ