မီးပြတ်တောက်မှုကြောင့် ၁၀မိနစ်ခန့်အထိ ရပ်ဆိုင်းခဲ့ရတဲ့ ဝက်ဖို့ဒ်-နော့ဝှစ်ချ်ပွဲ 

မနေ့ညတုန်းကဝက်ဖို့ဒ်နှင့်နော့ဝှစ်ချ်တို့ရင်ဆိုင်ကစားတဲ့

ပရီးမီးယားလိဂ်ပွဲစဉ်တွင်မီးပြတ်တောက်မှုဖြစ်ကာ

ပွဲကို၁၀မိနစ်ခန့်ရပ်ဆိုင်းခဲ့ရပါတယ်။

Vicarage Road Stadium ရှိထောင့်မှမီးမှ

ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ကွင်းအတွင်းမီးရောင်အလုံအလောက်ရရှိနေခဲ့တာကြောင့်

အားလုံးလည်းမြင်နေရဆဲဖြစ်ပါတယ်။

ဒါပေမဲ့ဒိုင်လူကြီးမိုက်ဒိန်းကနှစ်ဖက်ကစားသမားများအတွက်ပွဲကစားရန်

အန္တရာယ်ရှိနိုင်တယ်လို့ယုံကြည်ကာပွဲကိုရပ်နားခဲ့တာလည်းဖြစ်ပါတယ်။

နော့ဝှစ်ချ်ကဂျို့စ်ဆာဂျင်ရဲ့ကင်းမြီးကောက်ကစ်ဖြင့်သွင်းယူတဲ့ဂိုးဖြင့်

ဦးဆောင်နေတဲ့ ပွဲချိန်၆၈မိနစ်မှာမီးပြတ်သွားတာလည်းဖြစ်ပါတယ်။

ယင်းကဲ့သို့ကွင်းအတွင်းလုံလောက်တဲ့အလင်းရရှိမှုရှိပေမဲ့

ပွဲကိုရပ်ဆိုင်းခဲ့မှုနဲ့ပတ်သက်ပြီးစကိုင်းစပေါ့မှဂယ်ရီနဗီးလ်နှင့်

ဂျင်မီကာရေဂါတို့ကဝေဖန်မှုပြုလုပ်သွားကြပါတယ်။

ကာရေဂါက “အားလုံးအဆင်ပြေတာပဲလေ။

ပွဲမကစားဖို့ဘယ်သူဆုံးဖြတ်တာလိုက်တာလဲ။ဒိုင်လူကြီးလား။

ကစားလို့ရတဲ့ဟာကို”လို့ပြောကြားသွားပါတယ်။

ဂယ်ရီနဗီးလ်ကလည်း “ဥရောပတလွှားထူးဆန်းတဲ့ကွင်းတွေမှာ

သွားကစားဖူးတယ်။ဒီထက်တောင်အလင်းရောင်နည်းသေးတယ်။

ကွင်းထဲသို့လည်းဆင်းကြည့်ပြီးသားပြီ။

အားလုံးအဆင်ပြေပါတယ်”လို့ပြောကြားသွားပါတယ်။

မနေ့ညကပွဲစဉ်တွင်နော့ဝှစ်ချ်ဟာဒုတိယပိုင်းမှာဂျို့စ်ဆာဂျင်ရဲ့သွင်းဂိုး၂ဂိုး၊

ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးတစ်ဂိုးတို့ဖြင့်

ဝက်ဖို့ဒ်ကိုအဝေးကွင်းမှာ၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

zawgyi

မီးျပတ္ေတာက္မႈေၾကာင့္ ၁၀မိနစ္ခန႔္အထိ ရပ္ဆိုင္းခဲ့ရတဲ့ ဝက္ဖို႔ဒ္-ေနာ့ဝွစ္ခ်္ပြဲ

မေန႔ညတုန္းကဝက္ဖို႔ဒ္ႏွင့္ေနာ့ဝွစ္ခ်္တို႔ရင္ဆိုင္ကစားတဲ့

ပရီးမီးယားလိဂ္ပြဲစဥ္တြင္မီးျပတ္ေတာက္မႈျဖစ္ကာ

ပြဲကို၁၀မိနစ္ခန႔္ရပ္ဆိုင္းခဲ့ရပါတယ္။

Vicarage Road Stadium ရွိေထာင့္မွမီးမွ

ျပတ္ေတာက္သြားခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ကြင္းအတြင္းမီးေရာင္အလုံအေလာက္ရရွိေနခဲ့တာေၾကာင့္

အားလုံးလည္းျမင္ေနရဆဲျဖစ္ပါတယ္။

ဒါေပမဲ့ဒိုင္လူႀကီးမိုက္ဒိန္းကႏွစ္ဖက္ကစားသမားမ်ားအတြက္ပြဲကစားရန္

အႏၲရာယ္ရွိႏိုင္တယ္လို႔ယုံၾကည္ကာပြဲကိုရပ္နားခဲ့တာလည္းျဖစ္ပါတယ္။

ေနာ့ဝွစ္ခ်္ကဂ်ိဳ႕စ္ဆာဂ်င္ရဲ႕ကင္းၿမီးေကာက္ကစ္ျဖင့္သြင္းယူတဲ့ဂိုးျဖင့္

ဦးေဆာင္ေနတဲ့ ပြဲခ်ိန္၆၈မိနစ္မွာမီးျပတ္သြားတာလည္းျဖစ္ပါတယ္။

ယင္းကဲ့သို႔ကြင္းအတြင္းလုံေလာက္တဲ့အလင္းရရွိမႈရွိေပမဲ့

ပြဲကိုရပ္ဆိုင္းခဲ့မႈနဲ႔ပတ္သက္ၿပီးစကိုင္းစေပါ့မွဂယ္ရီနဗီးလ္ႏွင့္

ဂ်င္မီကာေရဂါတို႔ကေဝဖန္မႈျပဳလုပ္သြားၾကပါတယ္။

ကာေရဂါက “အားလုံးအဆင္ေျပတာပဲေလ။

ပြဲမကစားဖို႔ဘယ္သူဆုံးျဖတ္တာလိုက္တာလဲ။ဒိုင္လူႀကီးလား။

ကစားလို႔ရတဲ့ဟာကို”လို႔ေျပာၾကားသြားပါတယ္။

ဂယ္ရီနဗီးလ္ကလည္း “ဥေရာပတလႊားထူးဆန္းတဲ့ကြင္းေတြမွာ

သြားကစားဖူးတယ္။ဒီထက္ေတာင္အလင္းေရာင္နည္းေသးတယ္။

ကြင္းထဲသို႔လည္းဆင္းၾကည့္ၿပီးသားၿပီ။

အားလုံးအဆင္ေျပပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မေန႔ညကပြဲစဥ္တြင္ေနာ့ဝွစ္ခ်္ဟာဒုတိယပိုင္းမွာဂ်ိဳ႕စ္ဆာဂ်င္ရဲ႕သြင္းဂိုး၂ဂိုး၊

ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ဂိုးတစ္ဂိုးတို႔ျဖင့္

ဝက္ဖို႔ဒ္ကိုအေဝးကြင္းမွာ၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။