မူးယစ်ဆေးနှင့်အရက်တို့ရဲ့သားကောင်ဖြစ်သွားတဲ့  2004 Ballon d’Or စာရင်းတွင်အဆင့်၆အထိချိတ်ခဲ့ဖူးတဲ့ အက်ဒရီယာနို

မူးယစ်ဆေး၊ အရက် ၊ လောင်းကစားစတာတွေကြောင့် ဘဝပျက်ရတဲ့

နာမည်ကျော် ဘောလုံးသမားတွေ ရှိပါတယ်။

သူတို့တွေဟာ မိုက်မဲတဲ့ သောင်ကမ်းကို မစွန့်ခွာနိုင်ဘဲ

မကြာခဏ ပြန်လည် ရောက်ရှိလာတတ်ကြပါတယ်။

2004 Ballon d’Or စာရင်းတွင်အဆင့်၆အထိချိတ်ခဲ့ဖူးတဲ့

အက်ဒရီယာနိုဟာဖခင်ဖြစ်သူသေဆုံးသွားပြီးနောက်

မူးယစ်ဆေးနှင့်အရက်တို့ရဲ့သားကောင်ဖြစ်သွားခဲ့ပြီး

ဘောလုံးသမားဘဝပျက်စီးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အင်တာမီလန်နှင့်ဘရာဇီးဂန္တဝင်အက်ဒရီယာနိုရဲ့

အင်္ကျီဗလာနဲ့ အရက်မူးနေတဲ့TikTok ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့တာကြောင့်

သူ့အပေါ်မှာပရိသတ်တွေကအကြီးအကျယ်စိုးရိမ်ပူပန်နေကြပါတယ်။

ဘရာဇီးအသင်းအတွက်၄၈ပွဲကစားခဲ့ရာမှာ၂၇ဂိုးသွင်းယူခဲ့တဲ့

အသက်၄၀နှစ်ရှိအက်ဒရီယာနိုဟာအဲဒီဗီဒီယိုဖိုင်ထဲမှာ

မော်တော်ဆိုင်ကယ်တစ်စီးရဲ့နောက်မှာအင်္ကျီချွတ်ကြီးဖြင့်

ဘီယာပုလင်းတစ်လုံးကိုင်ထားကာတော်တော်မူးနေတာတွေ့ရပါတယ်။

အက်ဒရီယာနိုဟာရီယိုဒီဂျနဲလ်ရိုးရှိလမ်းဘေးဘားတစ်ခုမှပြန်လာတာဖြစ်ပြီး

ဆိုင်ကယ်နောက်တွင်ထိုင်နေကာ ဆိုးဆိုးရွားရွားမူးနေခဲ့ပါတယ်။

အက်ဒရီယာနိုရဲ့ပရိသတ်တစ်ဦးက “အက်ဒရီယာကိုပါတီမှာမူးရူးနေတာတွေ့ရတာ

ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ”လို့ရေးသားထားပါတယ်။

အခြားတစ်ဦးကလည်း “ဘရာဇီးတိုက်စစ်မှူးအက်ဒရီယာနိုကိုမှတ်မိကြသေးလား။

ရီယိုဒီဂျနဲလ်ရိုးကမော်တော်ဆိုင်ကယ်တစ်စီးနောက်မှာမူးရူးပြီးပါနေတယ်။

ရူးချင်စရာကောင်းတဲ့ဘောလုံးသတင်းတွေထဲကတစ်ပုဒ်ပါပဲ”လို့ရေးသားသွားပါတယ်။

zawgyi

မူးယစ္ေဆးႏွင့္အရက္တို႔ရဲ႕သားေကာင္ျဖစ္သြားတဲ့  2004 Ballon d’Or စာရင္းတြင္အဆင့္၆အထိခ်ိတ္ခဲ့ဖူးတဲ့ အက္ဒရီယာႏို

မူးယစ္ေဆး၊ အရက္ ၊ ေလာင္းကစားစတာေတြေၾကာင့္ ဘဝပ်က္ရတဲ့

နာမည္ေက်ာ္ ေဘာလုံးသမားေတြ ရွိပါတယ္။

သူတို႔ေတြဟာ မိုက္မဲတဲ့ ေသာင္ကမ္းကို မစြန႔္ခြာႏိုင္ဘဲ

မၾကာခဏ ျပန္လည္ ေရာက္ရွိလာတတ္ၾကပါတယ္။

2004 Ballon d’Or စာရင္းတြင္အဆင့္၆အထိခ်ိတ္ခဲ့ဖူးတဲ့

အက္ဒရီယာႏိုဟာဖခင္ျဖစ္သူေသဆုံးသြားၿပီးေနာက္

မူးယစ္ေဆးႏွင့္အရက္တို႔ရဲ႕သားေကာင္ျဖစ္သြားခဲ့ၿပီး

ေဘာလုံးသမားဘဝပ်က္စီးခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက အင္တာမီလန္ႏွင့္ဘရာဇီးဂႏၲဝင္အက္ဒရီယာႏိုရဲ႕

အက်ႌဗလာနဲ႔ အရက္မူးေနတဲ့TikTok ဗီဒီယိုဖိုင္ထြက္ေပၚလာခဲ့တာေၾကာင့္

သူ႔အေပၚမွာပရိသတ္ေတြကအႀကီးအက်ယ္စိုးရိမ္ပူပန္ေနၾကပါတယ္။

ဘရာဇီးအသင္းအတြက္၄၈ပြဲကစားခဲ့ရာမွာ၂၇ဂိုးသြင္းယူခဲ့တဲ့

အသက္၄၀ႏွစ္ရွိအက္ဒရီယာႏိုဟာအဲဒီဗီဒီယိုဖိုင္ထဲမွ

ာေမာ္ေတာ္ဆိုင္ကယ္တစ္စီးရဲ႕ေနာက္မွာအက်ႌခြၽတ္ႀကီးျဖင့္

ဘီယာပုလင္းတစ္လုံးကိုင္ထားကာေတာ္ေတာ္မူးေနတာေတြ႕ရပါတယ္။

အက္ဒရီယာႏိုဟာရီယိုဒီဂ်နဲလ္႐ိုးရွိလမ္းေဘးဘားတစ္ခုမွျပန္လာတာျဖစ္ၿပီး

ဆိုင္ကယ္ေနာက္တြင္ထိုင္ေနကာ ဆိုးဆိုး႐ြား႐ြားမူးေနခဲ့ပါတယ္။

အက္ဒရီယာႏိုရဲ႕ပရိသတ္တစ္ဦးက “အက္ဒရီယာကိုပါတီမွာမူး႐ူးေနတာေတြ႕ရတာ

ဘယ္ေလာက္ရွက္စရာေကာင္းလိုက္သလဲ”လို႔ေရးသားထားပါတယ္။

အျခားတစ္ဦးကလည္း “ဘရာဇီးတိုက္စစ္မႉးအက္ဒရီယာႏိုကိုမွတ္မိၾကေသးလား။

ရီယိုဒီဂ်နဲလ္႐ိုးကေမာ္ေတာ္ဆိုင္ကယ္တစ္စီးေနာက္မွာမူး႐ူးၿပီးပါေနတယ္။

႐ူးခ်င္စရာေကာင္းတဲ့ေဘာလုံးသတင္းေတြထဲကတစ္ပုဒ္ပါပဲ”လို႔ေရးသားသြားပါတယ္။