
ယူကရိန်းကို ရုရှားက ကျုးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းအနှံ့ဖြစ်ပွားနေတဲ့
စစ်ပွဲတွေ ရပ်တန့်ဖို့ ရိုးမားနည်းပြ မော်ရင်ဟိုက
ကမ္ဘာ့ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။
ချဲလ်ဆီး၊ ရီးရဲလ်၊ အင်တာနဲ့ မန်ယူတို့ကို နည်းပြခဲ့ဖူးတဲ့ မော်ရင်ဟိုက
ဒီနေ့ညမှာ နယ်သာလန်ကလပ် ဗီတက်ဆီနဲ့ကစားရမယ့်
ယူရိုပါကွန်းဖရန့်လိဂ်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ
ပြောကြားတောင်းဆိုလိုက်တာပါ။ ဖေဖော်ဝါရီ ၂၄ ကစပြီး
ရုရှားတပ်တွေ ကျူးကျော်တိုက်ခိုက်ခဲ့လို့ ယူကရိန်းပြည်သူနဲ့
စစ်သည်ပေါင်း ၂၀၀၀ ကျော်သေဆုံးသွားရပြီဖြစ်လို့
သတင်းတွေက ဖော်ပြကြပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့အကြားငြိမ်းချမ်းရေးဆွေးနွေးဖို့ ညှှိနှိုင်းနေကြစဥ္မှာပဲ
ကိဗ်မြို့တော်ကို ရုရှားတပ်တွေက ထပ်မံပစ်ခတ်၊ တိုက်ခိုက်လို့
ပေါက်ကွဲသံတွေ နေရာအနှံ့ထွက်ပေါ်နေတယ်လို့လည်း
နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။
” တကယ့်ကို လက်တွေ့ကျကျ၊ ရည်မှန်းချက်ရှိစွာနဲ့ စစ်ပွဲကို ရပ်ကြပါ။
ယူကရိန်းက စစ်ပွဲတွေသာမက အခြားကမ္ဘာအနှံက စစ်ပွဲတွေလည်း ရပ်ကြပါ”
“ရပ်ကြပါတော့ဗျာ။ ကျွန်တော့်မှာ ထပ်ပြောခွင့်ရှိရင် စစ်ပွဲတွေ ရပ်ဖို့ ထပ်ပြောမှာပဲ။
စစ်ပွဲတွေ ရပ်ကြပါတော့ဗျာ”လို့ မော်ရင်ဟိုက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူ့အနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားပေမယ့် လူထုအကြားမှာတော့
နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာမှ ပြောမှာ မဟုတ်ဘူးလို့လည်း မော်ရင်ဟိုက ဆိုပါတယ်။
“နိုင်ငံရေးအကြောင်းတော့ကျွန်တော် မပြောဘူး။ နိုင်ငံရေးကို စိတ်ဝင်စားပါတယ်။
ဒါပေမယ့် အများပြည်သူအကြားမှာတော့ ကျွန်တော်ပြောမှာ မဟုတ်ဘူး”
“ဒါပေမယ့် ကျွန်တော်ပြောနိုင်တာက၊ နေ့တိုင်းနေ့တိုင်း ထပ်ခါတလဲလဲ ပြောနေတာက
စစ်ပွဲတွေရပ်ကြ၊ စစ်ပွဲတွေ အမြဲတမ်း ရပ်ကြ။ အားလုံးသောစစ်ပွဲတွေ
ရပ်ကြ ဆိုတာပါပဲ” လို့လည်း မော်ရငိဟိုက ပြောကြားခဲ့ပါသေးတယ်။
zawgyi
႐ုရွားက က်ဳးေက်ာ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ယူကရိန္းအႏွံ႔ျဖစ္ပြားေနတဲ့ စစ္ပြဲေတြ ရပ္တန္႔ဖို႔ ေတာင္းဆိုလိုက္တဲ့ ေမာ္ရင္ဟို
ယူကရိန္းကို ႐ုရွားက က်ဳးေက်ာ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ယူကရိန္းအႏွံ႔ျဖစ္ပြားေနတဲ့
စစ္ပြဲေတြ ရပ္တန္႔ဖို႔ ႐ိုးမားနည္းျပ ေမာ္ရင္ဟိုက
ကမာၻ႔ေခါင္းေဆာင္ေတြကို ေတာင္းဆိုလိုက္ပါတယ္။
ခ်ဲလ္ဆီး၊ ရီးရဲလ္၊ အင္တာနဲ႔ မန္ယူတို႔ကို နည္းျပခဲ့ဖူးတဲ့ ေမာ္ရင္ဟိုက
ဒီေန႔ညမွာ နယ္သာလန္ကလပ္ ဗီတက္ဆီနဲ႔ကစားရမယ့္
ယူ႐ိုပါကြန္းဖရန္႔လိဂ္ပြဲမတိုင္မီ သတင္းစာရွင္းလင္းပြဲမွာ
ေျပာၾကားေတာင္းဆိုလိုက္တာပါ။ ေဖေဖာ္ဝါရီ ၂၄ ကစၿပီး
႐ုရွားတပ္ေတြ က်ဴးေက်ာ္တိုက္ခိုက္ခဲ့လို႔ ယူကရိန္းျပည္သူနဲ႔
စစ္သည္ေပါင္း ၂၀၀၀ ေက်ာ္ေသဆုံးသြားရၿပီျဖစ္လို႔
သတင္းေတြက ေဖာ္ျပၾကပါတယ္။
႐ုရွားနဲ႔ ယူကရိန္းတို႔အၾကားၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ညႇွိႏႈိင္းေနၾကစၪၼွာပဲ
ကိဗ္ၿမိဳ႕ေတာ္ကို ႐ုရွားတပ္ေတြက ထပ္မံပစ္ခတ္၊ တိုက္ခိုက္လို႔
ေပါက္ကြဲသံေတြ ေနရာအႏွံ႔ထြက္ေပၚေနတယ္လို႔လည္း
ႏိုင္ငံတကာသတင္းေတြက ေဖာ္ျပပါတယ္။
” တကယ့္ကို လက္ေတြ႕က်က်၊ ရည္မွန္းခ်က္ရွိစြာနဲ႔ စစ္ပြဲကို ရပ္ၾကပါ။
ယူကရိန္းက စစ္ပြဲေတြသာမက အျခားကမာၻအႏွံက စစ္ပြဲေတြလည္း ရပ္ၾကပါ”
“ရပ္ၾကပါေတာ့ဗ်ာ။ ကြၽန္ေတာ့္မွာ ထပ္ေျပာခြင့္ရွိရင္ စစ္ပြဲေတြ ရပ္ဖို႔ ထပ္ေျပာမွာပဲ။
စစ္ပြဲေတြ ရပ္ၾကပါေတာ့ဗ်ာ”လို႔ ေမာ္ရင္ဟိုက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
သူ႔အေနနဲ႔ ႏိုင္ငံေရးကို စိတ္ဝင္စားေပမယ့္ လူထုအၾကားမွာေတာ့
ႏိုင္ငံေရးနဲ႔ ပတ္သက္ၿပီး ဘာမွ ေျပာမွာ မဟုတ္ဘူးလို႔လည္း ေမာ္ရင္ဟိုက ဆိုပါတယ္။
“ႏိုင္ငံေရးအေၾကာင္းေတာ့ကြၽန္ေတာ္ မေျပာဘူး။ ႏိုင္ငံေရးကို စိတ္ဝင္စားပါတယ္။
ဒါေပမယ့္ အမ်ားျပည္သူအၾကားမွာေတာ့ ကြၽန္ေတာ္ေျပာမွာ မဟုတ္ဘူး”
“ဒါေပမယ့္ ကြၽန္ေတာ္ေျပာႏိုင္တာက၊ ေန႔တိုင္းေန႔တိုင္း ထပ္ခါတလဲလဲ ေျပာေနတာက
စစ္ပြဲေတြရပ္ၾက၊ စစ္ပြဲေတြ အၿမဲတမ္း ရပ္ၾက။ အားလုံးေသာစစ္ပြဲေတြ
ရပ္ၾက ဆိုတာပါပဲ” လို႔လည္း ေမာ္ရငိဟိုက ေျပာၾကားခဲ့ပါေသးတယ္။