ရော်နယ်ဒိုရဲ့ အသက်အရွယ်ကို ဝေဖန်တဲ့ကာရေဂါကို “မင်းရဲ့နေရာ လမ်းကြိုလမ်းကြားထဲမှာပဲ နေလိုက်တော့”လို့ တုံ့ပြန်ဝေဖန်လိုက်တဲ့ အီဗရာ

အာဆင်နယ်ကို နောက်ကပြန်လိုက်ကစားပြီး ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်ယူအတွက် ပင်နယ်တီအပါအဝင် ၂ ဂိုးသွင်းပြီး

သရဲနီတွေအတွက် နောက်တစ်ကြိမ် သူရဲကောင်းထပ်ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုကို လီဗာပူးနောက်ခံလူဟောင်း ဂျေမီကာရေဂါက အသက်အရွယ်နဲ့ ပတ်သက်ပြီးဝေဖန်ခဲ့လို့ အီဗရာက ပြင်းထန်စွာ တုံ့ပြန်ဝေဖန်လိုက်ပါတယ်။

ဂျေမီကာရေဂါဟာ ၃၇ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုကို မန်ယူက ပြန်လည်ခေါ်ယူခဲ့တာနဲ့ ပတ်သက်ပြီး တောက်လျောက်ဝေဖန်ခဲ့သူပါ။

ရုပ်သံတွေမှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ကာရေဂါက CBS ရုပ်သံမှာ ” မန်ချက်စတာလို အသင်းမျိုးက အသက် ၃၇ နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ ကစားသမားတစ်ယောက်ကို မှီခိုနေရတုန်းပဲလား”

” ရော်နယ်ဒိုက မယုံနိုင်စရာပါပဲ။ သူ့ရဲ့ဂိုးသွင်းမှတ်တမ်းကလည်း တကယ့်ကို မယုံနိုင်စရာပဲ။

ဒါပေမယ့် သူ ဂိုးမသွင်းတဲ့အခါ ရော်နယ်ဒိုဟာ ကစားပွဲအတွင်းမှာ ခရီးသည်တစ်ယောက်ပမာပါပဲ။

ဒီအချက်ကိုလည်း လက်ခံဖို့လိုပါတယ်”

” ရော်နယ်ဒိုက အခုလတ်တလော ပွဲတိုင်းနီးပါးလိုလို ဂိုးသွင်းနေပါတယ်။

ဒါပေမယ့် သူ ဂိုးမသွင်းနိုင်တာသာ ၄-၅ ပွဲလောက် ရှိလာရင် မန်ယူအတွက် တကယ့် ပြသာနာကြီး ဖြစ်လိမ့်မယ်” လို့ ဝေဖန်သုံးသပ်ခဲ့တာဖြစ်ပါတယ်။

မန်ယူမှာ ၂၀၀၆ ကနေ ၂၀၁၄ အထိ ကာလရှည်ကစားခဲ့ပြီး ရော်နယ်ဒိုနဲ့ အလွန်ရင်းနှီးတဲ့ ကစားဖော်သူငယ်ချင်းတွေဖြစ်ခဲ့တဲ့

ပတ်ထရစ်အီဗရာကတော့ အင်္ဂလန်လက်ရွေးစင် ၃၈ ပွဲ၊ ကလပ်အတွက် ပြိုင်ပွဲစုံ ၇၃၇ ပွဲကစားခဲ့တဲ့ ကာရေဂါကို တိုက်ရိုက်အမည်တပ်ပြီး တုံ့ပြန်ခဲ့တာပါ။

Amazon Prime Video ကတစ်ဆင့် အီဗရာက “ရော်နယ်ဒိုကတော့ ဒီကနေ့ ၈၀၁ ဂိုးမြောက်ကို သွင်းနိုင်ခဲ့ပြီ။

တချို့သော ကစားသမားတွေ၊ ကာရေဂါလိုမျိုးပေ့့ါ။သူက ပွဲပေါင်း ၇၇၅ ပွဲကစားခဲ့တယ်လို့ ကျွန်တော်ထင်တယ်။

အဲ့ဒိလိုလူတွေက ရော်နယ်ဒိုအကြောင်းကို ဝေဖန်ပြောဆိုနေကြတယ်။

အဲ့ဒိသူတွေက သူတို့ရဲ့နေရာဖြစ်တဲ့ လမ်းကြိုလမ်းကြားမှာပဲ နေသင့်တယ်။

တချို့တွေက မနက်မိုးလင်းလို့ အိပ်ရာက နိုးပြီဆိုတာနဲ့ ရော်နယ်ဒိုအကြောင်းကို ပြောဆိုဝေဖန်ချင်နေသူတွေပါ” လို့ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အာဆင်နယ်ကိုသွင်းခဲ့တဲ့ ၂ အပါအဝင် မန်ယူကို တစ်ကျော့ပြန်ရောက်လာပြီးနောက် ၁၆ ပွဲမှာ ၁၂ ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

zawgyi

ေရာ္နယ္ဒိုရဲ႕ အသက္အ႐ြယ္ကို ေဝဖန္တဲ့ကာေရဂါကို “မင္းရဲ႕ေနရာ လမ္းႀကိဳလမ္းၾကားထဲမွာပဲ ေနလိုက္ေတာ့”လို႔ တုံ႔ျပန္ေဝဖန္လိုက္တဲ့ အီဗရာ

အာဆင္နယ္ကို ေနာက္ကျပန္လိုက္ကစားၿပီး ၃-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ မန္ယူအတြက္ ပင္နယ္တီအပါအဝင္ ၂ ဂိုးသြင္းၿပီး သရဲနီေတြအတြက္ ေနာက္တစ္ႀကိမ္ သူရဲေကာင္းထပ္ျဖစ္ခဲ့တဲ့ ေရာ္နယ္ဒိုကို လီဗာပူးေနာက္ခံလူေဟာင္း ေဂ်မီကာေရဂါက အသက္အ႐ြယ္နဲ႔ ပတ္သက္ၿပီးေဝဖန္ခဲ့လို႔ အီဗရာက ျပင္းထန္စြာ တုံ႔ျပန္ေဝဖန္လိုက္ပါတယ္။

ေဂ်မီကာေရဂါဟာ ၃၇ ႏွစ္ျပည့္ေတာ့မယ့္ ေရာ္နယ္ဒိုကို မန္ယူက ျပန္လည္ေခၚယူခဲ့တာနဲ႔ ပတ္သက္ၿပီး ေတာက္ေလ်ာက္ေဝဖန္ခဲ့သူပါ။ ႐ုပ္သံေတြမွာ ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ကာေရဂါက CBS ႐ုပ္သံမွာ ” မန္ခ်က္စတာလို အသင္းမ်ိဳးက အသက္ ၃၇ ႏွစ္နီးပါး ရွိေနၿပီျဖစ္တဲ့ ကစားသမားတစ္ေယာက္ကို မွီခိုေနရတုန္းပဲလား”

” ေရာ္နယ္ဒိုက မယုံႏိုင္စရာပါပဲ။ သူ႔ရဲ႕ဂိုးသြင္းမွတ္တမ္းကလည္း တကယ့္ကို မယုံႏိုင္စရာပဲ။ဒါေပမယ့္ သူ ဂိုးမသြင္းတဲ့အခါ ေရာ္နယ္ဒိုဟာ ကစားပြဲအတြင္းမွာ ခရီးသည္တစ္ေယာက္ပမာပါပဲ။ ဒီအခ်က္ကိုလည္း လက္ခံဖို႔လိုပါတယ္”

” ေရာ္နယ္ဒိုက အခုလတ္တေလာ ပြဲတိုင္းနီးပါးလိုလို ဂိုးသြင္းေနပါတယ္။ ဒါေပမယ့္ သူ ဂိုးမသြင္းႏိုင္တာသာ ၄-၅ ပြဲေလာက္ ရွိလာရင္ မန္ယူအတြက္ တကယ့္ ျပသာနာႀကီး ျဖစ္လိမ့္မယ္” လို႔ ေဝဖန္သုံးသပ္ခဲ့တာျဖစ္ပါတယ္။

မန္ယူမွာ ၂၀၀၆ ကေန ၂၀၁၄ အထိ ကာလရွည္ကစားခဲ့ၿပီး ေရာ္နယ္ဒိုနဲ႔ အလြန္ရင္းႏွီးတဲ့ ကစားေဖာ္သူငယ္ခ်င္းေတြျဖစ္ခဲ့တဲ့ ပတ္ထရစ္အီဗရာကေတာ့ အဂၤလန္လက္ေ႐ြးစင္ ၃၈ ပြဲ၊ ကလပ္အတြက္ ၿပိဳင္ပြဲစုံ ၇၃၇ ပြဲကစားခဲ့တဲ့ ကာေရဂါကို တိုက္႐ိုက္အမည္တပ္ၿပီး တုံ႔ျပန္ခဲ့တာပါ။

Amazon Prime Video ကတစ္ဆင့္ အီဗရာက “ေရာ္နယ္ဒိုကေတာ့ ဒီကေန႔ ၈၀၁ ဂိုးေျမာက္ကို သြင္းႏိုင္ခဲ့ၿပီ။ တခ်ိဳ႕ေသာ ကစားသမားေတြ၊ ကာေရဂါလိုမ်ိဳးေပ့့ါ။သူက ပြဲေပါင္း ၇၇၅ ပြဲကစားခဲ့တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အဲ့ဒိလိုလူေတြက ေရာ္နယ္ဒိုအေၾကာင္းကို ေဝဖန္ေျပာဆိုေနၾကတယ္။အဲ့ဒိသူေတြက သူတို႔ရဲ႕ေနရာျဖစ္တဲ့ လမ္းႀကိဳလမ္းၾကားမွာပဲ ေနသင့္တယ္။ တခ်ိဳ႕ေတြက မနက္မိုးလင္းလို႔ အိပ္ရာက ႏိုးၿပီဆိုတာနဲ႔ ေရာ္နယ္ဒိုအေၾကာင္းကို ေျပာဆိုေဝဖန္ခ်င္ေနသူေတြပါ” လို႔ တုံ႔ျပန္လိုက္တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ အာဆင္နယ္ကိုသြင္းခဲ့တဲ့ ၂ အပါအဝင္ မန္ယူကို တစ္ေက်ာ့ျပန္ေရာက္လာၿပီးေနာက္ ၁၆ ပြဲမွာ ၁၂ ဂိုးသြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။