
မကြာသေးခင်က လုပ်ခဲ့တဲ့ ဖုန်းဆက်သွယ်ပြောကြားမှုမှာ
ချဲလ်ဆီးအသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်ကို ပိတ်ပင်မှုမလုပ်ဖို့
ယူကရိန်းသမ္မတဇီလင်စကီးက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို
တောင်းဆိုမှုလုပ်ခဲ့ကြောင်း သိရပါတယ်။
ဒီအကြောင်းကို နာမည်ကြီးအမေရိကန်နေ့စဉ်သတင်းစာဖြစ်တဲ့
Wall Street Journal က ဖော်ပြလိုက်တာပါ။
အကြောင်းရင်းကတော့ ပူတင်ရဲ့မော်စကိုအစိုးရနဲ့
ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်တဲ့အခါ အဲဒါက အကူအညီဖြစ်စေနိုင်တယ်လို့
သူက မျှော်လင့်ထားလို့ဖြစ်ပါတယ်။
အဲဒီအတွက်လည်း အိမ်ဖြူတော်ဟာ မိုဗစ်ချ်အပြင် ပူတင်နဲ့ဆက်နွယ်နေတဲ့
အခြားရုရှားသူဌေးတွေကို အရေးယူမယ့်အစီအစဉ် ရှေ့ဆက်မတိုးဖို့
သူတို့ရဲ့ဘဏ္ဍရေးဝန်ကြီးဌာနကို အကြောင်းကြားခဲ့ကြောင်း
နီးစပ်တဲ့သတင်းရင်းမြစ်က ဆိုပါတယ်။
ဒါကြောင့်လည်း ဗြိတိန်နဲ့ ဥရောပသမဂ္ဂရဲ့ပိတ်ပင်မှုခံခဲ့ရတဲ့
အဲဒီရုရှားဘီလျံနာဟာ အမေရိကန် santion နဲ့တော့ လွတ်သွားတာပါ။
ဘိုင်ဒန်ဟာ ဇီလန်စကီးနဲ့ ပိတ်ပင်မှုတွေအကြောင်း ဆွေးနွေးရာမှာ
၅၅ နှစ်အရွယ် အဲဒီချဲလ်ဆီးအသင်းပိုင်ရှင်အတွက်
ဘယ်လိုစီစဉ်ထားတယ်ဆိုတာလည်း ပါဝင်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ အိမ်ဖြူတော်ဘက်ကတော့
မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။
အေဘရာမိုဗစ်ချ်ဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်
နိုင်ငံပိုင်ပစ္စည်းတွေကို လျှော့ဈေးနဲ့ရပြီး ဘီလျံနာဖြစ်လာခဲ့တာပါ။
ယူကရိန်းအရေးကြောင့် မိုဗစ်ချ်ဟာ လန်ဒန်က သူ့ရဲ့ပေါင်သန်း ၁၅၀ တန်
စံအိမ်နဲ့ ၃ ထပ်ဇိပ်ခံတိုက်ခန်းတို့ဟာလည်း ထိန်းချုပ်ခံထားရပါတယ်။
အစ္စရေးနိုင်ငံသားလည်း ခံယူထားတဲ့ မိုဗစ်ချ်ဟာ
အခုတော့ မော်စကိုကိုရောက်နေတယ်လို့ ယုံကြည်ရပါတယ်။
သူဟာ ရုရှားသမ္မတပူတင်ရဲ့ကျောထောက်နောက်ခံတစ်ယောက်လို့ စွပ်စွဲခံထားရတာပါ။
zawgyi
မိုဗစ္ခ်္ကို ပိတ္ပင္မႈမလုပ္ဖို႔ ယူကရိန္းသမၼတဇီလင္စကီးက အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ကို ေတာင္းဆိုမႈျပဳလုပ္ခဲ့
မၾကာေသးခင္က လုပ္ခဲ့တဲ့ ဖုန္းဆက္သြယ္ေျပာၾကားမႈမွာ
ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေအဘရာမိုဗစ္ခ်္ကို ပိတ္ပင္မႈမလုပ္ဖို႔
ယူကရိန္းသမၼတဇီလင္စကီးက အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ကို
ေတာင္းဆိုမႈလုပ္ခဲ့ေၾကာင္း သိရပါတယ္။
ဒီအေၾကာင္းကို နာမည္ႀကီးအေမရိကန္ေန႔စဥ္သတင္းစာျဖစ္တဲ့
Wall Street Journal က ေဖာ္ျပလိုက္တာပါ။
အေၾကာင္းရင္းကေတာ့ ပူတင္ရဲ႕ေမာ္စကိုအစိုးရနဲ႔
ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြလုပ္တဲ့အခါ အဲဒါက အကူအညီျဖစ္ေစႏိုင္တယ္လို႔
သူက ေမွ်ာ္လင့္ထားလို႔ျဖစ္ပါတယ္။
အဲဒီအတြက္လည္း အိမ္ျဖဴေတာ္ဟာ မိုဗစ္ခ်္အျပင္ ပူတင္နဲ႔ဆက္ႏြယ္ေနတဲ့
အျခား႐ုရွားသူေဌးေတြကို အေရးယူမယ့္အစီအစဥ္ ေရွ႕ဆက္မတိုးဖို႔
သူတို႔ရဲ႕ဘ႑ေရးဝန္ႀကီးဌာနကို အေၾကာင္းၾကားခဲ့ေၾကာင္း
နီးစပ္တဲ့သတင္းရင္းျမစ္က ဆိုပါတယ္။
ဒါေၾကာင့္လည္း ၿဗိတိန္နဲ႔ ဥေရာပသမဂၢရဲ႕ပိတ္ပင္မႈခံခဲ့ရတဲ့
အဲဒီ႐ုရွားဘီလ်ံနာဟာ အေမရိကန္ santion နဲ႔ေတာ့ လြတ္သြားတာပါ။
ဘိုင္ဒန္ဟာ ဇီလန္စကီးနဲ႔ ပိတ္ပင္မႈေတြအေၾကာင္း ေဆြးေႏြးရာမွာ
၅၅ ႏွစ္အ႐ြယ္ အဲဒီခ်ဲလ္ဆီးအသင္းပိုင္ရွင္အတြက္
ဘယ္လိုစီစဥ္ထားတယ္ဆိုတာလည္း ပါဝင္ပါတယ္။
ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ အိမ္ျဖဴေတာ္ဘက္ကေတာ့
မွတ္ခ်က္ေပးဖို႔ ျငင္းဆန္ထားပါတယ္။
ေအဘရာမိုဗစ္ခ်္ဟာ ဆိုဗီယက္ျပည္ေထာင္စုၿပိဳကြဲၿပီးေနာက္
ႏိုင္ငံပိုင္ပစၥည္းေတြကို ေလွ်ာ့ေဈးနဲ႔ရၿပီး ဘီလ်ံနာျဖစ္လာခဲ့တာပါ။
ယူကရိန္းအေရးေၾကာင့္ မိုဗစ္ခ်္ဟာ လန္ဒန္က သူ႔ရဲ႕ေပါင္သန္း ၁၅၀ တန္
စံအိမ္နဲ႔ ၃ ထပ္ဇိပ္ခံတိုက္ခန္းတို႔ဟာလည္း ထိန္းခ်ဳပ္ခံထားရပါတယ္။
အစၥေရးႏိုင္ငံသားလည္း ခံယူထားတဲ့ မိုဗစ္ခ်္ဟာ
အခုေတာ့ ေမာ္စကိုကိုေရာက္ေနတယ္လို႔ ယုံၾကည္ရပါတယ္။
သူဟာ ႐ုရွားသမၼတပူတင္ရဲ႕ေက်ာေထာက္ေနာက္ခံတစ္ေယာက္လို႔ စြပ္စြဲခံထားရတာပါ။