မစ်ဒယ်လ်ဘရော့အသင်းရဲ့ နည်းပြ ခရစ်ဝါဒါ ဟာ ထိပ်တန်း အသင်းတွေ ဖြစ်တဲ့
ယူနိုက်တက် နဲ့ စပါးအသင်းတို့ကို အနိုင်ယူခဲ့ပြီး
အက်ဖ်အေကွာတားကိုတက်လှမ်းနိုင်ခဲ့ပေမယ့် နည်းပြတူချယ်လ်ရဲ့
ချဲလ်ဆီးနဲ့ အတွေ့မှာတော့ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။
နည်းပြ ခရစ်ဝါဒါ ကတော့ တူချယ်လ်ရဲ့ ချဲလ်ဆီးအသင်းကို
ရေလည် ချီးမွမ်းခန်း ဖွင့်ထားပါတယ်။
“ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲမှာ ယူနိုက်တက်အသင်းကို
အသည်းအသန်ကန်ခဲ့ရတယ်ဗျ။ တော့တင်ဟမ်ကိုလည်း
ထိုနည်းအတိုင်းကန်ခဲ့ရတယ်။ ကျွန်တော်တို့က ယူနိုက်တက်ကို အချိန်ဆွဲပြီး
သူတို့ကို ပင်နယ်တီနဲ့ အနိုင်ယူခဲ့တယ်။ တော့တင်ဟမ်နဲ့ပွဲကတော့
ကျွန်တော်တို့အတွက် အပြည့်အ၀ ထိုက်တန်တဲ့ နိုင်ပွဲဖြစ်ပါတယ်။”
“ချဲလ်ဆီးကတော့ ကျွန်တော်တို့ကို အနိုင်ကစားနိုင်တဲ့ နည်းလမ်းရှာတွေ့သွားပါပြီ။
ဒါဟာ မယုံနိုင်စရာကောင်းလောက်တဲ့ မန်နေဂျာတစ်ယောက်
ဦးဆောင်ထားတဲ့ အသင်းရဲ့ စိတ်ဓာတ်ပါပဲ။
သူတို့မှာ သောမတ်စ် ရောက်ရှိလာတာက
အသင်းအတွက်အရမ်းကိုတည်ငြိမ်မှု ရှိလာစေပါတယ်။
ကျွန်တော်တို့ ရင်ဆိုင်ကစားခဲ့ရတဲ့ယူနိုက်တက်နဲ့
စပါး ကလပ်နှစ်သင်းတို့မှာ ဒီလို မရှိပါဘူး။”
“ရူဒီဂါ၊ ဆေးဗားလ်၊ ကွီတာတို့က ဘယ်အသင်းနဲ့ဖြစ်ဖြစ်
အနိုင်ယူချင်ကြတဲ့ စိတ်ဓာတ်တွေကို ပိုင်ဆိုင်ထားကြတာပဲ၊
နောက်ပြီး အသင်းသားတွေအားလုံးကလည်း စုဖွဲ့မှု အရမ်းအားကောင်းကြတယ်။
အဲဒီလိုကြောင့်လည်း သူတို့က အရာရာကို အနိုင်ယူပြီး
ချန်ပီယံတွေ ဖြစ်နေကြတာပါ။”လို့ ချီးကျူးလိုက်ပါတယ် ။
zawgyi
ယူနိုက်တက်၊ စပါးတို့ထက် ချဲလ်ဆီးက သာတယ်လို့ ခရစ်ဝါဒါ ပြောဆို