
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဒွန်နီဗန်ဒီဘိခ်ကို
ကလပ်သုံးခုကခေါ်ယူဖို့ဆက်သွယ်ထားကြပါတယ်။
နယူးကာဆယ်၊ခရစ္စတယ်ပဲလေ့စ်နှင့်ဗလင်စီယာအသင်းတို့ဖြစ်ပါတယ်။
ဒါပေမဲ့ယူနိုက်တက်ဟာအချက်တစ်ချက်နှင့်ကိုက်ညီမှုရှိမှသာလျှင်
ဗန်ဒီဘိခ်ကိုအငှားချသွားပါမယ်။
ဗန်ဒီဘိခ်ဟာ၂၀၂၀ခုနှစ်၊ဩဂုတ်လတုန်းကအေဂျက်စ်မှ
ယူနိုက်တက်သို့ရောက်လာပြီးနောက် ပရိသတ်၊
ဘောလုံးဝေဖန်ရေးသမားတို့ရဲ့များစွာမျှော်လင့်ခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့သူဟာယူနိုက်တက်တွင်ကစားတဲ့၁၈လတာကာလအတွင်းတွင်
အခွင့်အရေးများစွာမရရှိဘဲပရီးမီးယားလိဂ်ပွဲ၄ပွဲတည်းသာပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။
သူဟာယခင်နည်းပြဆိုးလ်ရှားလက်ထက်တွင်အခွင့်အရေးမရခဲ့သလို
ယာယီနည်းပြရန်းနစ်ခ်လက်အောက်တွင်လည်းနေရာထပ်မံပျောက်နေပါတယ်။
သူဟာယူနိုက်တက်တွင်ပွဲကစားခွင့်မရရှိမှုနဲ့အတူ
နယ်သာလန်အသင်းတွင်ချန်လှပ်ခြင်းခံနေရပြီးယခုနှစ်အကုန်တွင်
ကျင်းပမယ့်ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်မရရှိမှာအလွန်စိုးရိမ်နေရပါတယ်။
ယူနိုက်တက်ဟာဒွန်နီဗန်ဒီဘိခ်ကိုယခုဇန်နဝါရီတွင်အငှားချသွားမှာဖြစ်ပေမဲ့
အချက်တစ်ချက်ကိုက်ညီမှသာလျှင်အငှားချပါမယ်။
ယူနိုတက်ဟာဗန်ဒီဘိခ်ကို အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့်
အငှားစာချုပ်ကမ်းလှမ်းလာမှုကိုပယ်ချသွားမှာဖြစ်ပြီး
ခြောက်လတည်းသာအငှားချရန်စီစဉ်နေတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာယခုရာသီအကုန်တွင်နည်းပြသစ်ခန့်အပ်ရန်စီစဉ်ထားပြီး
ယင်းအထဲတွင်ဗန်ဒီဘိခ်ရဲ့ဆရာဟောင်း
အေဂျက်စ်နည်းပြတင်ဟက်လည်းပါဝင်နေပါတယ်။
ဒါကြောင့်အဲရစ်တင်ဟက်သာယူနိုက်တက်နည်းပြဖြစ်လာပါက
ဗန်ဒီဘိခ်မှာလာမယ့်၂၀၂၂-၂၃ရာသီတွင်ယူနိုက်တက်ရဲ့
အရေးပါတဲ့ကစားသမားဖြစ်လာဖို့ရှိနေပါတယ်။
ဒါကြောင့်လည်းယူနိုက်တက်ဟာဗန်ဒီဘိခ်ကိုခြောက်လတည်းသာ
အငှားချလိုနေတာလည်းဖြစ်ပါတယ်။
zawgyi
ယူႏိုက္တက္ကခ်မွတ္ထားတဲ့ အခ်က္တစ္ခ်က္နဲ႔ ကိုက္ညီမွ ဗန္ဒီကို အငွားခ်မယ္
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားဒြန္နီဗန္ဒီဘိခ္ကို
ကလပ္သုံးခုကေခၚယူဖို႔ဆက္သြယ္ထားၾကပါတယ္။
နယူးကာဆယ္၊ခရစၥတယ္ပဲေလ့စ္ႏွင့္ဗလင္စီယာအသင္းတို႔ျဖစ္ပါတယ္။
ဒါေပမဲ့ယူႏိုက္တက္ဟာအခ်က္တစ္ခ်က္ႏွင့္ကိုက္ညီမႈရွိမွသာလွ်င္
ဗန္ဒီဘိခ္ကိုအငွားခ်သြားပါမယ္။
ဗန္ဒီဘိခ္ဟာ၂၀၂၀ခုႏွစ္၊ဩဂုတ္လတုန္းကေအဂ်က္စ္မွ
ယူႏိုက္တက္သို႔ေရာက္လာၿပီးေနာက္ ပရိသတ္၊
ေဘာလုံးေဝဖန္ေရးသမားတို႔ရဲ႕မ်ားစြာေမွ်ာ္လင့္ျခင္းခံခဲ့ရပါတယ္။
ဒါေပမဲ့သူဟာယူႏိုက္တက္တြင္ကစားတဲ့၁၈လတာကာလအတြင္းတြင္
အခြင့္အေရးမ်ားစြာမရရွိဘဲပရီးမီးယားလိဂ္ပြဲ၄ပြဲတည္းသာပြဲထြက္ခြင့္ရရွိခဲ့ပါတယ္။
သူဟာယခင္နည္းျပဆိုးလ္ရွားလက္ထက္တြင္အခြင့္အေရးမရခဲ့သလို
ယာယီနည္းျပရန္းနစ္ခ္လက္ေအာက္တြင္လည္းေနရာထပ္မံေပ်ာက္ေနပါတယ္။
သူဟာယူႏိုက္တက္တြင္ပြဲကစားခြင့္မရရွိမႈနဲ႔အတူ
နယ္သာလန္အသင္းတြင္ခ်န္လွပ္ျခင္းခံေနရၿပီးယခုႏွစ္အကုန္တြင္
က်င္းပမယ့္ကမာၻ႔ဖလားမွာ ပါဝင္ခြင့္မရရွိမွာအလြန္စိုးရိမ္ေနရပါတယ္။
ယူႏိုက္တက္ဟာဒြန္နီဗန္ဒီဘိခ္ကိုယခုဇန္နဝါရီတြင္အငွားခ်သြားမွာျဖစ္ေပမဲ့
အခ်က္တစ္ခ်က္ကိုက္ညီမွသာလွ်င္အငွားခ်ပါမယ္။
ယူႏိုတက္ဟာဗန္ဒီဘိခ္ကို အၿပီးသတ္ေခၚယူမယ့္အခ်က္ျဖင့္
အငွားစာခ်ဳပ္ကမ္းလွမ္းလာမႈကိုပယ္ခ်သြားမွာျဖစ္ၿပီး
ေျခာက္လတည္းသာအငွားခ်ရန္စီစဥ္ေနတာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာယခုရာသီအကုန္တြင္နည္းျပသစ္ခန႔္အပ္ရန္စီစဥ္ထားၿပီး
ယင္းအထဲတြင္ဗန္ဒီဘိခ္ရဲ႕ဆရာေဟာင္း
ေအဂ်က္စ္နည္းျပတင္ဟက္လည္းပါဝင္ေနပါတယ္။
ဒါေၾကာင့္အဲရစ္တင္ဟက္သာယူႏိုက္တက္နည္းျပျဖစ္လာပါက
ဗန္ဒီဘိခ္မွာလာမယ့္၂၀၂၂-၂၃ရာသီတြင္ယူႏိုက္တက္ရဲ႕
အေရးပါတဲ့ကစားသမားျဖစ္လာဖို႔ရွိေနပါတယ္။
ဒါေၾကာင့္လည္းယူႏိုက္တက္ဟာဗန္ဒီဘိခ္ကိုေျခာက္လတည္းသာ
အငွားခ်လိုေနတာလည္းျဖစ္ပါတယ္။