
ချဲလ်ဆီးပရိသတ်တွေအနေနဲ့ ကလပ်ရဲ့ပိုင်ရှင်ဖြစ်နေသေးတဲ့
ရိုမန်အေဘရာမိုဗစ်ချ် ရဲ့အမည်ကိုအော်ဟစ်အားပေးခြင်းဟာ
လုံးဝဆီလျော်သင့်မြတ်ခြင်းမရှိတဲ့အတွက် ဒါကိုရပ်တန့်ဖို့
ဗြိတိန်အစိုးရကအမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ရုရှား သမ္မတ ပူတင်နဲ့နီးစပ်တဲ့ဆက်ဆံရေးရှိလို့ဆိုပြီး
မိုဗစ်ချ်ကို ဗြိတိန်အစိုးရကအရေးယူမှုပြုလုပ်ခဲ့ပေမယ့်
ချဲလ်ဆီးပရိသတ်တွေ ကတော့ သူတို့ရဲ့ပိုင်ရှင်ကိုဆက်လက်ထောက်ခံနေဆဲဖြစ်ပြီး
တနင်္ဂနွေနေ့တုန်းက နယူးကာဆယ်ကို ၁-၀ နဲ့နိုင်ခဲ့တဲ့စတမ်း ဖို့ဒ်ဘရစ်ချ်ကွင်းကပွဲမှာ
မိုဗစ်ချ်ရဲ့အမည်ကိုအော်ဟစ်ခြင်းနဲ့ သူ့ကိုထောက်ခံတဲ့စာတမ်းတွေ
ချိတ်ဆွဲခြင်းအစရှိတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့် ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့
ချဲလ်ဆီးပရိသတ်တွေရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး ယူကရိန်းကရုရှားရဲ့
မတရားကျူးကျော်မှုကိုခံနေရချိန်မှာ ဒါမျိုးလုပ်တာမဖြစ်သင့်ဘူးလို့ဆိုခဲ့ပါတယ်။
သူက” ချဲလ်ဆီးကလပ်နဲ့ပတ်သက်တဲ့သူတွေရဲ့ခံစားချက်ပြင်းထန်မှုကို
ကျွန်တော်တို့အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် မို ဗစ်ချ်ကို အခုချိန်မှာ
ဒီလိုအားပေးတာဟာ အကြောင်းပြချက်ပေးလို့ရတဲ့အပြုအမူမဟုတ်ပါဘူး။
ဒီလိုအချိန်မှာလုံးဝကို မသင့် လျော်တဲ့လုပ်ရပ်ပါ။
ပရိသတ်တွေအနေနဲ့ သူတို့ရဲ့စိတ်အားထက်သန်မှုနဲ့ ကလပ်အပေါ်အားပေးမှုကို
ဒီလိုအပြုအမူမပါဘဲ ဆက်လက်အားပေးသင့်တယ်လို့ ထင်ပါတယ်” လို့ပြောသွားပါတယ်။
မိုဗစ်ချ်ကို ဗြိတိန်အစိုးရကအရေးယူခဲ့ပြီးနောက်
ချဲလ်ဆီးအသင်းဆက်လက်လည်ပတ်နိုင်ရေးအတွက်ရောင်းချဖို့
အထူးလိုင်စင် ထုတ်ပေးထားပေမယ့် နေ့စဥ်ဝင်ငွေပိုင်းမှာ
နစ်နာဆုံးရှုံးမှုတွေအများကြီးရှိနေလို့ အရောင်းအဝယ်အမြန်ဆုံးမဖြစ်ခဲ့ဘူးဆို ရင်
ရာသီကုန်ချိန်အထိဆက်လက်လည်ပတ်နိုင်ဖို့ အခက်အခဲတွေရှိလာမှာဖြစ်ပါတယ်။
လက်ရှိမှာလည်းချဲလ်ဆီးဟာ ချန်ပီယံလိဂ်အဝေးကွင်းပွဲအတွက်
ခရီးစရိတ်ကိုပေါင် ၆၀၀၀၀ သတ်မှတ်ထားရာကနေ
ပေါင် ၂၀၀၀၀ အထိသာသုံးနိုင်တော့ တဲ့အခြေအနေရောက်နေသလို
အသင်းရဲ့ဘတ်စ်ကား ကိုတောင်ဆီမဖြည့်နိုင်တော့တဲ့အထိ ဖြစ်နေတာပါ။
မိုဗစ်ချ်အနေနဲ့ ချဲလ်ဆီးကိုပေါင် ၃ ဘီလီယံနဲ့ဈေးခေါ်ထားတာဖြစ်ပြီး
ရောင်းချနိုင်ခဲ့ရင်လည်း ရတဲ့အကျိုးအမြတ်ကိုသူတစ်ပြားမှရယူခွင့် ရှိမှာမဟုတ်ပါဘူး။
zawgyi
မိုဗစ္ခ်္ရဲ႕အမည္ကိုေအာ္ဟစ္အားေပးျခင္ကိုရပ္တန႔္ဖို႔ ၿဗိတိန္အစိုးရကအမိန႔္ထုတ္ျပန္ထား
ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ ကလပ္ရဲ႕ပိုင္ရွင္ျဖစ္ေနေသးတဲ့
႐ိုမန္ေအဘရာမိုဗစ္ခ်္ ရဲ႕အမည္ကိုေအာ္ဟစ္အားေပးျခင္းဟာ
လုံးဝဆီေလ်ာ္သင့္ျမတ္ျခင္းမရွိတဲ့အတြက္ ဒါကိုရပ္တန႔္ဖို႔
ၿဗိတိန္အစိုးရကအမိန႔္ထုတ္ျပန္ထားတယ္လို႔ သိရပါတယ္။
႐ုရွား သမၼတ ပူတင္နဲ႔နီးစပ္တဲ့ဆက္ဆံေရးရွိလို႔ဆိုၿပီး
မိုဗစ္ခ်္ကို ၿဗိတိန္အစိုးရကအေရးယူမႈျပဳလုပ္ခဲ့ေပမယ့္
ခ်ဲလ္ဆီးပရိသတ္ေတြ ကေတာ့ သူတို႔ရဲ႕ပိုင္ရွင္ကိုဆက္လက္ေထာက္ခံေနဆဲျဖစ္ၿပီး
တနဂၤေႏြေန႔တုန္းက နယူးကာဆယ္ကို ၁-၀ နဲ႔ႏိုင္ခဲ့တဲ့စတမ္း ဖို႔ဒ္ဘရစ္ခ်္ကြင္းကပြဲမွာ
မိုဗစ္ခ်္ရဲ႕အမည္ကိုေအာ္ဟစ္ျခင္းနဲ႔ သူ႔ကိုေထာက္ခံတဲ့စာတမ္းေတြ
ခ်ိတ္ဆြဲျခင္းအစရွိတာေတြကို ျပဳလုပ္ခဲ့ၾကပါတယ္။
ဒါေပမယ့္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္ရဲ႕ေျပာေရးဆိုခြင့္ရွိသူကေတာ့
ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ လုပ္ရပ္ကို ေဝဖန္ခဲ့ၿပီး ယူကရိန္းက႐ုရွားရဲ႕
မတရားက်ဴးေက်ာ္မႈကိုခံေနရခ်ိန္မွာ ဒါမ်ိဳးလုပ္တာမျဖစ္သင့္ဘူးလို႔ဆိုခဲ့ပါတယ္။
သူက” ခ်ဲလ္ဆီးကလပ္နဲ႔ပတ္သက္တဲ့သူေတြရဲ႕ခံစားခ်က္ျပင္းထန္မႈကို
ကြၽန္ေတာ္တို႔အသိအမွတ္ျပဳပါတယ္။ ဒါေပမယ့္ မို ဗစ္ခ်္ကို အခုခ်ိန္မွာ
ဒီလိုအားေပးတာဟာ အေၾကာင္းျပခ်က္ေပးလို႔ရတဲ့အျပဳအမူမဟုတ္ပါဘူး။
ဒီလိုအခ်ိန္မွာလုံးဝကို မသင့္ ေလ်ာ္တဲ့လုပ္ရပ္ပါ။
ပရိသတ္ေတြအေနနဲ႔ သူတို႔ရဲ႕စိတ္အားထက္သန္မႈနဲ႔ ကလပ္အေပၚအားေပးမႈကို
ဒီလိုအျပဳအမူမပါဘဲ ဆက္လက္အားေပးသင့္တယ္လို႔ ထင္ပါတယ္” လို႔ေျပာသြားပါတယ္။
မိုဗစ္ခ်္ကို ၿဗိတိန္အစိုးရကအေရးယူခဲ့ၿပီးေနာက္
ခ်ဲလ္ဆီးအသင္းဆက္လက္လည္ပတ္ႏိုင္ေရးအတြက္ေရာင္းခ်ဖို႔
အထူးလိုင္စင္ ထုတ္ေပးထားေပမယ့္ ေန႔စဥ္ဝင္ေငြပိုင္းမွာ
နစ္နာဆုံးရႈံးမႈေတြအမ်ားႀကီးရွိေနလို႔ အေရာင္းအဝယ္အျမန္ဆုံးမျဖစ္ခဲ့ဘူးဆို ရင္
ရာသီကုန္ခ်ိန္အထိဆက္လက္လည္ပတ္ႏိုင္ဖို႔ အခက္အခဲေတြရွိလာမွာျဖစ္ပါတယ္။
လက္ရွိမွာလည္းခ်ဲလ္ဆီးဟာ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲအတြက္
ခရီးစရိတ္ကိုေပါင္ ၆၀၀၀၀ သတ္မွတ္ထားရာကေန
ေပါင္ ၂၀၀၀၀ အထိသာသုံးႏိုင္ေတာ့ တဲ့အေျခအေနေရာက္ေနသလို
အသင္းရဲ႕ဘတ္စ္ကား ကိုေတာင္ဆီမျဖည့္ႏိုင္ေတာ့တဲ့အထိ ျဖစ္ေနတာပါ။
မိုဗစ္ခ်္အေနနဲ႔ ခ်ဲလ္ဆီးကိုေပါင္ ၃ ဘီလီယံနဲ႔ေဈးေခၚထားတာျဖစ္ၿပီး
ေရာင္းခ်ႏိုင္ခဲ့ရင္လည္း ရတဲ့အက်ိဳးအျမတ္ကိုသူတစ္ျပားမွရယူခြင့္ ရွိမွာမဟုတ္ပါဘူး။