ယူနိုက်တက်တို့ အားတက်စေဖို့ မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်
လောလောလတ်လတ်ပွဲမှာတော့ ယူနိုက်တက် ကံကောင်းထားပါတယ်။
လွဲချင်တဲ့ အခါလွဲပြီး ၊ မှန်ချင်တဲ့ အခါမှန်တဲ့ မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။
ယူနိုက်တက်ပွဲကတော့ ဒီဇင်ဘာ ၅ ရက်၊ တနင်္ဂနွေနေ့၊ ည ၈း၃ဝ နာရီဖြစ်ပါတယ်။
အိုဝင်က “အဓိက ကစားသမား ရော်နယ်ဒိုဟာ အာဆင်နယ်နဲ့ ပွဲမှာ ကစားသမားဘ၀ သွင်းဂိုး ၈၀၀ နဲ့ ၈၀၁ ဂိုးမြောက် သွင်းယူကာ ဟီးရိုးဖြစ်ခဲ့ပါတယ်။
နည်းပြသစ် ရန်းနစ် အနေနဲ့ ရော်နယ်ဒိုကို ဘယ်လိုမျိုး manage လုပ်သွားမလဲဆိုတာ အရမ်း စိတ်ဝင်စားစရာ ကောင်းပါတယ်။
ပဲလေ့စ်ကတော့ ၂ ပွဲဆက် ရှုံးပွဲ ကြုံခဲ့ရပါတယ်။
သူတို့ဟာ လိဒ်နဲ့ပွဲမှာ အခွင့်အရေး အနည်းငယ် ရခဲ့ပေမယ့်လည်း ပွဲပြီးခါနီးမှာ ဂိုးပေးလိုက်ရတာကတော့ ခံရခက်နေမှာ ပါပဲ။”
“ပဲလေ့စ်ဟာ ဒီရာသီမှာ ထိပ်တန်းအသင်းတွေကို ပြဿနာတွေ ပေးခဲ့တဲ့ အသင်း ဖြစ်ပါတယ်။
ကျွန်တော်ကတော့ ယူနိုက်တက် အတွက် လွယ်ကူလိမ့်မယ်လို့ မထင်မိပါဘူး။
ဒါပေမယ့် ယူနိုက်တက်တို့ ပဲလေ့စ်ကို အနိုင်ကစားဖို့ အတွက်တော့ လုံလောက်မှု ရှိပါတယ်။”ဆိုပြီး ပြောပါတယ်။
အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့ ယူနိုက်တက် ၂-၁ ပဲလေ့စ် ဖြစ်ပါတယ်။
zawgyi