မန်ယူမှာ အခွင့်အရေးမရရှာတဲ့ လင်ဂတ်အတွက် မိုယက်စ်စိတ်မကောင်းဖြစ်

မန်ယူမှာ ကစားခွင့်မိနစ်ရဖို့ ရုန်းကန်နေရတဲ့ လင်ဂတ်ရဲ့အခြေအနေကို စိတ်မကောင်းဖြစ်မိကြောင်း ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်က ဝန်ခံလိုက်ပါတယ်။

ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့ရာသီက လင်ဂတ်ကို အငှားခေါ်လိုက်ရာကနေ ကွင်းအတွင်း အကျိုးများခဲ့ပြီး အဲဒီအင်္ဂလန်ကွင်းလယ်လူက ၁၆ ပွဲမှာ ၉ ဂိုးသွင်းပေးခဲ့ကာ ဟမ်းမားတွေကို အဆင့် ၆ ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း ဝက်စ်ဟမ်းဟာ မန်ယူထက် ၃ မှတ်အသာ အဆင့် ၄ နေရာရပ်တည်နေပြီး လင်ဂတ်ကတော့ ဒီရာသီ ယူနိုက်တက်မှာ ၁၁ ပွဲသာ ကစားရသေးတာပါ။

”သူက မန်ယူကစားသမားတစ်ယောက်ဖြစ်နေတာဆိုတော့ သူ့အကြောင်း ကျွန်တော်ပြောလု့ိ မရနိုင်ပါဘူး။

ဒါပေမဲ့ သူဟာ ကျွန်တော်တို့အတွက် တကယ်ကောင်းခဲ့တာပါ။

ကျွန်တော်တို့အားလုံး သူ့ကို ဘယ်လိုမြင်ကြတယ်ဆိုတာကိုလည်း သူသိပါတယ်။

ကျွန်တော်စိတ်မကောင်းဖြစ်မိတာက ဒီလောက်စကေးကောင်းတဲ့ကစားသမားတစ်ယောက်က ကစားခွင့်မရတာပါ။

သူဟာ ပြီးခဲ့တဲ့ရာသီဒုတိယပိုင်းမှာ ကျွန်တော်တို့အတွက် အရေးပါတဲ့အစိတ်အပိုင်းဖြစ်ခဲ့တာပါ။

ဒါပေမဲ့ ဒီမှာရှိတဲ့ကစားသမားတွေဟာ ဂျက်ဆီမရှိဘဲနဲ့ ရှေ့ဆက်နိုင်ခဲ့ပါတယ်”လို့ မိုယက်စ်က ပြောခဲ့တာပါ။

တကယ်လည်း လင်ဂတ်မပါဘဲနဲ့တောင် ဝက်စ်ဟမ်းဟာ တာထွက်ကောင်းထားပြီး ၁၄ ပွဲအပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၄ ရပ်တည်နေတာပါ။

လင်ဂတ်ကတော့ မန်ယူနဲ့ စာချုပ်သက်တမ်းနောက်ဆုံးလတွေထဲရောက်ရှိနေလို့ အိုးလ်ထရက်ဖို့ဒ်မှာ အနာဂါတ်မသေချာတော့ပါဘူး။

သူဟာ လာမယ့်ဇန်နဝါရီမှာတင် အသင်းပြောင်းသွားနိုင်တယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။

သူအထုတ်မခံရခင်က ဆိုးလ်ရှားက လင်ဂတ်ဟာ အသင်းအတွက်အရေးပါသူတစ်ယောက်အဖြစ် ဆက်ရှိနေတယ်လို့ အခိုင်အမာဆိုခဲ့ပေမယ့် နည်းပြသစ်ရန်းနစ်လက်ထက် သူ့ရဲ့အခြေအနေကတော့ စောင့်ကြည့်ရဦးမှာပါ။

zawgyi

မန္ယူမွာ အခြင့္အေရးမရရွာတဲ့ လင္ဂတ္အတြက္ မိုယက္စ္စိတ္မေကာင္းျဖစ္

မန္ယူမွာ ကစားခြင့္မိနစ္ရဖို႔ ႐ုန္းကန္ေနရတဲ့ လင္ဂတ္ရဲ႕အေျခအေနကို စိတ္မေကာင္းျဖစ္မိေၾကာင္း ဝက္စ္ဟမ္းနည္းျပေဒးဗစ္မိုယက္စ္က ဝန္ခံလိုက္ပါတယ္။

ဝက္စ္ဟမ္းဟာ ၿပီးခဲ့တဲ့ရာသီက လင္ဂတ္ကို အငွားေခၚလိုက္ရာကေန ကြင္းအတြင္း အက်ိဳးမ်ားခဲ့ၿပီး အဲဒီအဂၤလန္ကြင္းလယ္လူက ၁၆ ပြဲမွာ ၉ ဂိုးသြင္းေပးခဲ့ကာ ဟမ္းမားေတြကို အဆင့္ ၆ ရေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

ဒီရာသီမွာလည္း ဝက္စ္ဟမ္းဟာ မန္ယူထက္ ၃ မွတ္အသာ အဆင့္ ၄ ေနရာရပ္တည္ေနၿပီး လင္ဂတ္ကေတာ့ ဒီရာသီ ယူႏိုက္တက္မွာ ၁၁ ပြဲသာ ကစားရေသးတာပါ။

”သူက မန္ယူကစားသမားတစ္ေယာက္ျဖစ္ေနတာဆိုေတာ့ သူ႔အေၾကာင္း ကြၽန္ေတာ္ေျပာလု႔ိ မရႏိုင္ပါဘူး။ ဒါေပမဲ့ သူဟာ ကြၽန္ေတာ္တို႔အတြက္ တကယ္ေကာင္းခဲ့တာပါ။ ကြၽန္ေတာ္တို႔အားလုံး သူ႔ကို ဘယ္လိုျမင္ၾကတယ္ဆိုတာကိုလည္း သူသိပါတယ္။

ကြၽန္ေတာ္စိတ္မေကာင္းျဖစ္မိတာက ဒီေလာက္စေကးေကာင္းတဲ့ကစားသမားတစ္ေယာက္က ကစားခြင့္မရတာပါ။ သူဟာ ၿပီးခဲ့တဲ့ရာသီဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔အတြက္ အေရးပါတဲ့အစိတ္အပိုင္းျဖစ္ခဲ့တာပါ။ ဒါေပမဲ့ ဒီမွာရွိတဲ့ကစားသမားေတြဟာ ဂ်က္ဆီမရွိဘဲနဲ႔ ေရွ႕ဆက္ႏိုင္ခဲ့ပါတယ္”လို႔ မိုယက္စ္က ေျပာခဲ့တာပါ။

တကယ္လည္း လင္ဂတ္မပါဘဲနဲ႔ေတာင္ ဝက္စ္ဟမ္းဟာ တာထြက္ေကာင္းထားၿပီး ၁၄ ပြဲအၿပီး ပရီးမီးယားလိဂ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနာက္ဆုံးေနရာျဖစ္တဲ့ အဆင့္ ၄ ရပ္တည္ေနတာပါ။

လင္ဂတ္ကေတာ့ မန္ယူနဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆုံးလေတြထဲေရာက္ရွိေနလို႔ အိုးလ္ထရက္ဖို႔ဒ္မွာ အနာဂါတ္မေသခ်ာေတာ့ပါဘူး။

သူဟာ လာမယ့္ဇန္နဝါရီမွာတင္ အသင္းေျပာင္းသြားႏိုင္တယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေနပါတယ္။

သူအထုတ္မခံရခင္က ဆိုးလ္ရွားက လင္ဂတ္ဟာ အသင္းအတြက္အေရးပါသူတစ္ေယာက္အျဖစ္ ဆက္ရွိေနတယ္လို႔ အခိုင္အမာဆိုခဲ့ေပမယ့္ နည္းျပသစ္ရန္းနစ္လက္ထက္ သူ႔ရဲ႕အေျခအေနကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။