မာဆေးလ်သာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါက အာဆင်နယ်မှ ထွက်ခွာပြီးအပြီးသတ်ပြောင်းရန် ဆာလီဘာ တံခါးဖွင့်ပေးထား

အာဆင်နယ်နောက်ခံလူဝီလီယမ်ဆာလီဘာဟာယခုရာသီတွင်

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါကအာဆင်နယ်မှထွက်ခွာပြီးမာဆေးလ်သို့

အပြီးသတ်ပြောင်းရွှေ့ကစားရန်တံခါးဖွင့်ထားကြောင်းသိရပါတယ်။

ဆာလီဘာဟာ၂၀၁၉ခုနှစ်တုန်းကစိန့်အက်တီယန်မှအာဆင်နယ်သို့ပြောင်းခဲ့ပေမဲ့

တစ်ပွဲမျှကစားခွင့်မရသေးဘဲအငှားဖြင့်သာထွက်ခွာကစားနေရပါတယ်။

သူဟာယခုရာသီမှာမာဆေးလ်တွင်အငှားဖြင့်ကစားစဉ်အတွင်း

ခြေစွမ်းပြကစားနေပြီးဂိုးမပေးရတဲ့ပွဲ၁၄ပွဲအထိပိုင်ဆိုင်ထားပါတယ်။

ယနေ့မှာ La Provence ရဲ့ဖော်ပြချက်အရ ပေါင်၂၇သန်းတန်

ဗဟိုနောက်ခံလူဟာ၂၀၂၂-၂၃ရာသီမှာ မာဆေးလ်သာ

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါကအာဆင်နယ်မှ

ထွက်ခွာပြီးအပြီးသတ်ပြောင်းရန်တံခါးဖွင့်ပေးထားကြောင်းသိရပါတယ်။

လီဂူး၁တွင်အမှတ်ပေးဇယားထိပ်ဆုံးသုံးသင်းက

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါတယ်။

ထိပ်ဆုံးနှစ်သင်းက ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ရိုက်ရရှိပြီး

ကျန်တစ်သင်းကခြေစစ်ပွဲကစားရပါတယ်။

မာဆေးလ်ဟာလီဂူး၁အမှတ်ပေးဇယားအဆင့်၃နေရာမှာ

ရပ်တည်နေပြီးအဆင့်၂နေရာမှနိုက်စ်နှင့်၂မှတ်သာကွာဟနေပါတယ်။

ဒါပေမဲ့၎င်းတို့ဟာထိပ်ဆုံးမှပီအက်စ်ဂျီနှင့်ရမှတ်၁၃မှတ်အထိ

ကွာဟနေတာကြောင့်လီဂူး၁ချန်ပီယံမျှော်လင့်ချက်တော့မရှိတော့ပါဘူး။

အသက်၂၀နှစ်ရှိဆာလီဘာဟာ၂၀၁၉-၂၀ရာသီတုန်းက

စိန့်အက်တီယန်တွင်အငှားဖြင့်ကစားခဲ့ရပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း

နိုက်စ်တွင်အငှားဖြင့်သွားကစားခဲ့ရပါတယ်။

zawgyi

မာေဆးလ္သာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိပါက အာဆင္နယ္မွ ထြက္ခြာၿပီးအၿပီးသတ္ေျပာင္းရန္ ဆာလီဘာ တံခါးဖြင့္ေပးထား

အာဆင္နယ္ေနာက္ခံလူဝီလီယမ္ဆာလီဘာဟာယခုရာသီတြင္

ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိပါကအာဆင္နယ္မွထြက္ခြာၿပီးမာေဆးလ္သို႔

အၿပီးသတ္ေျပာင္းေ႐ႊ႕ကစားရန္တံခါးဖြင့္ထားေၾကာင္းသိရပါတယ္။

ဆာလီဘာဟာ၂၀၁၉ခုႏွစ္တုန္းကစိန႔္အက္တီယန္မွအာဆင္နယ္သို႔ေျပာင္းခဲ့ေပမဲ့

တစ္ပြဲမွ်ကစားခြင့္မရေသးဘဲအငွားျဖင့္သာထြက္ခြာကစားေနရပါတယ္။

သူဟာယခုရာသီမွာမာေဆးလ္တြင္အငွားျဖင့္ကစားစဥ္အတြင္း

ေျခစြမ္းျပကစားေနၿပီးဂိုးမေပးရတဲ့ပြဲ၁၄ပြဲအထိပိုင္ဆိုင္ထားပါတယ္။

ယေန႔မွာ La Provence ရဲ႕ေဖာ္ျပခ်က္အရ ေပါင္၂၇သန္းတန္

ဗဟိုေနာက္ခံလူဟာ၂၀၂၂-၂၃ရာသီမွာ မာေဆးလ္သာ

ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိပါကအာဆင္နယ္မွ

ထြက္ခြာၿပီးအၿပီးသတ္ေျပာင္းရန္တံခါးဖြင့္ေပးထားေၾကာင္းသိရပါတယ္။

လီဂူး၁တြင္အမွတ္ေပးဇယားထိပ္ဆုံးသုံးသင္းက

ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိပါတယ္။ထိပ္ဆုံးႏွစ္သင္းက

ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္႐ိုက္ရရွိၿပီးက်န္တစ္သင္းကေျခစစ္ပြဲကစားရပါတယ္။

မာေဆးလ္ဟာလီဂူး၁အမွတ္ေပးဇယားအဆင့္၃ေနရာမွ

ာရပ္တည္ေနၿပီးအဆင့္၂ေနရာမွႏိုက္စ္ႏွင့္၂မွတ္သာကြာဟေနပါတယ္။

ဒါေပမဲ့၎တို႔ဟာထိပ္ဆုံးမွပီအက္စ္ဂ်ီႏွင့္ရမွတ္၁၃မွတ္အထိ

ကြာဟေနတာေၾကာင့္လီဂူး၁ခ်န္ပီယံေမွ်ာ္လင့္ခ်က္ေတာ့မရွိေတာ့ပါဘူး။

အသက္၂၀ႏွစ္ရွိဆာလီဘာဟာ၂၀၁၉-၂၀ရာသီတုန္းက

စိန႔္အက္တီယန္တြင္အငွားျဖင့္ကစားခဲ့ရၿပီး ၿပီးခဲ့တဲ့ရာသီတုန္းကလည္း

ႏိုက္စ္တြင္အငွားျဖင့္သြားကစားခဲ့ရပါတယ္။