ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါက လုပ်ခ ၂၅ ရာခိုင်နှုန်းလျှော့ချခံရမယ့် ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်သာချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါက

လုပ်ခ၂၅ရာခိုင်နှုန်းလျှော့ချခံရမည်ဖြစ်ကြောင်းသိရပါတယ်။

ယူနိုက်တက်စူပါစတားဟာအိုးထရက်ဖို့ဒ်တွင်တစ်ပတ်လုပ်ခ

ပေါင်၄၈၀၀၀၀ရရှိနေသူဖြစ်ပြီးတစ်နှစ်လုပ်ခပေါင်၂၅သန်းရရှိနေပါတယ်။

ဒါပေမဲ့အကယ်၍ယူနိုက်တက်သာယခုရာသီတွင်

ချန်ပီယံလိဂ်ဝင်ခွင့်မရရှိလျှင်ခရစ္စတီယာနိုရော်နယ်ဒိုဟာ

လာမယ့်ရာသီမှာတစ်ပတ်လုပ်ခပေါင်၃၆၀၀၀၀သာရရှိပါမယ်။

ယူနိုက်တက်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၇နေရာမှာ

ရပ်တည်နေပြီးစတုတ္ထနေရာမှဝက်စ်ဟမ်းနှင့်ရမှတ်၂မှတ်တည်းသာကွာဟနေပါတယ်။

ဒါပေမဲ့ယူနိုက်တက်ဟာချန်ပီယံလိဂ်ဝင်ခွင့်အဆင့်၄နေရာအတွက်

ဝက်စ်ဟမ်း၊စပါးစ်၊အာဆင်နယ်တို့နှင့်ယှဉ်ပြိုင်နေရပါတယ်။

တဖက်တွင်ယူနိုက်တက်အနေဖြင့်ယခုရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါက

ယခုရာသီချန်ပီယံလိဂ်ချန်ပီယံဖြစ်အောင်စွမ်းဆောင်မှသာလျှင်

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်ပါမယ်။

ယူနိုက်တက်ဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှာ

အက်သလက်တီကိုမက်ဒရစ်နှင့်ထိပ်တိုက်တွေ့နေပါတယ်။

၎င်းတို့ဟာဖေဖော်ဝါရီလ၂၃ရက်နေ့တွင်စပိန်သို့သွားရောက်ကာ

အဝေးကွင်းပွဲကစားရမှာဖြစ်ပြီးမတ်လ၁၅ရက်နေ့မှာ

အိုးထရက်ဖို့ဒ်မှာဒုတိယအကျော့ပွဲအဖြစ်ဧည့်ခံကစားရပါမယ်။

zawgyi

ယခုရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိပါက လုပ္ခ ၂၅ ရာခိုင္ႏႈန္းေလွ်ာ့ခ်ခံရမယ့္ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္သာခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိပါက

လုပ္ခ၂၅ရာခိုင္ႏႈန္းေလွ်ာ့ခ်ခံရမည္ျဖစ္ေၾကာင္းသိရပါတယ္။

ယူႏိုက္တက္စူပါစတားဟာအိုးထရက္ဖို႔ဒ္တြင္တစ္ပတ္လုပ္ခ

ေပါင္၄၈၀၀၀၀ရရွိေနသူျဖစ္ၿပီးတစ္ႏွစ္လုပ္ခေပါင္၂၅သန္းရရွိေနပါတယ္။

ဒါေပမဲ့အကယ္၍ယူႏိုက္တက္သာယခုရာသီတြင္

ခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိလွ်င္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ

လာမယ့္ရာသီမွာတစ္ပတ္လုပ္ခေပါင္၃၆၀၀၀၀သာရရွိပါမယ္။

ယူႏိုက္တက္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၇ေနရာမွာ

ရပ္တည္ေနၿပီးစတုတၳေနရာမွဝက္စ္ဟမ္းႏွင့္ရမွတ္၂မွတ္တည္းသာကြာဟေနပါတယ္။

ဒါေပမဲ့ယူႏိုက္တက္ဟာခ်န္ပီယံလိဂ္ဝင္ခြင့္အဆင့္၄ေနရာအတြက္

ဝက္စ္ဟမ္း၊စပါးစ္၊အာဆင္နယ္တို႔ႏွင့္ယွဥ္ၿပိဳင္ေနရပါတယ္။

တဖက္တြင္ယူႏိုက္တက္အေနျဖင့္ယခုရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိပါက

ယခုရာသီခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္မွသာလွ်င္

ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိႏိုင္ပါမယ္။

ယူႏိုက္တက္ဟာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွာ

အက္သလက္တီကိုမက္ဒရစ္ႏွင့္ထိပ္တိုက္ေတြ႕ေနပါတယ္။

၎တို႔ဟာေဖေဖာ္ဝါရီလ၂၃ရက္ေန႔တြင္စပိန္သို႔သြားေရာက္ကာ

အေဝးကြင္းပြဲကစားရမွာျဖစ္ၿပီးမတ္လ၁၅ရက္ေန႔မွာ

အိုးထရက္ဖို႔ဒ္မွာဒုတိယအေက်ာ့ပြဲအျဖစ္ဧည့္ခံကစားရပါမယ္။