
ဘာစီလိုနာအသင်းဟာ မနေ့ညက ဆီဗီလာနဲ့ ပွဲစဥ်မှာ ပက်ဒရီရဲ့ မှော်ဆန်တဲ့
ကန်ချက်နဲ့အတူ နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် လာလီဂါအမှတ်ပေးဇယား
အဆင့် ( ၂ ) နေရာကို ရောက်ရှိလာခဲ့ပါတယ်။
ကတ်တလန်ကလပ်ဟာ အမှတ်ပေးချန်ပီယံဆုအတွက်
ရီးရဲမက်ဒရစ်ကို စိန်ခေါ်နိုင်မယ့် လက်ကျန်အခွင့်အရေးလေးကို
အကောင်းဆုံးအသုံးချနိုင်ဖို့ အဆင့် ( ၄ ) အတွင်းက
ပြိုင်ဘက်ကို အသားစီးကစားသွားခဲ့ပါတယ်။
ဇာဗီရဲ့ အသင်းက နူးကမ့်မှာ ပထမပိုင်းအတွင်း အခွင့်အရေး ဖန်တီးနိုင်မှုပိုင်း
အားနည်းခဲ့ပြီး နောက်ဆုံးပေးပို့မှုတေွမှာ လိုအပ်ချက်ရှိခဲ့တာတွေ့ရပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဘာစီလိုနာက အခွင့်အရေးတွေ
ပိုမိုဖန်တီးလာနိုင်ပြီး ဂျာရတ် ပီကေးရဲ့ ခေါင်းတိုက်ချက် ဂိုးဘားတန်းထိမှန်ခဲ့လို့သာ
စောစောစီးစီး ဂိုးမရခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ပွဲပြီးဆုံးဖို့ မိနစ် ( ၂၀ ) အလိုမှာေတာ့ ပက်ဒရီက
ဆီဗီလာကစားသမားတွေများစွာကို မြက်ခင်းပေါ်လှဲကျသွားအောင်
ဟန်ပြလှည့်ကွက် ( ၂ ) ကြိမ် ပြုလုပ်ခဲ့ြပီးနောက် ဂိုးရဲ့ အောက်ခြေထောင့်ကုိ
လှလှပပ ကန်သွင်းကာ အဖိုးတန်အနိုင်ဂိုး ရယူပေးခဲ့ပါတယ်။
ဆီဗီလာရဲ့ အားကစားဒါရုိက်တာ မွန်ချီကတောင်
“ ပက်ဒရီရဲ့ သွင်းဂိုးက သမိုင်းတင်ကျန်ရစ်မလားဆိုတာ ကျွန်တော်မသိပါဘူး ။
ဒါပေမယ့် ဒီဂိုးကို သမိုင်းဝင်မယ့် ကစားသမားတစ်ဦးက သွင်းယူလိုက်တယ်ဆိုတာတော့
ကျွန်တော် သေချာသိပါတယ်။”လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် ဘာစီလိုနာအသင်းက ( ၂၉ ) ပွဲကစားပြီးချိန်
ရမှတ် ( ၅၇) မှတ်နဲ့ အမှတ်ေပးဇယားအဆင့် ( ၂ ) နေရာကို တက်လှမ်းနိုင်ခဲ့ပြီး
တစ်ပွဲပိုကစားထားတဲ့ အဆင့် ( ၁ ) နေရာက ရီးရဲမက်ဒရစ်အောက်
( ၁၂ ) မှတ်လျော့နည်းလျက်ရှိပါတယ်။
ဒါပေမယ့် ရီးရဲမက်ဒရစ်က အက်သလက်တီကို မက်ဒရစ် ၊ ဆီဗီလာတို့နဲ့
ဆက်လက်ကစားဖို့ ရှိနေသေးတာကြောင့် ဘာစီလိုနာအနေနဲ့
ချန်ပီယံဆုအတွက် အနည်းငယ်မျှော်လင့်ချက်ရှိနေသေးတာဖြစ်ပါတယ်။
ဒါကြောင့်လည်း ဇာဗီက ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ
“ သင်္ချာနည်းနဲ့ ဖြစ်နိုင်သေးသရွေ့ ကျွန်တော်တို့က လာလီဂါချန်ပီယံဆုအတွက်
ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။”လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
zawgyi
ေမွာ္ဆရာ ပက္ဒရီရဲ႕ သမိုင္းဝင္သြင္းဂိုးနဲ႔ လာလီဂါခ်န္ပီယံဆုကို တစ္ခ်က္ရႈိးလိုက္တဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင္းဟာ မေန႔ညက ဆီဗီလာနဲ႔ ပြဲစဥ္မွာ ပက္ဒရီရဲ႕ ေမွာ္ဆန္တဲ့
ကန္ခ်က္နဲ႔အတူ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးေနာက္ လာလီဂါအမွတ္ေပးဇယား
အဆင့္ ( ၂ ) ေနရာကို ေရာက္ရွိလာခဲ့ပါတယ္။
ကတ္တလန္ကလပ္ဟာ အမွတ္ေပးခ်န္ပီယံဆုအတြက္
ရီးရဲမက္ဒရစ္ကို စိန္ေခၚႏိုင္မယ့္ လက္က်န္အခြင့္အေရးေလးကို
အေကာင္းဆုံးအသုံးခ်ႏိုင္ဖို႔ အဆင့္ ( ၄ ) အတြင္းက
ၿပိဳင္ဘက္ကို အသားစီးကစားသြားခဲ့ပါတယ္။
ဇာဗီရဲ႕ အသင္းက ႏူးကမ့္မွာ ပထမပိုင္းအတြင္း အခြင့္အေရး ဖန္တီးႏိုင္မႈပိုင္း
အားနည္းခဲ့ၿပီး ေနာက္ဆုံးေပးပို႔မႈေတြမွာ လိုအပ္ခ်က္ရွိခဲ့တာေတြ႕ရပါတယ္။
ဒါေပမယ့္ ဒုတိယပိုင္းမွာေတာ့ ဘာစီလိုနာက အခြင့္အေရးေတြ
ပိုမိုဖန္တီးလာႏိုင္ၿပီး ဂ်ာရတ္ ပီေကးရဲ႕ ေခါင္းတိုက္ခ်က္ ဂိုးဘားတန္းထိမွန္ခဲ့လို႔သာ
ေစာေစာစီးစီး ဂိုးမရခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္ ပြဲၿပီးဆုံးဖို႔ မိနစ္ ( ၂၀ ) အလိုမွာေတာ့ ပက္ဒရီက
ဆီဗီလာကစားသမားေတြမ်ားစြာကို ျမက္ခင္းေပၚလွဲက်သြားေအာင္
ဟန္ျပလွည့္ကြက္ ( ၂ ) ႀကိမ္ ျပဳလုပ္ခဲ့ၿပီးေနာက္ ဂိုးရဲ႕ ေအာက္ေျခေထာင့္ကုိ
လွလွပပ ကန္သြင္းကာ အဖိုးတန္အႏိုင္ဂိုး ရယူေပးခဲ့ပါတယ္။
ဆီဗီလာရဲ႕ အားကစားဒါ႐ုိက္တာ မြန္ခ်ီကေတာင္
“ ပက္ဒရီရဲ႕ သြင္းဂိုးက သမိုင္းတင္က်န္ရစ္မလားဆိုတာ ကြၽန္ေတာ္မသိပါဘူး ။
ဒါေပမယ့္ ဒီဂိုးကို သမိုင္းဝင္မယ့္ ကစားသမားတစ္ဦးက သြင္းယူလိုက္တယ္ဆိုတာေတာ့
ကြၽန္ေတာ္ ေသခ်ာသိပါတယ္။”လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
ယခုႏိုင္ပြဲေၾကာင့္ ဘာစီလိုနာအသင္းက ( ၂၉ ) ပြဲကစားၿပီးခ်ိန္
ရမွတ္ ( ၅၇) မွတ္နဲ႔ အမွတ္ေပးဇယားအဆင့္ ( ၂ ) ေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီး
တစ္ပြဲပိုကစားထားတဲ့ အဆင့္ ( ၁ ) ေနရာက ရီးရဲမက္ဒရစ္ေအာက္
( ၁၂ ) မွတ္ေလ်ာ့နည္းလ်က္ရွိပါတယ္။
ဒါေပမယ့္ ရီးရဲမက္ဒရစ္က အက္သလက္တီကို မက္ဒရစ္ ၊ ဆီဗီလာတို႔နဲ႔
ဆက္လက္ကစားဖို႔ ရွိေနေသးတာေၾကာင့္ ဘာစီလိုနာအေနနဲ႔
ခ်န္ပီယံဆုအတြက္ အနည္းငယ္ေမွ်ာ္လင့္ခ်က္ရွိေနေသးတာျဖစ္ပါတယ္။
ဒါေၾကာင့္လည္း ဇာဗီက ပြဲၿပီး သတင္းစာရွင္းလင္းပြဲမွာ
“ သခ်ၤာနည္းနဲ႔ ျဖစ္ႏိုင္ေသးသေ႐ြ႕ ကြၽန္ေတာ္တို႔က လာလီဂါခ်န္ပီယံဆုအတြက္
ဆက္လက္တိုက္ပြဲဝင္သြားမွာပါ။”လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။