ယူနိုက်တက်စတားလင်ဒီလော့ဖ် ဘရန့်ဖို့ဒ်နှင့်ပွဲကစားနေစဉ် နေအိမ်ဖောက်ထွင်းခံခဲ့ရ

မန်ချက်စတာယူနိုက်တက်စတားဗစ်တာလင်ဒီလော့ဖ်က

ဘရန့်ဖို့ဒ်နှင့်ပွဲသွားရောက်ကစားနေစဉ် နေအိမ်ဖောက်ထွင်းခံခဲ့ရပြီး

ဇနီးသည်နှင့်ကလေးများတို့အကြီးအကျယ်

တုန်လှုပ်ကြောက်လန့်ခဲ့ကြရကြောင်းသိရပါတယ်။

ဆွီဒင်နောက်ခံလူရဲ့ဇနီးသည်မာဂျာလင်ဒီဖော့ဖ်က

သူမရဲ့တုန်လှုပ်စရာအဖြစ်အပျက်ကိုအင်စတာဂရမ်ကနေ

ပရိသတ်များကိုအသိပေးသွားတာလည်းဖြစ်ပါတယ်။

သူမနှင့်ကလေးနှစ်ဦးတို့ဟာမန်ချက်စတာရှိသူတို့ရဲ့နေအိမ်ကို

ဖောက်ထွင်းသမားများဝင်ရောက်လာချိန်မှာ

အခန်းတစ်ခန်းမှာပုန်းအောင်းနေခဲ့ရပါတယ်။

ယင်းအချိန်တွင်အသက်၂၇နှစ်ရှိမန်ချက်စတာယူနိုက်တက်နောက်ခံလူမှာ

အိမ်မှာမရှိဘဲ ဘရန့်ဖို့ဒ်ကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်သွားရောက်ကစားနေပါတယ်။

မာဂျာနှင့်ကလေးများဟာမန်ချက်စတာတွင်ကြုံခဲ့ရတဲ့အဖြစ်အပျက်ကြောင့်

လတ်တလောတွင်ဆွီဒင်သို့သွားရောက်နေကြပါတယ်။

ဆွီဒင်နောက်ခံလူဟာဗုဒ္ဓဟူးနေ့ကဘရန့်ဖို့ဒ်နှင့်ပွဲစဉ်တွင်

ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြရေးဖ်ရန်းနစ်ခ်ဟာအထက်ပါအဖြစ်အပျက်ကြောင့်

ဝက်စ်ဟမ်းနှင့်ပွဲကစားမယ့်ပွဲတွင်လင်ဒီလော့ဖ်ကို

မထည့်သွင်းဘဲအနားပေးထားပါတယ်။

ဒါ့အပြင်အန်တီသေဆုံးမှုကြောင့်အသုဘအခမ်းအနားသို့

တက်ရောက်နေတဲ့ ဂျာဒွန်ဆန်ချိုမှာလည်း

ဝက်စ်ဟမ်းနှင့်ပွဲတွင်ပါဝင်လာဖို့မရှိပါဘူး။

zawgyi

ယူႏိုက္တက္စတားလင္ဒီေလာ့ဖ္ ဘရန႔္ဖို႔ဒ္ႏွင့္ပြဲကစားေနစဥ္ ေနအိမ္ေဖာက္ထြင္းခံခဲ့ရ

မန္ခ်က္စတာယူႏိုက္တက္စတားဗစ္တာလင္ဒီေလာ့ဖ္က

ဘရန႔္ဖို႔ဒ္ႏွင့္ပြဲသြားေရာက္ကစားေနစဥ္ ေနအိမ္ေဖာက္ထြင္းခံခဲ့ရၿပီး

ဇနီးသည္ႏွင့္ကေလးမ်ားတို႔အႀကီးအက်ယ္

တုန္လႈပ္ေၾကာက္လန႔္ခဲ့ၾကရေၾကာင္းသိရပါတယ္။

ဆြီဒင္ေနာက္ခံလူရဲ႕ဇနီးသည္မာဂ်ာလင္ဒီေဖာ့ဖ္က

သူမရဲ႕တုန္လႈပ္စရာအျဖစ္အပ်က္ကိုအင္စတာဂရမ္ကေန

ပရိသတ္မ်ားကိုအသိေပးသြားတာလည္းျဖစ္ပါတယ္။

သူမႏွင့္ကေလးႏွစ္ဦးတို႔ဟာမန္ခ်က္စတာရွိသူတို႔ရဲ႕ေနအိမ္ကို

ေဖာက္ထြင္းသမားမ်ားဝင္ေရာက္လာခ်ိန္မွာ

အခန္းတစ္ခန္းမွာပုန္းေအာင္းေနခဲ့ရပါတယ္။

ယင္းအခ်ိန္တြင္အသက္၂၇ႏွစ္ရွိမန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူမွာ

အိမ္မွာမရွိဘဲ ဘရန႔္ဖို႔ဒ္ကို၃-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္သြားေရာက္ကစားေနပါတယ္။

မာဂ်ာႏွင့္ကေလးမ်ားဟာမန္ခ်က္စတာတြင္ႀကဳံခဲ့ရတဲ့အျဖစ္အပ်က္ေၾကာင့္

လတ္တေလာတြင္ဆြီဒင္သို႔သြားေရာက္ေနၾကပါတယ္။

ဆြီဒင္ေနာက္ခံလူဟာဗုဒၶဟူးေန႔ကဘရန႔္ဖို႔ဒ္ႏွင့္ပြဲစဥ္တြင္

ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့သူျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပေရးဖ္ရန္းနစ္ခ္ဟာအထက္ပါအျဖစ္အပ်က္ေၾကာင့္

ဝက္စ္ဟမ္းႏွင့္ပြဲကစားမယ့္ပြဲတြင္လင္ဒီေလာ့ဖ္ကို

မထည့္သြင္းဘဲအနားေပးထားပါတယ္။

ဒါ့အျပင္အန္တီေသဆုံးမႈေၾကာင့္အသုဘအခမ္းအနားသို႔

တက္ေရာက္ေနတဲ့ ဂ်ာဒြန္ဆန္ခ်ိဳမွာလည္း

ဝက္စ္ဟမ္းႏွင့္ပြဲတြင္ပါဝင္လာဖို႔မရွိပါဘူး။