မန်စီးတီးနဲ့ပွဲအမီ ကြံခိုင်မှုရရန် ကြိုးစားနေတဲ့ လီဗာပူးအသင်းရဲ့ ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုး

လီဗာပူးအသင်းရဲ့ ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုးဟာ

တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ခန့်

နားရမှာ ဖြစ်ကြောင်း နည်းပြ ကလော့ပ်က အတည်ပြုသွားခဲ့ပါတယ်။

ဒဏ်ရာကြောင့် အာနိုးဟာ လီဗာပူးရဲ့ အက်ဖ်အေဖလားပွဲ

(နောတင်ဟမ်ဖောရက်စ်နဲ့ပွဲ) နှင့် အင်္ဂလန်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပြီး

နောက်ဆုံးရသတင်းတွေအရ မန်စီးတီးနဲ့ပွဲအမီ

ကြံခိုင်မှုရရန် ပစ်မှတ်ထားလျက် ရှိနေကြောင်း သိရပါတယ်။

နော်တင်ဟမ်ဖောရက်စ်နဲ့ကစားမယ့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ

ကလော့ပ်က”ထရန့်လိုကစားတတ်တဲ့ကစားသမားမျိုးရှိသေးလား ကျွန်တော်မသိပါဘူး။

အဲဒီတော့ တိုက်ရိုက်အစားထိုးဖို့ဆိုတာ ခက်ခဲမှာပါ”လို့ပြောခဲ့တာပါ။

လီဗာပူးအသင်းဟာ ဧပြီလ ၂ရက်နေ့မှာဝက်ဖို့ဒ်နဲ့ကစားရမှာဖြစ်ပြီး

၄ရက်အကြာမှာဘင်ဖီကာ၊ နောက် ၄ရက်အကြာမှာ

မန်စီးတီးအသင်းတို့နဲ့ ဆက်တိုက်ယှဉ်ပြိုင်ကစားရမှာပါ။

အာနိုးဟာယခုနှစ်ရာသီမှာ ဂိုးဖန်တီးမှု ၁၁ကြိမ်နဲ့

ပရီးမီးယားလိဂ်ရဲ့ဂိုးဖန်တီးမှုအများဆုံးဖြစ်နေပါတယ်။

zawgyi

မန္စီးတီးနဲ႔ပြဲအမီ ႀကံခိုင္မႈရရန္ ႀကိဳးစားေနတဲ့ လီဗာပူးအသင္းရဲ႕ ညာေနာက္ခံလူ အလက္ဇန္းဒါးအာႏိုး

လီဗာပူးအသင္းရဲ႕ ညာေနာက္ခံလူ အလက္ဇန္းဒါးအာႏိုးဟာ

တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ရက္သတၱပတ္အနည္းငယ္ခန႔္

နားရမွာ ျဖစ္ေၾကာင္း နည္းျပ ကေလာ့ပ္က အတည္ျပဳသြားခဲ့ပါတယ္။

ဒဏ္ရာေၾကာင့္ အာႏိုးဟာ လီဗာပူးရဲ႕ အက္ဖ္ေအဖလားပြဲ

(ေနာတင္ဟမ္ေဖာရက္စ္နဲ႔ပြဲ) ႏွင့္ အဂၤလန္ပြဲစဥ္ေတြကို လြဲေခ်ာ္မွာျဖစ္ၿပီး

ေနာက္ဆုံးရသတင္းေတြအရ မန္စီးတီးနဲ႔ပြဲအမီ

ႀကံခိုင္မႈရရန္ ပစ္မွတ္ထားလ်က္ ရွိေနေၾကာင္း သိရပါတယ္။

ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ကစားမယ့္ပြဲမတိုင္မီ သတင္းစာရွင္းလင္းပြဲမွာ

ကေလာ့ပ္က”ထရန႔္လိုကစားတတ္တဲ့ကစားသမားမ်ိဳးရွိေသးလား ကြၽန္ေတာ္မသိပါဘူး။

အဲဒီေတာ့ တိုက္႐ိုက္အစားထိုးဖို႔ဆိုတာ ခက္ခဲမွာပါ”လို႔ေျပာခဲ့တာပါ။

လီဗာပူးအသင္းဟာ ဧၿပီလ ၂ရက္ေန႔မွာဝက္ဖို႔ဒ္နဲ႔ကစားရမွာျဖစ္ၿပီး

၄ရက္အၾကာမွာဘင္ဖီကာ၊ ေနာက္ ၄ရက္အၾကာမွာ

မန္စီးတီးအသင္းတို႔နဲ႔ ဆက္တိုက္ယွဥ္ၿပိဳင္ကစားရမွာပါ။

အာႏိုးဟာယခုႏွစ္ရာသီမွာ ဂိုးဖန္တီးမႈ ၁၁ႀကိမ္နဲ႔

ပရီးမီးယားလိဂ္ရဲ႕ဂိုးဖန္တီးမႈအမ်ားဆုံးျဖစ္ေနပါတယ္။