
ရိုးမားကစားသမားများဟာ အသက်၅၉နှစ်ပြည့်နည်ပြမော်ရင်ဟိုအား
အဝတ်အစားလဲခန်းအတွင်းတွင် မွေးနေ့ကိတ်၊
ရှန်ပိန်ပုလင်းတို့ဖြင့် Suprise လုပ်ခဲ့ကြပါတယ်။
ချဲလ်ဆီး၊ယူနိုက်တက်နှင့်စပါးစ်နည်းပြဟောင်းဟာ
ရိုးမားပထမဆုံးရာသီမှာ ဖိအားများနှင့်ကြုံတွေ့နေခဲ့ရပေမဲ့
စီးရီးအေနှစ်ပွဲဆက်နိုင်ပွဲရရှိမှုနဲ့အတူဖိအားများကိုလျှော့ချနိုင်ခဲ့ပါတယ်။
မော်ရင်ဟိုဟာရိုးမားကစားသမားများ၊နည်းပြအဖွဲ့ဝင်များနှင့်
ဝန်ထမ်းတို့က အဝတ်အစားလဲခန်းအတွင်းတွင်
မွေးနေ့ကိတ်၊ရှန်ပိန်တို့ဖြင့် Suprise လုပ်လာချိန်မှာ
အရမ်းကိုပျော်ရွှင်နေခဲ့တာတွေ့ရပါတယ်။
မော်ရင်ဟိုဟာမွေးနေ့ကိတ်ကိုလှီးပြီးနောက်ပထမဆုံးအနေနဲ့
အသင်းခေါင်းဆောင်လိုရန်ဇိုပယ်လီဂရီနီကို
ဦးစွာကျွေးခဲ့ကာသူ့ရဲ့Man-Management Skill ကိုပြသခဲ့ပါသေးတယ်။
ရိုးမားဟာစီးရီးအေအမှတ်ပေးဇယားအဆင့်၆နေရာမှာ
ရပ်တည်နေပေမဲ့အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းနှင့်
ရမှတ်၅မှတ်သာကွာဟမှုနဲ့အတူချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်နိုင်ပါသေးတယ်။\
zawgyi
မွေးနေ့ Suprise အလုပ်ခံခဲ့ရတဲ့ ဟိုဆေးမော်ရင်ဟို