မန်စီးတီးမှ ထွက်ခွာမယ့် ဂွါဒီယိုလာကို ဟော်လန် ကမ်းလှမ်းမှုပြုလုပ်သွားမည်

ဟော်လန်ဘောလုံးအဖွဲ့ချုပ်ဟာမန်စီးတီးမှထွက်ခွာပါက

လက်ရွေးစင်အသင်းနည်းပြအဖြစ်တာဝန်ထမ်းဆောင်လိုနေတဲ့

ပက်ဂွါဒီယိုလာကိုကမ်းလှမ်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

စပိန်လူမျိုးနည်းပြဂွါဒီယိုလာဟာနည်းပြဘဝမကုန်ဆုံးမီ

လက်ရွေးစင်အသင်းတစ်သင်းကိုကိုင်တွယ်လိုကြောင်း

ထုတ်ဖော်ပြောကြားထားသူလည်းဖြစ်ပါတယ်။

ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်ဟာဂွါဒီယိုလာကိုခန့်အပ်နိုင်ရေးအတွက်

နောက်ထပ် ၁၈လအထိစောင့်ဆိုင်းရဦးမှာဖြစ်ပေမဲ့လည်း

သူ့ကိုခန့်အပ်နိုင်ရေးစတင်စီစဉ်နေကြပြီဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့လက်ရှိမန်စီးတီးနှင့်ချုပ်ဆိုထားတဲ့စာချုပ်က

၂၀၂၃ခုနှစ်၊ဇွန်လတွင်ကုန်ဆုံးမည်ဖြစ်ပြီးကလပ်ဘက်ကတော့

သူ့ကိုယင်းထက်ဆက်လက်ရှိစေချင်နေပါတယ်။

လက်ရှိအချိန်တွင်ဂွါဒီယိုလာကမန်စီးတီးနှင့်စာချုပ်သက်တမ်း

မကုန်ဆုံးသေးမီထွက်ခွာမည်မဟုတ်ကြောင်းသာပြောဆိုထားပြီး

ဆက်လက်ကိုင်တွယ်ရေးနှင့်ပတ်သက်ပြီးတစုံတရာပြောကြားထားခြင်းမရှိပါဘူး။

ဂွါဒီယိုလာဟာကတ်တလန်လွတ်လပ်တဲ့နိုင်ငံဖြစ်မြောက်ရေးအတွက်

ထောက်ခံသူဖြစ်ရာစပိန်လက်ရွေးစင်အသင်းကိုကိုင်တွယ်သွားဖို့တော့ မရှိပါဘူး။

ဟော်လန်အသင်းမှာဘာစီလိုနာသူရဲကောင်းဂျိုဟန်ခရိုက်ဖ်ရဲ့နိုင်ငံဖြစ်ရာ

ဂွါဒီယိုလာအတွက်ဆွဲဆောင်မှုတစ်ခုဖြစ်နေဖို့ရှိပါတယ်။

လက်ရှိအချိန်တွင်ဟော်လန်လက်ရွေးစင်အသင်းကို

ယူနိုက်တက်နည်းပြဟောင်းလူးဝစ်ဗန်ဂါးလ်ကကိုင်တွယ်နေပါတယ်။

အသက်၇၀နှစ်ရှိလူးဝစ်ဗန်ဂါးလ်ဟာ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်

ရာထူးမှထွက်ခွာရန်စီစဉ်ထားပါတယ်။

zawgyi

မန္စီးတီးမွ ထြက္ခြာမယ့္ ဂြါဒီယိုလာကို ေဟာ္လန္ ကမ္းလွမ္းမႈျပဳလုပ္သြားမည္

ေဟာ္လန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာမန္စီးတီးမွထြက္ခြာပါက

လက္ေ႐ြးစင္အသင္းနည္းျပအျဖစ္တာဝန္ထမ္းေဆာင္လိုေနတဲ့

ပက္ဂြါဒီယိုလာကိုကမ္းလွမ္းမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

စပိန္လူမ်ိဳးနည္းျပဂြါဒီယိုလာဟာနည္းျပဘဝမကုန္ဆုံးမီ

လက္ေ႐ြးစင္အသင္းတစ္သင္းကိုကိုင္တြယ္လိုေၾကာင္း

ထုတ္ေဖာ္ေျပာၾကားထားသူလည္းျဖစ္ပါတယ္။

ဒတ္ခ်္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဂြါဒီယိုလာကိုခန႔္အပ္ႏိုင္ေရးအတြက္

ေနာက္ထပ္ ၁၈လအထိေစာင့္ဆိုင္းရဦးမွာျဖစ္ေပမဲ့လည္း

သူ႔ကိုခန႔္အပ္ႏိုင္ေရးစတင္စီစဥ္ေနၾကၿပီျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕လက္ရွိမန္စီးတီးႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္က

၂၀၂၃ခုႏွစ္၊ဇြန္လတြင္ကုန္ဆုံးမည္ျဖစ္ၿပီးကလပ္ဘက္ကေတာ့

သူ႔ကိုယင္းထက္ဆက္လက္ရွိေစခ်င္ေနပါတယ္။

လက္ရွိအခ်ိန္တြင္ဂြါဒီယိုလာကမန္စီးတီးႏွင့္စာခ်ဳပ္သက္တမ္း

မကုန္ဆုံးေသးမီထြက္ခြာမည္မဟုတ္ေၾကာင္းသာေျပာဆိုထားၿပီး

ဆက္လက္ကိုင္တြယ္ေရးႏွင့္ပတ္သက္ၿပီးတစုံတရာေျပာၾကားထားျခင္းမရွိပါဘူး။

ဂြါဒီယိုလာဟာကတ္တလန္လြတ္လပ္တဲ့ႏိုင္ငံျဖစ္ေျမာက္ေရးအတြက္

ေထာက္ခံသူျဖစ္ရာစပိန္လက္ေ႐ြးစင္အသင္းကိုကိုင္တြယ္သြားဖို႔ေတာ့ မရွိပါဘူး။

ေဟာ္လန္အသင္းမွာဘာစီလိုနာသူရဲေကာင္းဂ်ိဳဟန္ခ႐ိုက္ဖ္ရဲ႕ႏိုင္ငံျဖစ္ရာ

ဂြါဒီယိုလာအတြက္ဆြဲေဆာင္မႈတစ္ခုျဖစ္ေနဖို႔ရွိပါတယ္။

လက္ရွိအခ်ိန္တြင္ေဟာ္လန္လက္ေ႐ြးစင္အသင္းကို

ယူႏိုက္တက္နည္းျပေဟာင္းလူးဝစ္ဗန္ဂါးလ္ကကိုင္တြယ္ေနပါတယ္။

အသက္၇၀ႏွစ္ရွိလူးဝစ္ဗန္ဂါးလ္ဟာ၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္

ရာထူးမွထြက္ခြာရန္စီစဥ္ထားပါတယ္။