ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် နစ်ကလပ်ဆူး

ဘိုင်ယန်မြူးနစ်စီအီးအိုအိုလီဗာခန်းကနစ်ကလပ်ဆူးမှာ

စာချုပ်သက်တမ်းကုန်ဆုံးမယ့်ရာသီအကုန်တွင်

ကလပ်မှထွက်ခွာမည်ဖြစ်ကြောင်းအတည်ပြုလာပါတယ်။

အသက်၂၆နှစ်ရှိဆူးဟာ၂၀၁၇ခုနှစ်တွင်ဟော်ဖန်ဟိမ်းမှ

ပေါင်၁၈သန်းဖြင့်ပြောင်းလာပြီးနောက်ဘိုင်ယန်မြူးနစ်တွင်

လေးနှစ်ခွဲကြာကစားလာခဲ့သူဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်ဗဟိုနောက်ခံလူဟာမြူးနစ်တွင်

ကစားစဉ်အတွင်းဘွန်ဒက်စ်လီဂါဖလား၄ကြိမ်၊

ဂျာမန်ပိုကယ်ဖလား၂ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်

ဆွတ်ခူးထားကာ၁၅၈ပွဲကစားထားပါတယ်။

ဒါပေမဲ့သူ့ရဲ့စာချုပ်မှာဇွန်လတွင်ကုန်ဆုံးမှာဖြစ်ပါတယ်။

ဆူးဟာဘိုင်ယန်နှင့်စာချုပ်သက်တမ်းတိုးရေးသဘောတူညီမှုမရရှိမှုနဲ့အတူ

ရာသီအကုန်တွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာတော့မှာဖြစ်ပါတယ်။

အိုလီဗာခန်းက “သူ့ကိုကျွန်တော်တို့ကကမ်းလှမ်းခဲ့တယ်။

သူ့ကမလက်ခံဘူးလို့ပြောပါတယ်။သူကရာသီအကုန်မှာ

ထွက်ခွာချင်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ဆူးဟာဂျာမနီနှင့်ဘိုင်ယန်မြူးနစ်တို့ရဲ့အမာခံဗဟိုနောက်ခံလူတစ်ဦးဖြစ်ရာ

နွေရာသီတွင်ကလပ်အမြောက်အမြားတို့ရဲ့

ကမ်းလှမ်းမှုရရှိလာဖို့သေချာနေပါတယ်။

သူ့ကိုချဲလ်ဆီး၊ချဲလ်ဆီး၊နယူးကာဆယ်နှင့်ဘာစီလိုနာကစိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီးဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးကြမယ့်

ခရစ်တင်ဆင်၊ရူဒီဂါနှင့်အက်ဇ်ပီလီကူတာတို့ကိုဆုံးရှုံးရရန်

သေချာသလောက်အနေအထားသို့ရောက်နေပြီး ခံစစ်မှူးရှာဖွေနေပါတယ်။

၎င်းတို့ရဲ့ပစ်မှတ်ထဲတွင်ဆူးမှာထိပ်ဆုံးမှပါဝင်နေပါတယ်။

zawgyi

ရာသီအကုန္တြင္ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ နစ္ကလပ္ဆူး

ဘိုင္ယန္ျမဴးနစ္စီအီးအိုအိုလီဗာခန္းကနစ္ကလပ္ဆူးမွာ

စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ရာသီအကုန္တြင္

ကလပ္မွထြက္ခြာမည္ျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

အသက္၂၆ႏွစ္ရွိဆူးဟာ၂၀၁၇ခုႏွစ္တြင္ေဟာ္ဖန္ဟိမ္းမွ

ေပါင္၁၈သန္းျဖင့္ေျပာင္းလာၿပီးေနာက္ဘိုင္ယန္ျမဴးနစ္တြင္

ေလးႏွစ္ခြဲၾကာကစားလာခဲ့သူျဖစ္ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ဗဟိုေနာက္ခံလူဟာျမဴးနစ္တြင္

ကစားစဥ္အတြင္းဘြန္ဒက္စ္လီဂါဖလား၄ႀကိမ္၊

ဂ်ာမန္ပိုကယ္ဖလား၂ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္

ဆြတ္ခူးထားကာ၁၅၈ပြဲကစားထားပါတယ္။

ဒါေပမဲ့သူ႔ရဲ႕စာခ်ဳပ္မွာဇြန္လတြင္ကုန္ဆုံးမွာျဖစ္ပါတယ္။

ဆူးဟာဘိုင္ယန္ႏွင့္စာခ်ဳပ္သက္တမ္းတိုးေရးသေဘာတူညီမႈမရရွိမႈနဲ႔အတူ

ရာသီအကုန္တြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာေတာ့မွာျဖစ္ပါတယ္။

အိုလီဗာခန္းက “သူ႔ကိုကြၽန္ေတာ္တို႔ကကမ္းလွမ္းခဲ့တယ္။

သူ႔ကမလက္ခံဘူးလို႔ေျပာပါတယ္။သူကရာသီအကုန္မွာ

ထြက္ခြာခ်င္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆူးဟာဂ်ာမနီႏွင့္ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕အမာခံဗဟိုေနာက္ခံလူတစ္ဦးျဖစ္ရာ

ေႏြရာသီတြင္ကလပ္အေျမာက္အျမားတို႔ရဲ႕

ကမ္းလွမ္းမႈရရွိလာဖို႔ေသခ်ာေနပါတယ္။

သူ႔ကိုခ်ဲလ္ဆီး၊ခ်ဲလ္ဆီး၊နယူးကာဆယ္ႏွင့္ဘာစီလိုနာကစိတ္ဝင္စားေနပါတယ္။

ခ်ဲလ္ဆီးဟာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးၾကမယ့္

ခရစ္တင္ဆင္၊႐ူဒီဂါႏွင့္အက္ဇ္ပီလီကူတာတို႔ကိုဆုံးရႈံးရရန္

ေသခ်ာသေလာက္အေနအထားသို႔ေရာက္ေနၿပီး ခံစစ္မႉးရွာေဖြေနပါတယ္။

၎တို႔ရဲ႕ပစ္မွတ္ထဲတြင္ဆူးမွာထိပ္ဆုံးမွပါဝင္ေနပါတယ္။