
မြောက်မက်ဆီဒိုးနီးယားသမ္မတ ပန်ဒါရော့ဗ်စကီးက
ကာတာကမ္ဘာ့ဖလားဝင်ခွင့် ခြေစစ်ပွဲ နောက်ဆုံးအဆင့်အတွက်
ရော်နယ်ဒိုနဲ့ ပေါ်တူဂီတို့ကို ကျော်ဖြတ်မယ်လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
မြောက်မက်ဆီဒိုးနီးယားနဲ့ ပေါ်တူဂီ နှစ်သင်းထဲက တစ်သင်းသာ
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ခွင့် ရရှိမှာဖြစ်ပြီး
ပေါ်တူဂီအိမ်ကွင်းမှာ ကစားရမှာပါ။ ပေါ်တူဂီက တူရကီကို၊
မြောက်မက်ဆီဒိုးနီးယားက အီတလီကို အနိုင်ယူပြီးနောက်
နောက်ဆုံးအဆင့် အဆုံးအဖြတ် ခံယူရမှာဖြစ်ပါတယ်။
အသက် (၃၇) နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက်တော့
လာမယ့် ကာတာကမ္ဘာ့ဖလားက နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်သွားနိုင်ပါတယ်။
ဒီအတွက်လည်း ရော်နယ်ဒိုအပါအဝင် တစ်သင်းလုံးက ခြေစစ်ပွဲ ပလေးအော့ဖ်မှာ
အပြည့်အဝ အာရုံစိုက်နေပါတယ်။
သမ္မတ ပန်ဒါရော့ဗ်စကီးက “အခုက ကျွန်တော်တို့အတွက် အချိန်ကောင်းပါပဲ။
ကာတာကမ္ဘာ့ဖလားကိုသွားဖို့ ခြေလှမ်းတစ်လှမ်း ပိုမိုနီးစပ်လာပါပြီ။
အသင်းသားတွေ ကျွန်တော်တို့ကို ပေးစွမ်းခဲ့တဲ့ ပျော်ရွှင်မှုတွေအတွက်
ကျွန်တော်တို့ ကျေးဇူးတင်ရပါတယ်။ ရော်နယ်ဒိုရေ… အဆင်သင့်ပြင်ထားတော့ကွာ။
အခုတစ်ခါ မင်းအလှည့်ပဲ” လို့ ရေးသားခဲ့တာပါ။
zawgyi
ေျမာက္မက္ဆီဒိုးနီးယား သမၼတဆီကပါ ၿခိမ္းေျခာက္တာ ခံေနရတဲ့ ေရာ္နယ္ဒိုနဲ႔ အဖြဲ႕
ေျမာက္မက္ဆီဒိုးနီးယားသမၼတ ပန္ဒါေရာ့ဗ္စကီးက
ကာတာကမာၻ႔ဖလားဝင္ခြင့္ ေျခစစ္ပြဲ ေနာက္ဆုံးအဆင့္အတြက္
ေရာ္နယ္ဒိုနဲ႔ ေပၚတူဂီတို႔ကို ေက်ာ္ျဖတ္မယ္လို႔ သူ႔ရဲ႕ တြစ္တာမွာ ေရးသားခဲ့ပါတယ္။
ေျမာက္မက္ဆီဒိုးနီးယားနဲ႔ ေပၚတူဂီ ႏွစ္သင္းထဲက တစ္သင္းသာ
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကို သြားေရာက္ခြင့္ ရရွိမွာျဖစ္ၿပီး
ေပၚတူဂီအိမ္ကြင္းမွာ ကစားရမွာပါ။ ေပၚတူဂီက တူရကီကို၊
ေျမာက္မက္ဆီဒိုးနီးယားက အီတလီကို အႏိုင္ယူၿပီးေနာက္
ေနာက္ဆုံးအဆင့္ အဆုံးအျဖတ္ ခံယူရမွာျဖစ္ပါတယ္။
အသက္ (၃၇) ႏွစ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒိုအတြက္ေတာ့
လာမယ့္ ကာတာကမာၻ႔ဖလားက ေနာက္ဆုံး ကမာၻ႔ဖလား ျဖစ္သြားႏိုင္ပါတယ္။
ဒီအတြက္လည္း ေရာ္နယ္ဒိုအပါအဝင္ တစ္သင္းလုံးက ေျခစစ္ပြဲ ပေလးေအာ့ဖ္မွာ
အျပည့္အဝ အာ႐ုံစိုက္ေနပါတယ္။
သမၼတ ပန္ဒါေရာ့ဗ္စကီးက “အခုက ကြၽန္ေတာ္တို႔အတြက္ အခ်ိန္ေကာင္းပါပဲ။
ကာတာကမာၻ႔ဖလားကိုသြားဖို႔ ေျခလွမ္းတစ္လွမ္း ပိုမိုနီးစပ္လာပါၿပီ။
အသင္းသားေတြ ကြၽန္ေတာ္တို႔ကို ေပးစြမ္းခဲ့တဲ့ ေပ်ာ္႐ႊင္မႈေတြအတြက္
ကြၽန္ေတာ္တို႔ ေက်းဇူးတင္ရပါတယ္။ ေရာ္နယ္ဒိုေရ… အဆင္သင့္ျပင္ထားေတာ့ကြာ။
အခုတစ္ခါ မင္းအလွည့္ပဲ” လို႔ ေရးသားခဲ့တာပါ။