မိသားစုကိစ္စကြောင့် လေ့ကျင့်ရေးကွင်းမှ ဗီအဲရာ အရေးပေါ်အိမ်ပြန်သွားရပေမယ့် မန်ယူပွဲကို ကြီးကြပ်နိုင်မယ်လို့ ပဲလေ့စ်မျှော်လင့်နေ

တနင်္ဂ္နွေနေ့ကျရင် အိုးလ်ထရက်ဖို့ဒ်မှာသွားကစားရမယ့် မန်ယူပွဲအတွက် ပြုလုပ်နေတဲ့ ပဲလေ့စ်လေ့ကျင့်ရေးကွင်းကနေ

နည်းပြဗီအဲရာ ရုတ်တရက် အရေးပေါ်အိမ်ပြန်သွားခဲ့ရပေမယ့် မန်ယူပွဲကို တာဝန်ယူကြီးကြပ်နိုင်မယ်လို့ ပဲလေ့စ်တာဝန်ရှိသူတွေက မျှော်လင့်နေကြပါတယ်။

ပဲလေ့စ်နည်းပြ ဗီအဲရာဟာ သူ့အိမ်ကနေ ဖုန်းဆက်လာခဲ့ပြီးနောက် မိသားစုအတွင်း အရေးပေါ်ကိစ္စကြောင့် ပဲလေ့စ်ရဲ့ လေ့ကျင့်ခန်းတွေကို မဦးဆောင်နိုင်တော့ဘဲ သူ့ရဲ့လက်ထောက်နည်းပြဖြစ်တဲ့ အိုစီယံရောဘတ်က ဆက်လက်ဦးဆောင်ပြုလုပ်စေခဲ့ရပါတယ်။

ဒီကနေ့၊ စနေနေ့ လေ့ကျင့်ရေးကိုတော့ ဗီအဲရာ ပြန်လည်ဦးဆောင်ပေးနိုင်မယ်လို့ အိုစီယံရောဘတ်က မျှော်လင့်နေပေမယ့်

ဗီအဲရာနဲ့ သူ့ရဲ့မိသားစုအတွက်သာ ပထမဆုံး စဉ်းစားပေးမိသလို ပဲလေ့စ်ရဲ့ မန်ယူပွဲကြိုလေ့ကျင့်ခန်းတွေကို ကျန်ရှိတဲ့ နည်းပြအဖွဲ့ဝင်တွေက ဆက်လက်ဦးဆောင် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဗီအဲရာရဲ့ မိသားစုမှာ ဘယ်လို အရေးပေါ်ကိစ္စပေါ်ပေါက်လာသလည်းဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

ကစားသမားတွေဟာ ပရော်ဖက်ရှင်နယ်တွေဖြစ်လို့ စီစဉ်ထားတဲ့ လေ့ကျင့်ခန်းတွေကို ကောင်းစွာပြုလုပ်နိုင်ကြောင်း၊

ဗီအဲရာဟာ ပဲလေ့စ်ရဲ့ ဦးဆောင်သူ၊ မန်နေဂျာဖြစ်လို့ သူတာဝန်ယူနိုင်ခြင်းနဲ့ မယူနိုင်ခြင်းဟာ များစွာ ကွာခြားကြောင်း၊

ဒါပေမယ့် မိမိတို့ အားလုံးက တာဝန်ယူစိတ်အပြည့်နဲ့ အားလုံးကို မှန်ကန်စွာ ပြုလုပ်ထားကြောင်းလည်း အိုစီယံရောဘတ်က ပြောကြားထားပါတယ်။

zawgyi

မိသားစုကိစၥေၾကာင့္ ေလ့က်င့္ေရးကြင္းမွ ဗီအဲရာ အေရးေပၚအိမ္ျပန္သြားရေပမယ့္ မန္ယူပြဲကို ႀကီးၾကပ္ႏိုင္မယ္လို႔ ပဲေလ့စ္ေမွ်ာ္လင့္ေန

တနဂၤၷြေေန႔က်ရင္ အိုးလ္ထရက္ဖို႔ဒ္မွာသြားကစားရမယ့္ မန္ယူပြဲအတြက္ ျပဳလုပ္ေနတဲ့ ပဲေလ့စ္ေလ့က်င့္ေရးကြင္းကေန နည္းျပဗီအဲရာ ႐ုတ္တရက္ အေရးေပၚအိမ္ျပန္သြားခဲ့ရေပမယ့္ မန္ယူပြဲကို တာဝန္ယူႀကီးၾကပ္ႏိုင္မယ္လို႔ ပဲေလ့စ္တာဝန္ရွိသူေတြက ေမွ်ာ္လင့္ေနၾကပါတယ္။

ပဲေလ့စ္နည္းျပ ဗီအဲရာဟာ သူ႔အိမ္ကေန ဖုန္းဆက္လာခဲ့ၿပီးေနာက္ မိသားစုအတြင္း အေရးေပၚကိစၥေၾကာင့္ ပဲေလ့စ္ရဲ႕ ေလ့က်င့္ခန္းေတြကို မဦးေဆာင္ႏိုင္ေတာ့ဘဲ သူ႔ရဲ႕လက္ေထာက္နည္းျပျဖစ္တဲ့ အိုစီယံေရာဘတ္က ဆက္လက္ဦးေဆာင္ျပဳလုပ္ေစခဲ့ရပါတယ္။

ဒီကေန႔၊ စေနေန႔ ေလ့က်င့္ေရးကိုေတာ့ ဗီအဲရာ ျပန္လည္ဦးေဆာင္ေပးႏိုင္မယ္လို႔ အိုစီယံေရာဘတ္က ေမွ်ာ္လင့္ေနေပမယ့္ ဗီအဲရာနဲ႔ သူ႔ရဲ႕မိသားစုအတြက္သာ ပထမဆုံး စၪ္းစားေပးမိ​သလို ပဲေလ့စ္ရဲ႕ မန္ယူပြဲႀကိဳေလ့က်င့္ခန္းေတြကို က်န္ရွိတဲ့ နည္းျပအဖြဲ႕ဝင္ေတြက ဆက္လက္ဦးေဆာင္ ျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။

ဗီအဲရာရဲ႕ မိသားစုမွာ ဘယ္လို အေရးေပၚကိစၥေပၚေပါက္လာသလည္းဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိပါဘူး။

ကစားသမားေတြဟာ ပေရာ္ဖက္ရွင္နယ္ေတြျဖစ္လို႔ စီစၪ္ထားတဲ့ ေလ့က်င့္ခန္းေတြကို ေကာင္းစြာျပဳလုပ္ႏိုင္ေၾကာင္း၊ ဗီအဲရာဟာ ပဲေလ့စ္ရဲ႕ ဦးေဆာင္သူ၊ မန္ေနဂ်ာျဖစ္လို႔ သူတာဝန္ယူႏိုင္ျခင္းနဲ႔ မယူႏိုင္ျခင္းဟာ မ်ားစြာ ကြာျခားေၾကာင္း၊ ဒါေပမယ့္ မိမိတို႔ အားလုံးက တာဝန္ယူစိတ္အျပည့္နဲ႔ အားလုံးကို မွန္ကန္စြာ ျပဳလုပ္ထားေၾကာင္းလည္း အိုစီယံေရာဘတ္က ေျပာၾကားထားပါတယ္။