ယူကရိန်းက စစ်ဘေးသင့်ကလေးငယ်တွေကို ဒေါ်လာ ၅ သိန်းလှူမယ့် ဖက်ဒါရာ

ဆွစ်ဇာလန်တင်းနစ်အကျော်အမော်ရော်ဂျာဖက်ဒါရာက

ယူကရိန်းက စစ်ဘေးသင့်ကလေးငယ်တွေကို ကူညီဖို့ သူ့အနေနဲ့

အမေရိကန်ဒေါ်လာ ၅ သိန်လှူဒါန်းမှဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့လမှာ ရုရှားက စတင်ကျူးကျော်မှုလုပ်ပြီးကတည်းက

ကမ္ဘာ့ကုလသမဂ္ဂရဲ့အဆိုအရ နိုင်ငံအတွင်းက ထွက်ပြေးသူ ၃ သန်းကျော်ရှိပြီး

အဲဒီထဲမှာ ကလေးအများစုပါဝင်တယ်လို့ သိရပါတယ်။

တင်းနစ်က ကမ္ဘာ့နံပတ် ၁ ဟောင်း ဖက်ဒါရာဟာ

သူ့ရဲ့ဖောင်ဒေးရှင်းကနေတစ်ဆင့် လှူဒန်းမှုပြုလုပ်သွားမှာပါ။

”ယူကရိန်းက ပုံတွေကိုကြည့်ပြီး ကျွန်တော်နဲ့ကျွန်တော့်မိသားစုဟာ

ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ အပြစ်ကင်းတဲ့သူတွေ

ဆိုးဆိုးရွားရွားထိခိုက်တာကို ကြည့်ပြီး အဲသဲကွဲခဲ့ရတာပါ။

ယူကရိန်းက ဂရုစိုက်မှုလိုအပ်တဲ့ ကလေးတွေအတွက်

ကျွန်တော်တို့ ထောက်ပံ့မှုပေးသွားမှာပါ။

အခုဆို ယူကရိန်းမှာ ကျောင်းမတက်ရတဲ့ကလေးအရေအတွက်ဟာ

၆ သန်းလောက်ရှိပါတယ်။ အခုလိုအချိန်မှာ သူတို့ဟာ ထောက်ပံ့မှု

အရမ်းကိုလိုအပ်နေတာပါ”လု့ိ အသက် ၄၀ အရွယ်

အဲဒီဆွစ်ဇာလန်တင်းနစ်ကစားသမားက Twitter မှာ ရေးတင်ခဲ့ပါတယ်။

ဖက်ဒါရာဟာ အားကစားကမ္ဘာထဲကဆို ယူကရိန်းအရေးအတွက်

ငွေကြေးလှူဒါန်းတဲ့ နောက်ဆုံးသူလည်း ဖြစ်တာပါ။

ဘောလုံးအားကစားထဲကဆိုရင်လည်း ယူကရိန်းအတွက်

ကူညီလှူဒါန်းပေးမှုတွေ ရှိနေပါတယ်။

အခုအပတ်အစောပိုင်းက ရီးရဲလ်အသင်းက ယူကရိန်းအရေးအတွက်

ကြက်ခြေနီအပါအဝင် ရန်ပုံငွေအဖွဲ့တွေဆီ ယူရို ၁ သန်း လှူဒါန်းမယ်လို့ ကတိပြုခဲ့ပါတယ်။

အီတလီထိပ်သီးဂျူဗင်တပ်ကလည်း ထွက်ပြေးလာတဲ့ ယူကရိန်းဒုက္ခသည်တွေကို

သယ်ယူပို့ဆောင်ရေးအတွက် ဘတ်စ်ကားတွေ စေလွှတ်ပေးခဲ့တာပါ။

ပရီးယားလိဂ်က အဲဗာတန်အသင်းကလည်း ယူကရိန်းအရေးအတွက်

ပေါင်း ၂၅၀၀၀၀ လှူဒါန်းပြီး ဖြစ်ပါတယ်။

ဗြိတိန်တင်းနစ်အကျော်အမော်အန်ဒီမာရေးကလည်း လက်ကျန်နှစ်မှာ

သူရတဲ့ ဆုကြေးတွေကို စစ်ဘေးသင့်ယူကရိန်းကလေးငယ်တွေအတွက်

လှူဒါန်းသွားမယ်လို့ ကတိပေးထားတာပါ။

zawgyi

ယူကရိန္းက စစ္ေဘးသင့္ကေလးငယ္ေတြကို ေဒၚလာ ၅ သိန္းလႉမယ့္ ဖက္ဒါရာ

ဆြစ္ဇာလန္တင္းနစ္အေက်ာ္အေမာ္ေရာ္ဂ်ာဖက္ဒါရာက

ယူကရိန္းက စစ္ေဘးသင့္ကေလးငယ္ေတြကို ကူညီဖို႔ သူ႔အေနနဲ႔

အေမရိကန္ေဒၚလာ ၅ သိန္လႉဒါန္းမွျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တဲ့လမွာ ႐ုရွားက စတင္က်ဴးေက်ာ္မႈလုပ္ၿပီးကတည္းက

ကမာၻ႔ကုလသမဂၢရဲ႕အဆိုအရ ႏိုင္ငံအတြင္းက ထြက္ေျပးသူ ၃ သန္းေက်ာ္ရွိၿပီး

အဲဒီထဲမွာ ကေလးအမ်ားစုပါဝင္တယ္လို႔ သိရပါတယ္။

တင္းနစ္က ကမာၻ႔နံပတ္ ၁ ေဟာင္း ဖက္ဒါရာဟာ

သူ႔ရဲ႕ေဖာင္ေဒးရွင္းကေနတစ္ဆင့္ လႉဒန္းမႈျပဳလုပ္သြားမွာပါ။

”ယူကရိန္းက ပုံေတြကိုၾကည့္ၿပီး ကြၽန္ေတာ္နဲ႔ကြၽန္ေတာ့္မိသားစုဟာ

ထိတ္လန႔္တုန္လႈပ္ခဲ့ရပါတယ္။ အျပစ္ကင္းတဲ့သူေတြ

ဆိုးဆိုး႐ြား႐ြားထိခိုက္တာကို ၾကည့္ၿပီး အဲသဲကြဲခဲ့ရတာပါ။

ယူကရိန္းက ဂ႐ုစိုက္မႈလိုအပ္တဲ့ ကေလးေတြအတြက္

ကြၽန္ေတာ္တို႔ ေထာက္ပံ့မႈေပးသြားမွာပါ။

အခုဆို ယူကရိန္းမွာ ေက်ာင္းမတက္ရတဲ့ကေလးအေရအတြက္ဟာ

၆ သန္းေလာက္ရွိပါတယ္။ အခုလိုအခ်ိန္မွာ သူတို႔ဟာ ေထာက္ပံ့မႈ

အရမ္းကိုလိုအပ္ေနတာပါ”လု႔ိ အသက္ ၄၀ အ႐ြယ္

အဲဒီဆြစ္ဇာလန္တင္းနစ္ကစားသမားက Twitter မွာ ေရးတင္ခဲ့ပါတယ္။

ဖက္ဒါရာဟာ အားကစားကမာၻထဲကဆို ယူကရိန္းအေရးအတြက္

ေငြေၾကးလႉဒါန္းတဲ့ ေနာက္ဆုံးသူလည္း ျဖစ္တာပါ။

ေဘာလုံးအားကစားထဲကဆိုရင္လည္း ယူကရိန္းအတြက္

ကူညီလႉဒါန္းေပးမႈေတြ ရွိေနပါတယ္။

အခုအပတ္အေစာပိုင္းက ရီးရဲလ္အသင္းက ယူကရိန္းအေရးအတြက္

ၾကက္ေျခနီအပါအဝင္ ရန္ပုံေငြအဖြဲ႕ေတြဆီ ယူ႐ို ၁ သန္း လႉဒါန္းမယ္လို႔ ကတိျပဳခဲ့ပါတယ္။

အီတလီထိပ္သီးဂ်ဴဗင္တပ္ကလည္း ထြက္ေျပးလာတဲ့ ယူကရိန္းဒုကၡသည္ေတြကို

သယ္ယူပို႔ေဆာင္ေရးအတြက္ ဘတ္စ္ကားေတြ ေစလႊတ္ေပးခဲ့တာပါ။

ပရီးယားလိဂ္က အဲဗာတန္အသင္းကလည္း ယူကရိန္းအေရးအတြက္

ေပါင္း ၂၅၀၀၀၀ လႉဒါန္းၿပီး ျဖစ္ပါတယ္။

ၿဗိတိန္တင္းနစ္အေက်ာ္အေမာ္အန္ဒီမာေရးကလည္း လက္က်န္ႏွစ္မွာ

သူရတဲ့ ဆုေၾကးေတြကို စစ္ေဘးသင့္ယူကရိန္းကေလးငယ္ေတြအတြက္

လႉဒါန္းသြားမယ္လို႔ ကတိေပးထားတာပါ။