ရပ်ရှ်ဖို့ဒ်ကို ရော်နယ်ဒို၊ ကာဗာနီတို့နဲ့တွေ့ဆုံပြီး အခြေအနေဆိုးမှရုန်းထွက်ရန် ဘာဘာတော့ဗ် တိုက်တွန်း

မန်ယူတိုက်စစ်မှူးဟောင်းဒီမီထရီဘာဘာတော့ဗ်ကမားကပ်စ်ရပ်ရှ်ဖို့ဒ်အနေဖြင့်

ခရစ္စတီယာနိုရော်နယ်ဒို၊အက်ဒီဆင်ကာဗာနီတို့နှင့်တွေ့ဆုံစကားပြောပြီး

အခြေအနေဆိုးမှရုန်းထွက်ရန်တိုက်တွန်းလိုက်ပါတယ်။

အသက်၂၄နှစ်ရှိမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာဗီလာကိုအနိုင်ရရှိတဲ့

အက်ဖ်အေဖလားပွဲတွင်ပွဲထွက်ကစားခွင့်ရရှိခဲ့ပေမဲ့ခြေစွမ်းပိုင်းဆိုးရွားမှုကြောင့်

ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာပုခုံးဒဏ်ရာကြောင့်သုံးလကြာအနားယူခဲ့ရပြီးနောက်

ယူနိုက်တက်အတွက်၁၄ပွဲကစားခဲ့ရာတွင်၃ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ဒါ့အပြင်သူဟာနိုဝင်ဘာလနောက်ပိုင်းမှာဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။

ဘာဘာတော့ဗ်က “အသင်းမှာအတွေ့အကြုံရှိတဲ့သူတွေရှိတာပဲ။

ဘောလုံးကမ္ဘာရဲ့စံပြကစားသမားရော်နယ်ဒိုလိုကစားသမားမျိုးရှိတာပဲ။

သူ့ဆီသွားပြီးအကြံကောင်းဉာဏ်ကောင်းတောင်းရမယ်။

သူ(ရော်နယ်ဒို)ဟာအချိန်ပေးပြီး အကြံကောင်းဉာဏ်ကောင်းပေးမှာသေချာပါတယ်။

ပြီးတော့ကစားတဲ့ကလပ်တိုင်းသို့ဂိုးတွေယူဆောင်ပေးတဲ့အက်ဒီဆင်ကာဗာနီလည်းရှိတယ်။

သူနဲ့လည်းစကားပြောလို့ရတယ်။ကစားဖော်တွေနဲ့ဆွေးနွေးရမယ်။

ဒီအဆိုးသံသရာကရှည်သထက်ရှည်နေလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

zawgyi

ရပ္ရွ္ဖို႔ဒ္ကို ေရာ္နယ္ဒို၊ ကာဗာနီတို႔နဲ႔ေတြ႕ဆုံၿပီး အေျခအေနဆိုးမွ႐ုန္းထြက္ရန္ ဘာဘာေတာ့ဗ္ တိုက္တြန္း

မန္ယူတိုက္စစ္မႉးေဟာင္းဒီမီထရီဘာဘာေတာ့ဗ္ကမားကပ္စ္ရပ္ရွ္ဖို႔ဒ္အေနျဖင့္

ခရစၥတီယာႏိုေရာ္နယ္ဒို၊အက္ဒီဆင္ကာဗာနီတို႔ႏွင့္ေတြ႕ဆုံစကားေျပာၿပီး

အေျခအေနဆိုးမွ႐ုန္းထြက္ရန္တိုက္တြန္းလိုက္ပါတယ္။

အသက္၂၄ႏွစ္ရွိမားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာဗီလာကိုအႏိုင္ရရွိတဲ့

အက္ဖ္ေအဖလားပြဲတြင္ပြဲထြက္ကစားခြင့္ရရွိခဲ့ေပမဲ့ေျခစြမ္းပိုင္းဆိုး႐ြားမႈေၾကာင့္

ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာပုခုံးဒဏ္ရာေၾကာင့္သုံးလၾကာအနားယူခဲ့ရၿပီးေနာက္

ယူႏိုက္တက္အတြက္၁၄ပြဲကစားခဲ့ရာတြင္၃ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

ဒါ့အျပင္သူဟာႏိုဝင္ဘာလေနာက္ပိုင္းမွာဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိပါဘူး။

ဘာဘာေတာ့ဗ္က “အသင္းမွာအေတြ႕အႀကဳံရွိတဲ့သူေတြရွိတာပဲ။

ေဘာလုံးကမာၻရဲ႕စံျပကစားသမားေရာ္နယ္ဒိုလိုကစားသမားမ်ိဳးရွိတာပဲ။

သူ႔ဆီသြားၿပီးအႀကံေကာင္းဉာဏ္ေကာင္းေတာင္းရမယ္။

သူ(ေရာ္နယ္ဒို)ဟာအခ်ိန္ေပးၿပီး အႀကံေကာင္းဉာဏ္ေကာင္းေပးမွာေသခ်ာပါတယ္။

ၿပီးေတာ့ကစားတဲ့ကလပ္တိုင္းသို႔ဂိုးေတြယူေဆာင္ေပးတဲ့အက္ဒီဆင္ကာဗာနီလည္းရွိတယ္။

သူနဲ႔လည္းစကားေျပာလို႔ရတယ္။ကစားေဖာ္ေတြနဲ႔ေဆြးေႏြးရမယ္။

ဒီအဆိုးသံသရာကရွည္သထက္ရွည္ေနလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။