တောင်အမေရိကဇုန် ခြေစစ်ပွဲ ၁၅ ထဲက လက်ကျန် ၂ ပွဲဖြစ်တဲ့
ကိုလံဘီယာ-ပီရူး၊ ဗင်နီဇွဲလား- ဘိုလီးဗီးယားပွဲျတွေကို
ဒီည ၃း၃၀၊ ၄း၃၀ နာရီတွေမှာ ဆက်ကစားကြမှာပါ။
ကိုလံဘီယာပွဲမှာ ဘော်ဒီအပေါ်၊ နောက်ပွဲစဥ္မှာတော့
ဂိုးအပေါ်တစ်ကွက်တည်းကြိုက်ပါတယ်။
ကိုလံဘီယာ Vs ပီရူး
ပါရာဂွေးကို အဝေးကွင်းမှာ ဥရုဂွေးက အနိုင်ရသွားတဲ့အတွက်
ဒီပွဲဟာ ၂သင်းစလုံးအတွက် အရေးပါသွားခဲ့ပါပြီ။
၂၀၁၁ ဇူလိုင်နောက်ပိုင်း ပီရူးနဲ့တွေ့ဆုံမှု ၅ ပွဲမှာ
ကိုလံဘီယာက ၄ ပွဲနိုင်ခဲ့ပြီး ၁ ပွဲပဲရှုံးခဲ့ပါတယ်။
ကိုလံဘီယာတိုက်စစ်ကတော့ အားရစရာမရှိဘဲ
ခြေစစ်ပွဲနောက်ဆုံး ၅ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့သလို
၅ ပွဲလုံး နိုင်ပွဲမရှိခဲ့ဘဲ ဘရာဇီးကို ၁-၀နဲ့ အဝေးကွင်းမှ
ာ ရှုံးခဲ့ကာ ကျန် ၄ ပွဲကို ၀-၀ ကစားထားတာပါ။
ပီ၊ရူးကလည်း ၂၀၀၁ ကစလို့ ကိုလံဘီယာနဲ့ကစားခဲ့တဲ့
ကမ္ဘာ့ဖလားခြေစစ်ပွဲ ၉ ပွဲဆက်တိုက် နိုင်ပွဲမရခဲ့ဘဲ
၇ ပွဲအထိတောင် ရှုံးခဲ့ပါတယ်။ အဲ့ဒိ ၉ ပွဲမှာ ၂ ဂိုးသာသွင်းနိုင်ခဲ့ပြီး
၁၈ ဂိုးအထိ ပေးခဲ့ရပါတယ်။ ဖယ်ကာအို၊ ဂရန်နာဒါက
လူးဝစ်ဆွာရက်ဇ်နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ ပွဲထွက်ပါလာမယ့်
ကိုလံဘီယာကိုပဲ ရွေးချယ်ရမှာပါ။
ကိုလံဘီယာ
ဗင်နီဇွဲလား Vs ဘိုလီးဗီးယား
ဗင်နီဇွဲလားက ကမ္ဘာ့ဖလားပြိုင်ပွဲကိုတစ်ခါမှ မကစားဖူးသလို
လက်ရှိခြေစစ်ပွဲမှာလည်း ဇယားအောက်ဆုံးကို ရောက်နေပါတယ်။
တိုက်ရိုက်ခြေစစ်ပွဲအောင်ခွင့်လည်း မရှိတော့ဘဲ
ပလေးအော့ဖ်နေရာအတွက်သာမျှော်လင့်ချက်ရှိနေကာ
ဒီပွဲက အဖြေထွက်သွားနိုင်ပါတယ်။ အောက်တိုဘာအတွင်းက
အီကွေဒေါကို အိမ်ကွင်းမှာ ၂-၁ နဲ့ နိုင်ပြီးနောက်ပိုင်း
ခြေစစ်ပွဲ ၃ ပွဲဆက်ရှုံးထားပါတယ်။
ဘိုလီးဗီးယားက အိမ်ကွင်းအားသာချက်ယူကစားတတ်တဲ့အသင်းပါ။
၁၉၉၃ ဇူလိုင် ၂၅ က ဗင်နီဇွဲလာကွင်းမှာ ၁-၇ နဲ့ နိုင်ပြီးနောက်ပိုင်း
အဝေးကွင်းနိုင်ပွဲ မရသေးပါဘူး။ ဒါပေမယ့် ဘိုလီးဗီယားဟာ
တိုက်ရိုက်ခြေစစ်ပွဲအောင်မယ့်အဆင့် ၄ နေရာနဲ့ ၂ မှတ်သာကွာလို့
အားစိုက်မှာ သေချာပါတယ်။ ဒီခြေစစ်ပွဲတွေမှာ
ခံစစ်အညံ့ဆုံး ၂ သင်းတွေ့ကြတဲ့ပွဲမို့ အချိန်မရွေး ၃ ဂိုးထွက်လာနိုင်တဲ့ပွဲဖြစ်ပြီး
ဂိုးအပေါ်က အသေချာနိုင်ဆုံးပါပဲ။
ဂိုးအပေါ်
zawgyi
မဖြစ်မနေ အနိုင်ကစားရမယ့် ကိုလံဘီယာကို ယုံကြည်ပြီး
ဗင်နီဇွဲလား-ဘိုလီးဗီးယားပွဲမှာ ဂိုးအပေါ်ရွေးချယ်ထား
( ကိုရွှေမောင်း )
ကိုလံဘီယာ-ပီရူး၊ ဗင်နီဇွဲလား- ဘိုလီးဗီးယားပျွဲတွေကို
ကိုလံဘီယာပွဲမှာ ဘော်ဒီအပေါ်၊ နောက်ပွဲစဉ္မှာတော့
ကိုလံဘီယာ Vs ပီရူး
ကိုလံဘီယာ
ဂိုးအပေါ်