ရေနီယာရီရဲ့နေရာမှာ ရွိုင်းဟော့ဆန်နဲ့ အစားထိုးခန့်အပ်လိုက်တဲ့ ဝက်ဖို့ဒ်

ဝက်ဖို့ဒ်ဟာရာထူးမှထုတ်ပယ်လိုက်တဲ့ကလော်ဒီယိုရေနီယာရီရဲ့နေရာမှာ

ရွိုင်းဟော့ဆန်ကိုအစားထိုးခန့်အပ်လိုက်ပါတယ်။

အီတလီလူမျိုးနည်းပြဟာဝက်ဖို့ဒ်သို့၂ နှစ်စာချုပ်ဖြင့်ရောက်လာခဲ့ခြင်းဖြစ်ပေမဲ့

တန်းဆင်းဇုန်ပြိုင်ဘက်နော့ဝှစ်ချ်ကို ရှုံးနိမ့်ပြီးနောက်၁၁၂ရက်သာ

ကိုင်တွယ်ခဲ့ရကာရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဝက်ဖို့ဒ်ဘုတ်အဖွဲ့ဟာချက်ချင်းပင် အသက်၇၄နှစ်ရှိ

အတွေ့အကြုံရင့်နည်းပြ ရွိုင်းဟော့ဆန်ကိုခန့်အပ်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

အင်္ဂလန်နည်းပြဟောင်းရွိုင်းဟော့ဆန်ဟာဘလက်ဘန်း၊

ဖူလ်ဟမ်၊ဝက်စ်ဘရွန်း၊လီဗာပူး၊ခရစ္စတယ်ပဲလေ့စ်တို့ကို

ကိုင်တွယ်ခဲ့ကာပရီးမီးယားလိဂ်အတွေ့အကြုံရင့်ကျက်သူလည်းဖြစ်ပါတယ်။

ဟော့ဆန်ဟာဝက်ဖို့ဒ်အသင်းပိုင်ရှင်ဂီနိုပေါ့ဇိုရဲ့ဖခင်ဖြစ်သူ

ဂီယန်ပါအိုလို ပိုင်ဆိုင်တဲ့ အူဒီးနီးစ်အသင်းကိုလည်း

၂၀၁၁ခုနှစ်တုန်းကကိုင်တွယ်ခဲ့ဖူးပါတယ်။

ဝက်ဖို့ဒ်ပိုင်ရှင်ဟာအသင်းကိုဦးဆောင်တဲ့၁၀နှစ်တာကာလအတွင်းတွင်

နည်းပြ၁၅ဦးအထိအပြောင်းအလဲပြုလုပ်ထားပြီးဖြစ်ပါတယ်။

ဟော့ဆန်ဟာပြီးခဲ့တဲ့ရာသီအကုန်တွင်ပဲလေ့စ်မှထွက်ခွာပြီးနောက်

နည်းပြဘဝမှအနားယူမယ်လို့အရိပ်အမြွက်ပြောကြားခဲ့သူလည်းဖြစ်ပါတယ်။

ဝက်ဖို့ဒ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၉နေရာတွင် ရပ်တည်နေပြီး

တန်းဆင်းဇုန်ပြင်ပမှနော့ဝှစ်ချ်နဲ့ရမှတ်၄မှတ်တည်းသာကွာဟနေပါတယ်။

၎င်းတို့ဟာနောက်ဆုံးပရီးမီးယားလိဂ်၈ပွဲမှာ၇ပွဲအထိရှုံးနိမ့်ထားပါတယ်

zawgyi

ေရနီယာရီရဲ႕ေနရာမွာ ႐ြိဳင္းေဟာ့ဆန္နဲ႔ အစားထိုးခန႔္အပ္လိုက္တဲ့ ဝက္ဖို႔ဒ္

ဝက္ဖို႔ဒ္ဟာရာထူးမွထုတ္ပယ္လိုက္တဲ့ကေလာ္ဒီယိုေရနီယာရီရဲ႕ေနရာမွာ

႐ြိဳင္းေဟာ့ဆန္ကိုအစားထိုးခန႔္အပ္လိုက္ပါတယ္။

အီတလီလူမ်ိဳးနည္းျပဟာဝက္ဖို႔ဒ္သို႔၂ ႏွစ္စာခ်ဳပ္ျဖင့္ေရာက္လာခဲ့ျခင္းျဖစ္ေပမဲ့

တန္းဆင္းဇုန္ၿပိဳင္ဘက္ေနာ့ဝွစ္ခ်္ကို ရႈံးနိမ့္ၿပီးေနာက္၁၁၂ရက္သာ

ကိုင္တြယ္ခဲ့ရကာရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဝက္ဖို႔ဒ္ဘုတ္အဖြဲ႕ဟာခ်က္ခ်င္းပင္ အသက္၇၄ႏွစ္ရွိ

အေတြ႕အႀကဳံရင့္နည္းျပ ႐ြိဳင္းေဟာ့ဆန္ကိုခန႔္အပ္ရန္ဆုံးျဖတ္ခဲ့ၾကပါတယ္။

အဂၤလန္နည္းျပေဟာင္း႐ြိဳင္းေဟာ့ဆန္ဟာဘလက္ဘန္း၊

ဖူလ္ဟမ္၊ဝက္စ္ဘ႐ြန္း၊လီဗာပူး၊ခရစၥတယ္ပဲေလ့စ္တို႔ကို

ကိုင္တြယ္ခဲ့ကာပရီးမီးယားလိဂ္အေတြ႕အႀကဳံရင့္က်က္သူလည္းျဖစ္ပါတယ္။

ေဟာ့ဆန္ဟာဝက္ဖို႔ဒ္အသင္းပိုင္ရွင္ဂီႏိုေပါ့ဇိုရဲ႕ဖခင္ျဖစ္သူ

ဂီယန္ပါအိုလို ပိုင္ဆိုင္တဲ့ အူဒီးနီးစ္အသင္းကိုလည္း

၂၀၁၁ခုႏွစ္တုန္းကကိုင္တြယ္ခဲ့ဖူးပါတယ္။

ဝက္ဖို႔ဒ္ပိုင္ရွင္ဟာအသင္းကိုဦးေဆာင္တဲ့၁၀ႏွစ္တာကာလအတြင္းတြင္

နည္းျပ၁၅ဦးအထိအေျပာင္းအလဲျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

ေဟာ့ဆန္ဟာၿပီးခဲ့တဲ့ရာသီအကုန္တြင္ပဲေလ့စ္မွထြက္ခြာၿပီးေနာက္

နည္းျပဘဝမွအနားယူမယ္လို႔အရိပ္အႁမြက္ေျပာၾကားခဲ့သူလည္းျဖစ္ပါတယ္။

ဝက္ဖို႔ဒ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၁၉ေနရာတြင္ ရပ္တည္ေနၿပီး

တန္းဆင္းဇုန္ျပင္ပမွေနာ့ဝွစ္ခ်္နဲ႔ရမွတ္၄မွတ္တည္းသာကြာဟေနပါတယ္။

၎တို႔ဟာေနာက္ဆုံးပရီးမီးယားလိဂ္၈ပြဲမွာ၇ပြဲအထိရႈံးနိမ့္ထားပါတယ္