မွေးရာပါအလှကို ပုရိသတွေအတွက် အလှူလုပ်ရင်း ယူကရိန်းပြည်သူတွေအတွက်လည်း ရန်ပုံငွေရှာပေးခဲ့တဲ့ အိုလံပစ်အားကစားမယ်

ဆောင်းရာသီအိုလံပစ်ရဲ့နှင်းလျှောစီးအမြင့်ခုန်အားကစားမယ်ဖြစ်တဲ့

ဂျူလီယန်ဆေးဖတ်ဟာ စစ်ဘေးသင့် ယူကရိန်းပြည်သူတွေကို

ရန်ပုံငွေရှာပေးဖို့ ရည်ရွယ်ချက်နဲ့ ပုရိသအကြိုက်မဂ္ဂဇင်းတစ်ခုဖြစ်

Playboy မှာကိုယ်လုံးတီးပုံရိုက်ခံခဲ့ပါတယ်။

ဂျူလီယန်ဆေးဖတ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီအတွင်းက ကျင်းပသွားခဲ့တဲ့

ဘေဂျင်းဆောင်းရာသီအိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။

သူမဟာ မတ်လအတွက် Playboy မဂ္ဂဇင်းမှာ ကာဗအလှမယ် ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ ရုရှားရဲ့ကျူးကျော်မှုကြောင့် စစ်ဘေးသင့်နေတဲ့ ယူကရိန်းပြည်သူတွေအတွက်

ရန်ပုံငွေရှာပေးဖို့အတွက်ဆိုပြီး ဂျာမနီဘာသာစကားနဲ့ Playboy Instagram အကောင့်မှာ

သူ့ကိုယ်လုံးတီးပုံကို တင်စေခဲ့တာပါ။

အဲဒီမှာ ဘေဂျင်းအိုလံပစ်တုန်းက သူမ ဝတ်ဆင်ခဲ့တဲ့

ပြိုင်ပွဲဝင်ဝတ်စုံကိုလည်း လေလံတင်ထားပါတယ်။

ဒါပေမဲ့ ဂျူလီယန်ဆေးဖတ်ဟာ သူမရဲ့ကိုယ်လုံးတီးအလှပုံကို အကြောင်းပြုပြီး

ယူကရိန်းပြည်သူတွေတွက်ရန်ပုံငွေရှာဖေးဖို့ လုပ်ခဲ့တာပါ။

၃၂ နှစ်အရွယ် ဂျူလီယန်ဆေးဖတ်ဟာ ပြီးခဲ့တဲ့ဘေဂျင်အိုလံပစ်မှာတော့ မအောင်မြင်ခဲ့ပါဘူး။

အဲဒီက နှင်းလျှောစီးအမြင့်ခုန်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ အဆင့် ၁၉ သာ ချိတ်ခဲ့ပါတယ်။

အိုလံပစ်အားကစားမယ်ဆိုပေမယ့်လည်း ဂျူလီယန်ဆေးဖတ်(Juliane Seyfarth)ဟာ

သူမရဲ့ Instgramအကောင့်မှာ အရင်က ပုရိသအကြိုက်ပုံတွေ တင်လေ့ရှိပါတယ်။

ဘာပဲပြောပြော ဂျူလီယန်ဟာ သူမရဲ့မွေးရာပါအလှကို ပုရိသတွေအတွက် အလှူလုပ်ရင်း

ယူကရိန်းပြည်သူတွေအတွက်လည်း ရန်ပုံငွေရှာပေးနေတာဖြစ်လို့

သူမအတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်ခဲ့တာပါ။

zawgyi





















