ယူနိုက်တက်းရဲ့ဝါရင့်နောက်ခံလူ ဖီးလ်ဂျုံးစ်ကို ဘော်ဒိုးဆီအငှားချဖို့အတွက် ဆွေးနွေးမှုပြုလုပ်နေပြီ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ဝါရင့်နောက်ခံလူ

ဖီးလ်ဂျုံးစ်ကို ဘော်ဒိုးအသင်းဆီအငှားချဖို့အတွက်

ဆွေးနွေးမှုပြုလုပ်နေပြီဖြစ်ပါတယ်။

ဘော်ဒိုးအသင်းဟာ ပြီးခဲ့တဲ့သောကြာနေ့က လိုင်ယွန်အသင်းက

အသက်(၃၄)နှစ်အရွယ်နောက်ခံလူမာဆယ်လိုကိုခေါ်ယူခဲ့ပေမယ့်

နောက်ထပ်ဝါရင့်နောက်ခံလူတစ်ဦးကို ထပ်ခေါ်လိုနေပြီး

ဖီးလ်ဂျုံးစ်ကို ပစ်မှတ်ထားနေတာပါ။

ဖီးလ်ဂျုံးစ်ဟာ ဒူးဒဏ်ရာကြောင့် ၂၀၂၀၊ ဇန်နဝါရီနောက်ပိုင်းကတည်းက

အနားယူခဲ့ရပြီး အခုဇန်နဝါရီလအစောပိုင်းမှာကစားခဲ့တဲ့

ဝုလ်ဗ်အသင်းနဲ့ပွဲမှ ယူနိုက်တက်အသင်းအတွက်

တစ်ကျော့ပြန်ပါဝင်ကစားခဲ့ပေမယ့် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ဖီးလ်ဂျုံးစ်အနေနဲ့

အခုထက်ပိုပွဲထွက်ကစားခွင့်ရဖို့ အသင်းပြောင်းရွှေ့လိုနေပြီး

ဘော်ဒိုးနဲ့ယူနိုက်တက်အသင်းတို့ရဲ့အပြောင်းအရွှေ့ကိစ္စဆွေေးနွးမှုက

စတင်နေပြီဖြစ်တယ်လို့ ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။

ဖီးလ်ဂျုံးစ်ကို တခြားပရီးမီးယားလိဂ်ကလပ်တွေကလည်း

အငှားခေါ်လိုပေမယ့် ပွဲကစားမှငွေရမယ်ဆိုတဲ့ပုံစံကြောင့်

ဖီးလ်ဂျုံးစ်အတွက်အဆင်မပြေလို့ ဘော်ဒိုအသင်းဆီပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္းရဲ႕ဝါရင့္ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္ကို ေဘာ္ဒိုးဆီအငွားခ်ဖို႔အတြက္ ေဆြးေႏြးမႈျပဳလုပ္ေနၿပီ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းရဲ႕ဝါရင့္ေနာက္ခံလူ

ဖီးလ္ဂ်ဳံးစ္ကို ေဘာ္ဒိုးအသင္းဆီအငွားခ်ဖို႔အတြက္

ေဆြးေႏြးမႈျပဳလုပ္ေနၿပီျဖစ္ပါတယ္။

ေဘာ္ဒိုးအသင္းဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က လိုင္ယြန္အသင္းက

အသက္(၃၄)ႏွစ္အ႐ြယ္ေနာက္ခံလူမာဆယ္လိုကိုေခၚယူခဲ့ေပမယ့္

ေနာက္ထပ္ဝါရင့္ေနာက္ခံလူတစ္ဦးကို ထပ္ေခၚလိုေနၿပီး

ဖီးလ္ဂ်ဳံးစ္ကို ပစ္မွတ္ထားေနတာပါ။

ဖီးလ္ဂ်ဳံးစ္ဟာ ဒူးဒဏ္ရာေၾကာင့္ ၂၀၂၀၊ ဇန္နဝါရီေနာက္ပိုင္းကတည္းက

အနားယူခဲ့ရၿပီး အခုဇန္နဝါရီလအေစာပိုင္းမွာကစားခဲ့တဲ့

ဝုလ္ဗ္အသင္းနဲ႔ပြဲမွ ယူႏိုက္တက္အသင္းအတြက္

တစ္ေက်ာ့ျပန္ပါဝင္ကစားခဲ့ေပမယ့္ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဖီးလ္ဂ်ဳံးစ္အေနနဲ႔

အခုထက္ပိုပြဲထြက္ကစားခြင့္ရဖို႔ အသင္းေျပာင္းေ႐ႊ႕လိုေနၿပီး

ေဘာ္ဒိုးနဲ႔ယူႏိုက္တက္အသင္းတို႔ရဲ႕အေျပာင္းအေ႐ႊ႕ကိစၥေဆြေးႏြးမႈက

စတင္ေနၿပီျဖစ္တယ္လို႔ ၿဗိတိန္သတင္းစာ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ဖီးလ္ဂ်ဳံးစ္ကို တျခားပရီးမီးယားလိဂ္ကလပ္ေတြကလည္း

အငွားေခၚလိုေပမယ့္ ပြဲကစားမွေငြရမယ္ဆိုတဲ့ပုံစံေၾကာင့္

ဖီးလ္ဂ်ဳံးစ္အတြက္အဆင္မေျပလို႔ ေဘာ္ဒိုအသင္းဆီေျပာင္းေ႐ႊ႕လိုေနတာျဖစ္ပါတယ္။