
ရီးရဲလ်မက်ဒရစ်ရဲ့ ဂန္ထဝင်တစ်ဦးဖြစ်တဲ့ ကွင်းလယ်လူဟောင်းဂူတီက
ရီးရဲလ်မက်ဒရစ်အတွက် မကစားပေးချင်တဲ့သူမှန်သမျှ
အသင်းမှာမနေကြနဲ့ လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
ရီးရဲလ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က El Clasico ပွဲမှာ
ဘာစီလိုနာကိုအိမ်ကွင်းမှာတင် ၄ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့တာကို
ဂူတီကဒေါသထွက်ပြီး အချို့သောကစားသမားတွေရဲ့အာရုံစူးစိုက်မှုနဲ့
ပေးဆပ်မှုတို့ကိုမေးခွန်းထုတ်သွားခဲ့တာပါ။
ဒါကြောင့်လည်း ဂူတီက နည်းပြအန်စလော့တီအနေနဲ့ အသင်းအတွက်
စိတ်ပါလက်ပါမရှိသူတွေ ကိုစွန့်ပစ်မှသာပြိုင်ပွဲပေါင်းစုံမှာ
စိန်ခေါ်နိုင်စွမ်းရှိလိမ့်မယ်လို့ တိုက်တွန်းခဲ့ပါတယ်။
သူက” ရီးရဲလ်အနေနဲ့ကစားသမား ၁၂ ဦးဒါမှမဟုတ် ၁၃ ဦးအထိထည့်ကစားလို့မရပါဘူး။
ချန်ပီယံလိဂ်၊ လာလီဂါနဲ့ စပိန်ဘုရင့်ဖလား တို့မှာစိန်ခေါ်နိုင်စွမ်းရှိတဲ့
ထိပ်တန်းအသင်းအနေနဲ့ ကစားသမား ၁၄ ဦးကိုထည့်သုံးလို့မရပါဘူး။
ရီးရဲလ်မှာဘာတွေဖြစ်နေတာလဲ။ အသင်းအတွက်ကစားပေးဖို့ဆန္ဒမရှိတော့ဘူးဆိုရင်
ရီးရဲလ်မှာမနေကြနဲ့။ ဒါကသိပ်လွယ်ပါတယ်။ အန်စလော့တီအနေနဲ့
ဒါကိုပြောလိုက်ရုံပါဘဲ။ ရီးရဲလ်ကမင်းတို့ကိုလစာပေးနေလို့ မကစားဘဲနေလို့မရပါဘူး။
တစ်နှစ်လုံးမှာတစ်ပွဲဘဲကစားရရင်တောင်မှ အဲဒီပွဲမှာအကောင်းဆုံးပေးဆပ်ပြီး
ကစားပေးရမှာဘဲ” လို့ပြောသွားပါတယ်။
ဂူတီက အန်စလော့တီကို ပြတ်သားစွာကိုင်တွယ်ဖို့
အခုလိုတိုက်တွန်းလိုက်ပေမယ့်လည်း ဘာစီလိုနာနဲ့ပွဲမှာ ဟာဇတ်၊
လူကာဂျိုဗစ်နဲ့ ဂါရတ်ဘေးလ် တို့ကိုမသုံးခဲ့တာကိုတော့ ဝေဖန်သွားခဲ့ပါတယ်။
သူကဆက်ပြီး”ကျွန်တော်က အန်စလော့တီဘဲထားပါတော့။
အရန်ခုံမှာ ဟာဇတ်၊ ဂျိုဗစ်၊ ဘေးလ်နဲ့ အစ္စကို တို့ရှိနေတာကိုသိရမှာပါ။
ခင်ဗျားကလာပြီး ဒီလူတွေကိုတစ်ယောက်မှမသုံးရင်
ဘာတွေဖြစ်လာမလဲလို့မေးလာရင် ရှုံးသွားမှာပေါ့လို့ဘဲဆိုရမှာပါ။
ဘာစီလိုနာနဲ့ပွဲမှာ ရီးရဲလ်ကပထမဆုံးအပြောင်းအလဲလုပ်လိုက်တာ ဒီယက်ဇ် တဲ့။
ဒီတော့ တိုက်စစ်ကတက်မလာတော့ဘူးပေါ့ဗျာ။
ဒီယက်ဇ်ဟာ ဒီနှစ်ထဲမှာတစ်ပွဲမှ ကစားခဲ့ရတာမဟုတ်ဘူး။
ဒါမျိုးထပ်မဖြစ်ဖို့တော့လိုပါတယ်” လို့ပြောသွားပါတယ်။
zawyi
ရီးရဲလ္အတြက္ မကစားခ်င္တဲ့သူ အသင္းမွာမေနနဲ႔လို႔ ဂႏၴဝင္ ဂူတီ ေဝဖန္ေျပာၾကား
ရီးရဲလ္မက္ဒရစ္ရဲ႕ ဂႏၴဝင္တစ္ဦးျဖစ္တဲ့ ကြင္းလယ္လူေဟာင္းဂူတီက
ရီးရဲလ္မက္ဒရစ္အတြက္ မကစားေပးခ်င္တဲ့သူမွန္သမွ်
အသင္းမွာမေနၾကနဲ႔ လို႔ ေဝဖန္ေျပာၾကားလိုက္ပါတယ္။
ရီးရဲလ္ဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က El Clasico ပြဲမွာ
ဘာစီလိုနာကိုအိမ္ကြင္းမွာတင္ ၄ ဂိုးျပတ္နဲ႔အေရးနိမ့္ခဲ့တာကို
ဂူတီကေဒါသထြက္ၿပီး အခ်ိဳ႕ေသာကစားသမားေတြရဲ႕အာ႐ုံစူးစိုက္မႈနဲ႔
ေပးဆပ္မႈတို႔ကိုေမးခြန္းထုတ္သြားခဲ့တာပါ။
ဒါေၾကာင့္လည္း ဂူတီက နည္းျပအန္စေလာ့တီအေနနဲ႔ အသင္းအတြက္
စိတ္ပါလက္ပါမရွိသူေတြ ကိုစြန႔္ပစ္မွသာၿပိဳင္ပြဲေပါင္းစုံမွာ
စိန္ေခၚႏိုင္စြမ္းရွိလိမ့္မယ္လို႔ တိုက္တြန္းခဲ့ပါတယ္။
သူက” ရီးရဲလ္အေနနဲ႔ကစားသမား ၁၂ ဦးဒါမွမဟုတ္ ၁၃ ဦးအထိထည့္ကစားလို႔မရပါဘူး။
ခ်န္ပီယံလိဂ္၊ လာလီဂါနဲ႔ စပိန္ဘုရင့္ဖလား တို႔မွာစိန္ေခၚႏိုင္စြမ္းရွိတဲ့
ထိပ္တန္းအသင္းအေနနဲ႔ ကစားသမား ၁၄ ဦးကိုထည့္သုံးလို႔မရပါဘူး။
ရီးရဲလ္မွာဘာေတြျဖစ္ေနတာလဲ။ အသင္းအတြက္ကစားေပးဖို႔ဆႏၵမရွိေတာ့ဘူးဆိုရင္
ရီးရဲလ္မွာမေနၾကနဲ႔။ ဒါကသိပ္လြယ္ပါတယ္။ အန္စေလာ့တီအေနနဲ႔
ဒါကိုေျပာလိုက္႐ုံပါဘဲ။ ရီးရဲလ္ကမင္းတို႔ကိုလစာေပးေနလို႔ မကစားဘဲေနလို႔မရပါဘူး။
တစ္ႏွစ္လုံးမွာတစ္ပြဲဘဲကစားရရင္ေတာင္မွ အဲဒီပြဲမွာအေကာင္းဆုံးေပးဆပ္ၿပီး
ကစားေပးရမွာဘဲ” လို႔ေျပာသြားပါတယ္။
ဂူတီက အန္စေလာ့တီကို ျပတ္သားစြာကိုင္တြယ္ဖို႔
အခုလိုတိုက္တြန္းလိုက္ေပမယ့္လည္း ဘာစီလိုနာနဲ႔ပြဲမွာ ဟာဇတ္၊
လူကာဂ်ိဳဗစ္နဲ႔ ဂါရတ္ေဘးလ္ တို႔ကိုမသုံးခဲ့တာကိုေတာ့ ေဝဖန္သြားခဲ့ပါတယ္။
သူကဆက္ၿပီး”ကြၽန္ေတာ္က အန္စေလာ့တီဘဲထားပါေတာ့။
အရန္ခုံမွာ ဟာဇတ္၊ ဂ်ိဳဗစ္၊ ေဘးလ္နဲ႔ အစၥကို တို႔ရွိေနတာကိုသိရမွာပါ။
ခင္ဗ်ားကလာၿပီး ဒီလူေတြကိုတစ္ေယာက္မွမသုံးရင္
ဘာေတြျဖစ္လာမလဲလို႔ေမးလာရင္ ရႈံးသြားမွာေပါ့လို႔ဘဲဆိုရမွာပါ။
ဘာစီလိုနာနဲ႔ပြဲမွာ ရီးရဲလ္ကပထမဆုံးအေျပာင္းအလဲလုပ္လိုက္တာ ဒီယက္ဇ္ တဲ့။
ဒီေတာ့ တိုက္စစ္ကတက္မလာေတာ့ဘူးေပါ့ဗ်ာ။
ဒီယက္ဇ္ဟာ ဒီႏွစ္ထဲမွာတစ္ပြဲမွ ကစားခဲ့ရတာမဟုတ္ဘူး။
ဒါမ်ိဳးထပ္မျဖစ္ဖို႔ေတာ့လိုပါတယ္” လို႔ေျပာသြားပါတယ္။