
ခရစ္စတီယာနိုရော်နယ်ဒိုကရေးဖ်ရန်းနစ်ခ်မှာအိုးထရက်ဖို့ဒ်တွင်
အကောင်းဆုံးလုပ်ပြလာနိုင်တယ်လို့
ယုံကြည်ကြောင်းပြောကြားလာပါတယ်။
ဒါပေမဲ့ယူနိုက်တက်စူပါစတားကယာယီနည်းပြအနေဖြင့်
အချိန်အနည်းငယ်တော့ယူရမယ်လို့ပြောကြားသွားပါတယ်။
ဂျာမန်လူမျိုးနည်းပြဟာနိုဝင်ဘာလတုန်းကရာထူးမှ
ထုတ်ပယ်ခြင်းခံရတဲ့ဆိုးလ်ရှားနေရာမှာ
ယာယီနည်းပြအဖြစ်ရာသီအကုန်အထိခန့်အပ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့အသက်၆၃နှစ်ရှိနည်းပြဟာသူ့ရဲ့နည်းပြသက်တမ်းမကုန်ဆုံးမီ
ယူနိုက်တက်ရဲ့ပြဿနာများကိုမဖြေရှင်းနိုင်မှာစိုးရိမ်နေရပါတယ်။
ယူနိုက်တက်အသင်းအဝတ်အစားလဲခန်းတွင်
အသင်းမှထွက်ခွာလိုနေတဲ့ကစားသမားများ၊ခြေစွမ်းမပြနိုင်မှုကြောင့်
နည်းပြရန်းနစ်ခ်ကိုအပြစ်တင်နေသူများစသဖြင့်အစိတ်အမြွှာမြွှာကာ
စည်းလုံးမရှိပျက်နေကြောင်းသတင်းထွက်နေပါတယ်။
ရော်နယ်ဒိုက “လွန်ခဲ့တဲ့ငါးပတ်တုန်းကရောက်လာပြီးတဲ့နောက်
သူဟာ အပြောင်းအလဲတွေလုပ်ခဲ့ပါတယ်။
ဒါပေမဲ့သူ့စိတ်ကူးကိုကစားသမားတွေနားလည်လာအောင်လုပ်ဖို့ကအချိန်ယူရပါမယ်။
ဒါကအချိန်ယူလုပ်ရတာမျိုးပါ။
ဒါပေမဲ့သူဟာအကောင်းဆုံးလုပ်ပြနိုင်မယ်လို့ယုံကြည်ပါတယ်။
အခုကျွန်တော်တို့အကောင်းဆုံးပံစံနဲ့မကစားနိုင်တာသိပါတယ်။
ဒါပေမဲ့ပိုကောင်းလာဖို့အတွက်ရှေ့မှာပွဲတွေအများကြီးရှိပါတယ်။
သူရောက်လာပြီးတဲ့နောက်တချို့အရာတွေမှာ
ကျွန်တော်တို့ပိုကောင်းလာတာတွေရှိပါတယ်။
ဒါပေမဲ့သူ့အတွက်အချိန်လိုပါတယ်။ကစားသမားတွေရဲ့
စိတ်နဲ့ကစားဟန်ကိုပြောင်းလဲဖို့ဆိုတာမလွယ်ကူပါဘူး။
ယဉ်ကျေးမှုနဲ့စနစ်ကလည်းရှိပါသေးတယ်။
ဒါပေမဲ့သူအကောင်းဆုံးလုပ်နိုင်မှာပါ။ကျွန်တော်တို့စည်းလုံးဖို့လိုတယ်။
တစ်လှေတည်းစီးပြီးခရီးသွားသူတွေပါ။
ဖြစ်လာမယ်လို့ယုံကြည်မှုရှိရပါမယ်”လို့ပြောကြားသွားပါတယ်။
ဆက်လက်ပြီးပေါ်တူဂီအသင်းခေါင်းဆောင်က
နည်းပြအပြောင်းအလဲများစွာဖြစ်မှုနဲ့အတူကစားသမားများမှာ
ခက်ခဲများနှင့်ရင်ဆိုင်ခဲ့ရကြောင်းလည်းပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာဆိုးလ်ရှားကိုထုတ်ပယ်ပြီးနောက်
ကာရစ်ကိုယာယီနည်းပြအဖြစ်ကိုင်တွယ်စေပြီးမှ
ရန်းနစ်ခ်ကိုနည်းပြအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုက “အရိုးသားဆုံးပြောရရင်မလွယ်ပါဘူး။
အိုလီကိုပြောင်းခဲ့တယ်။ ကာရစ်ရောက်လာတယ်။
ပြီးတော့နည်းပြသစ်ရောက်လာတယ်။
အများကြီးအပြောင်းအလဲလုပ်ခဲ့တာအရမ်းခက်တယ်။
အမြဲတမ်းခက်ခဲပါတယ်”လို့ပြောကြားသွားပါတယ်။
zawgyi
ရန္းနစ္ခ္ရဲ႕ စိတ္ကူးကို ကစားသမားေတြနားလည္လာေအာင္လုပ္ဖို႔ကအခ်ိန္ယူရပါမယ္လို႔ ေရာ္နယ္ဒို ေျပာၾကား
ခရစၥတီယာႏိုေရာ္နယ္ဒိုကေရးဖ္ရန္းနစ္ခ္မွာအိုးထရက္ဖို႔ဒ္တြင္
အေကာင္းဆုံးလုပ္ျပလာႏိုင္တယ္လို႔
ယုံၾကည္ေၾကာင္းေျပာၾကားလာပါတယ္။
ဒါေပမဲ့ယူႏိုက္တက္စူပါစတားကယာယီနည္းျပအေနျဖင့္
အခ်ိန္အနည္းငယ္ေတာ့ယူရမယ္လို႔ေျပာၾကားသြားပါတယ္။
ဂ်ာမန္လူမ်ိဳးနည္းျပဟာႏိုဝင္ဘာလတုန္းကရာထူးမွ
ထုတ္ပယ္ျခင္းခံရတဲ့ဆိုးလ္ရွားေနရာမွာ
ယာယီနည္းျပအျဖစ္ရာသီအကုန္အထိခန႔္အပ္ျခင္းခံခဲ့ရပါတယ္။
ဒါေပမဲ့အသက္၆၃ႏွစ္ရွိနည္းျပဟာသူ႔ရဲ႕နည္းျပသက္တမ္းမကုန္ဆုံးမီ
ယူႏိုက္တက္ရဲ႕ျပႆနာမ်ားကိုမေျဖရွင္းႏိုင္မွာစိုးရိမ္ေနရပါတယ္။
ယူႏိုက္တက္အသင္းအဝတ္အစားလဲခန္းတြင္
အသင္းမွထြက္ခြာလိုေနတဲ့ကစားသမားမ်ား၊ေျခစြမ္းမျပႏိုင္မႈေၾကာင့္
နည္းျပရန္းနစ္ခ္ကိုအျပစ္တင္ေနသူမ်ားစသျဖင့္အစိတ္အႁမႊာႁမႊာကာ
စည္းလုံးမရွိပ်က္ေနေၾကာင္းသတင္းထြက္ေနပါတယ္။
ေရာ္နယ္ဒိုက “လြန္ခဲ့တဲ့ငါးပတ္တုန္းကေရာက္လာၿပီးတဲ့ေနာက္
သူဟာ အေျပာင္းအလဲေတြလုပ္ခဲ့ပါတယ္။
ဒါေပမဲ့သူ႔စိတ္ကူးကိုကစားသမားေတြနားလည္လာေအာင္လုပ္ဖို႔ကအခ်ိန္ယူရပါမယ္။
ဒါကအခ်ိန္ယူလုပ္ရတာမ်ိဳးပါ။
ဒါေပမဲ့သူဟာအေကာင္းဆုံးလုပ္ျပႏိုင္မယ္လို႔ယုံၾကည္ပါတယ္။
အခုကြၽန္ေတာ္တို႔အေကာင္းဆုံးပံစံနဲ႔မကစားႏိုင္တာသိပါတယ္။
ဒါေပမဲ့ပိုေကာင္းလာဖို႔အတြက္ေရွ႕မွာပြဲေတြအမ်ားႀကီးရွိပါတယ္။
သူေရာက္လာၿပီးတဲ့ေနာက္တခ်ိဳ႕အရာေတြမွာ
ကြၽန္ေတာ္တို႔ပိုေကာင္းလာတာေတြရွိပါတယ္။
ဒါေပမဲ့သူ႔အတြက္အခ်ိန္လိုပါတယ္။ကစားသမားေတြရဲ႕
စိတ္နဲ႔ကစားဟန္ကိုေျပာင္းလဲဖို႔ဆိုတာမလြယ္ကူပါဘူး။
ယဥ္ေက်းမႈနဲ႔စနစ္ကလည္းရွိပါေသးတယ္။
ဒါေပမဲ့သူအေကာင္းဆုံးလုပ္ႏိုင္မွာပါ။ကြၽန္ေတာ္တို႔စည္းလုံးဖို႔လိုတယ္။
တစ္ေလွတည္းစီးၿပီးခရီးသြားသူေတြပါ။
ျဖစ္လာမယ္လို႔ယုံၾကည္မႈရွိရပါမယ္”လို႔ေျပာၾကားသြားပါတယ္။
ဆက္လက္ၿပီးေပၚတူဂီအသင္းေခါင္းေဆာင္က
နည္းျပအေျပာင္းအလဲမ်ားစြာျဖစ္မႈနဲ႔အတူကစားသမားမ်ားမွာ
ခက္ခဲမ်ားႏွင့္ရင္ဆိုင္ခဲ့ရေၾကာင္းလည္းေျပာၾကားသြားပါတယ္။
ယူႏိုက္တက္ဟာဆိုးလ္ရွားကိုထုတ္ပယ္ၿပီးေနာက္
ကာရစ္ကိုယာယီနည္းျပအျဖစ္ကိုင္တြယ္ေစၿပီးမွ
ရန္းနစ္ခ္ကိုနည္းျပအျဖစ္ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္ဒိုက “အ႐ိုးသားဆုံးေျပာရရင္မလြယ္ပါဘူး။
အိုလီကိုေျပာင္းခဲ့တယ္။ ကာရစ္ေရာက္လာတယ္။
ၿပီးေတာ့နည္းျပသစ္ေရာက္လာတယ္။
အမ်ားႀကီးအေျပာင္းအလဲလုပ္ခဲ့တာအရမ္းခက္တယ္။
အၿမဲတမ္းခက္ခဲပါတယ္”လို႔ေျပာၾကားသြားပါတယ္။