
ပြီးခဲ့တဲ့ကြာသပတေးညဟာ လန်ဒန်အသင်းတစ်သင်းဖြစ်တဲ့
ဝက်စ်ဟမ်းအတွက် မှတ်မှတ်ရရဒိတ်တစ်ခုဖြစ်ခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဟမ်းမားတွေ(တူတွေ)လို့ နာမည်ပြောင်ပေးခံထားရတဲ့
ဝက်စ်ဟမ်းဟာ ယူရိုပါလိဂ်စပယ်ရှယ်လစ်အသင်းကို
ပြိုင်ပွဲကနေ နောက်ကောက်ချနိုင်ခဲ့တာပါ။
ဆီဗီလာဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းဖြစ်ပြီး
အဲဒီပြိုင်ပွဲမှာ ၆ ကြိမ်တောင် ဗိုလ်စွဲထားပါတယ်။
ဒါ့အပြင် နောက်ပိုင်းနှစ်တွေအတွင်း ယူရိုပါလိဂ်မှာ
သူတို့ကို နောက်ကောက်ချနိုင်ခဲ့တဲ့အသင်းက ခပ်ရှားရှားရယ်ပါ။
ဒါပေမဲ့ မနေ့ညကတော့ ဝက်စ်ဟမ်းဟာ လန်ဒန်ကွင်းမှာ ပထမအကျော့အရှုံးကို
မိနစ် ၉၀ အတွင်း ပြန်လည်ချေဖျက်နိုင်ခဲ့ပါတယ်။
နှစ်ကျော့ပေါင်း ၁-၁ ဖြစ်နေတာကြောင့် အချိန်ပိုဆက်ကစားစေရာမှာ
၁၁၂ မိနစ်အရောက်မှာတော့ ယာမိုလန်ကိုက ဝက်စ်ဟမ်းအတွက်
အနိုင်ဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။
အဲဒါကြောင့်လည်း ဝက်စ်ဟမ်းဟာ ၂၀၁၃-၁၄ ရာသီနောက်ပိုင်း
ယူရိုပါလိဂ်မှာ ဆီဗီလာကို နောက်ကောက်ချနိုင်ခဲ့တဲ့
ဒုတိယမြောက်အသင်းဖြစ်လာခဲ့တာပါ။
ပိုပြီးအံ့သြစရာကောင်းတာက ဝက်စ်ဟမ်းဟာ ယူရိုပါလိဂ်မှာ
ဆီဗီလာကို နောက်ကောက်ချနိုင်ခဲ့တဲ့ ပထမဆုံးအင်္ဂလိပ်အသင်းဖြစ်လာခဲ့ပါတယ်။
ဆီဗီလာဟာ ၁၉၈၁ နောက်ပိုင်းကတည်းက ဥရောပအဆင့်မှာ
ပထမအကျော့နိုင်ထားရင် မရှုံးဖူးသေးပါဘူး။
ဒါပေမဲ့ အဲဒီသမိုင်းကြောင်းကို ယူကရိန်းသားယာမိုလန်ကိုက ပြောင်းလဲပစ်နိုင်ခဲ့တာပါ။
zawgyi
ယူ႐ိုပါလိဂ္စပယ္ရွယ္လစ္အသင္းကို ၿပိဳင္ပြဲကေန ေနာက္ေကာက္ခ်ႏိုင္ခဲ့တဲ့ ဝက္စ္ဟမ္း
ၿပီးခဲ့တဲ့ၾကာသပေတးညဟာ လန္ဒန္အသင္းတစ္သင္းျဖစ္တဲ့
ဝက္စ္ဟမ္းအတြက္ မွတ္မွတ္ရရဒိတ္တစ္ခုျဖစ္ခဲ့ပါတယ္။
ဘာေၾကာင့္လဲဆိုေတာ့ ဟမ္းမားေတြ(တူေတြ)လို႔ နာမည္ေျပာင္ေပးခံထားရတဲ့
ဝက္စ္ဟမ္းဟာ ယူ႐ိုပါလိဂ္စပယ္ရွယ္လစ္အသင္းကို
ၿပိဳင္ပြဲကေန ေနာက္ေကာက္ခ်ႏိုင္ခဲ့တာပါ။
ဆီဗီလာဟာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲရဲ႕အေအာင္ျမင္ဆုံးအသင္းျဖစ္ၿပီး
အဲဒီၿပိဳင္ပြဲမွာ ၆ ႀကိမ္ေတာင္ ဗိုလ္စြဲထားပါတယ္။
ဒါ့အျပင္ ေနာက္ပိုင္းႏွစ္ေတြအတြင္း ယူ႐ိုပါလိဂ္မွာ
သူတို႔ကို ေနာက္ေကာက္ခ်ႏိုင္ခဲ့တဲ့အသင္းက ခပ္ရွားရွားရယ္ပါ။
ဒါေပမဲ့ မေန႔ညကေတာ့ ဝက္စ္ဟမ္းဟာ လန္ဒန္ကြင္းမွာ ပထမအေက်ာ့အရႈံးကို
မိနစ္ ၉၀ အတြင္း ျပန္လည္ေခ်ဖ်က္ႏိုင္ခဲ့ပါတယ္။
ႏွစ္ေက်ာ့ေပါင္း ၁-၁ ျဖစ္ေနတာေၾကာင့္ အခ်ိန္ပိုဆက္ကစားေစရာမွာ
၁၁၂ မိနစ္အေရာက္မွာေတာ့ ယာမိုလန္ကိုက ဝက္စ္ဟမ္းအတြက္
အႏိုင္ဂိုးကို သြင္းေပးႏိုင္ခဲ့ပါတယ္။
အဲဒါေၾကာင့္လည္း ဝက္စ္ဟမ္းဟာ ၂၀၁၃-၁၄ ရာသီေနာက္ပိုင္း
ယူ႐ိုပါလိဂ္မွာ ဆီဗီလာကို ေနာက္ေကာက္ခ်ႏိုင္ခဲ့တဲ့ ဒုတိယေျမာက္အသင္းျဖစ္လာခဲ့တာပါ။
ပိုၿပီးအံ့ၾသစရာေကာင္းတာက ဝက္စ္ဟမ္းဟာ ယူ႐ိုပါလိဂ္မွာ
ဆီဗီလာကို ေနာက္ေကာက္ခ်ႏိုင္ခဲ့တဲ့ ပထမဆုံးအဂၤလိပ္အသင္းျဖစ္လာခဲ့ပါတယ္။
ဆီဗီလာဟာ ၁၉၈၁ ေနာက္ပိုင္းကတည္းက ဥေရာပအဆင့္မွာ
ပထမအေက်ာ့ႏိုင္ထားရင္ မရႈံးဖူးေသးပါဘူး။
ဒါေပမဲ့ အဲဒီသမိုင္းေၾကာင္းကို ယူကရိန္းသားယာမိုလန္ကိုက ေျပာင္းလဲပစ္ႏိုင္ခဲ့တာပါ။