မန်ဒီ ယာရှင်ဆုမရတဲ့ အကြောင်းကို ထုတ်ဖော်တဲ့ အီဗရာ

ယူနိုက်တက်အသင်းနှင့် ပြင်သစ်အသင်းရဲ့ နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ အီဗရာက ချယ်လ်ဆီးဂိုးသမား မန်ဒီအား ယာရှင်ဆုမပေးခြင်းမှာ အာဖရိကကစားသမားတစ်ဦးဖြစ်နေတာကြောင့်ဆိုပြီး စွပ်စွဲပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ချီးမြှင့်ခဲ့တဲ့ Ballon d’Or ဆုပေးပွဲရဲ့ အကောင်းဆုံးဂိုးသမားဆု(ယာရှင်ဆု)ကို ပြင်သစ်ကလပ် PSG အသင်းရဲ့ အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာက ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

ဒွန်နာရမ်မာဟာ ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အီတလီအသင်း ဗိုလ်စွဲစေရန် လက်စွမ်းပြခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းကို

၂၀၂၀ ချန်ပီယံလိဂ်ချန်ပီယံဖြစ်အောင် လက်စွမ်းပြခဲ့တဲ့ ဆီနီဂေါလက်ရွေးစင်ဂိုးသမား မန်ဒီကို မဲအသာရကာ (ဒွန်နာရမ်မာ က ၅၉၄ မဲ၊ မန်ဒီက ၄၀၄ မဲ) အဲဒီဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

“အကောင်းဆုံး ဂိုးသမားဆု (Yashin Trophy) ရွေးတဲ့နေရာမှာ အက်ဒ်ဒွပ် မန်ဒီ ကို ဘာကြောင့်မရွေးချယ်ခဲ့သလဲ..?

ဥရောပတိုက်က လူတွေအတွက် အာဖရိက ဖလားဆိုတာ မျောက်ပွဲလောက်သာ သဘောထားတာပါ..၊ ဒ့ါကြောင့်အဲဒီဖလားကို ဘယ်သူကမှ တန်ဖိုးမထားကြပါဘူး”

“ဒါ့အပြင် ကျွန်တော်တို့ဟာ အဲဒီဖလားပွဲကို ယှဉ်ပြိုင်ခွင့်ရဖို့ ကိုယ့်အသင်းကနေ ထွက်ခွင့်တောင်းရပါတယ်။

သုံးပတ်ခွင့်ယူပြီး ဖလားပွဲကစားရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အာဖရိကတိုက်အတွက် နည်းနည်းလေးပဲ စဉ်းစားထားတာကြောင့် ဖြစ်ပါတယ်။

ဒါတွေဟာ ပြောင်းလဲရပါမယ်၊ ပြောင်းလဲလာမယ်လို့ မျှော်လင့်ရပါတယ်။”ဆိုပြီး ပက်ထရစ်စ် အီဗရာက ပြောပါတယ်။

zawgyi

မန္ဒီ ယာရွင္ဆုမရတဲ့ အ​ေၾကာင္းကို ထုတ္​ေဖာ္တဲ့ အီဗရာ

ယူႏိုက္တက္အသင္းႏွင့္ ျပင္သစ္အသင္းရဲ႕ ေနာက္ခံလူေဟာင္းတစ္ဦးျဖစ္သူ အီဗရာက ခ်ယ္လ္ဆီးဂိုးသမား မန္ဒီအား ယာရွင္ဆုမေပးျခင္းမွာ အာဖရိကကစားသမားတစ္ဦးျဖစ္ေနတာေၾကာင့္ဆိုၿပီး စြပ္စြဲေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တနလၤာေန႔က ခ်ီးျမႇင့္ခဲ့တဲ့ Ballon d’Or ဆုေပးပြဲရဲ႕ အေကာင္းဆုံးဂိုးသမားဆု(ယာရွင္ဆု)ကို ျပင္သစ္ကလပ္ PSG အသင္းရဲ႕ အီတလီလက္ေ႐ြးစင္ဂိုးသမား ဒြန္နာရမ္မာက ဆြတ္ခူးရရွိသြားခဲ့ပါတယ္။

ဒြန္နာရမ္မာဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲတြင္ အီတလီအသင္း ဗိုလ္စြဲေစရန္ လက္စြမ္းျပခဲ့သူျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္းကို ၂၀၂၀ ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ေအာင္ လက္စြမ္းျပခဲ့တဲ့ ဆီနီေဂါလက္ေ႐ြးစင္ဂိုးသမား မန္ဒီကို မဲအသာရကာ (ဒြန္နာရမ္မာ က ၅၉၄ မဲ၊ မန္ဒီက ၄၀၄ မဲ) အဲဒီဆုကို ဆြတ္ခူးခဲ့တာ ျဖစ္ပါတယ္။

“အေကာင္းဆုံး ဂိုးသမားဆု (Yashin Trophy) ေ႐ြးတဲ့ေနရာမွာ အက္ဒ္ဒြပ္ မန္ဒီ ကို ဘာေၾကာင့္မေ႐ြးခ်ယ္ခဲ့သလဲ..? ဥေရာပတိုက္က လူေတြအတြက္ အာဖရိက ဖလားဆိုတာ ေမ်ာက္ပြဲေလာက္သာ သေဘာထားတာပါ..၊ ဒ့ါေၾကာင့္အဲဒီဖလားကို ဘယ္သူကမွ တန္ဖိုးမထားၾကပါဘူး”

“ဒါ့အျပင္ ကြၽန္ေတာ္တို႔ဟာ အဲဒီဖလားပြဲကို ယွဥ္ၿပိဳင္ခြင့္ရဖို႔ ကိုယ့္အသင္းကေန ထြက္ခြင့္ေတာင္းရပါတယ္။ သုံးပတ္ခြင့္ယူၿပီး ဖလားပြဲကစားရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အာဖရိကတိုက္အတြက္ နည္းနည္းေလးပဲ စဥ္းစားထားတာေၾကာင့္ ျဖစ္ပါတယ္။ဒါေတြဟာ ေျပာင္းလဲရပါမယ္၊ ေျပာင္းလဲလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။”ဆိုၿပီး ပက္ထရစ္စ္ အီဗရာက ​ေျပာပါတယ္။