မကြံဖူးပေါင် ဂုဏ်ထူးဆောင်ဖြစ်ခဲ့တဲ့ အုပ်စု(F)ပွဲစဉ်တစ်ပွဲ

ဘောလုံးပွဲတွေမှာ နည်းပညာတွေ ဘယ်လောက်ပဲအဆင့်မြင့်မြင့်

ဒိုင်လူကြီးတွေရဲ့အငြင်းပွားစရာဆုံးဖြတ်ချက်တွေကို မြင်တွေ့နေရဆဲဖြစ်ပေမယ့်

အခု ဒိုင်လူကြီးရဲ့အဖြစ်ကတော့ နည်းနည်းထူးဆန်းပြီး မိနစ်(၉၀)မပြည့်ဘဲ

နှစ်ကြိမ်တိုင်တိုင် ပွဲသိမ်းခရာမှုတ်ခဲ့တာပါပဲ။

ဒါက သာမန်အပျော်တမ်းပြိုင်ပွဲမျိုးမှာဖြစ်တာမဟုတ်ဘဲ

အခု ကင်မရွန်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေပြီး

ဆာလာ၊ မာနေး၊ မန်ဒီ စတဲ့ နာမည်ကျော်ကစားသမားတွေပါဝင်ယှဉ်ပြိုင်နေကြတဲ့

၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့အင်္ဂါနေ့က အုပ်စု(F)ပွဲစဉ်တစ်ပွဲဖြစ်တဲ့ တူနီးရှား-မာလီပွဲမှာ

မာလီအသင်းက တိုက်စစ်မှူးကိုနေးရဲ့ပယ်နယ်တီဂိုးနဲ့အနိုင်ရခဲ့ပြီး

ဒါက ပြဿနာမဟုတ်ပေမယ့် အဲဒီပွဲကို,ကိုင်တွယ်တဲ့

ကွင်းလယ်ဒိုင်ဂျန်နီဆီကာဇူဆိုသူက (၈၅)မိနစ်မှာတစ်ကြိမ်

ပွဲပြီးခရာမှုတ်ခဲ့တာကြောင့် အကြီးအကျယ်ပြဿနာတက်ခဲ့ပြီးတော့

တူနီးရှားအသင်းက စောဒကတက်တော့မှ ပွဲကိုပြန်စခဲ့ပေမယ့်

(၈၉)မိနစ်၊ (၄၃)စက္ကန့်မှာ ပွဲသိမ်းခရာမှုတ်ခဲ့တာဖြစ်ပါတယ်။

ဒိုင်လူကြီးရဲ့ အူကြောင်ကြောင်အမှားအပေါ် တူနီးရှားအသင်းနည်းပြတစ်ယောက်

အကြီးအကျယ်ဒေါသပေါက်ကွဲခဲ့ပြီး ပွဲအပြီးမှာ

သူ့လက်က နာရီကိုပြ,ပြပြီးတော့ ဒေါသတကြီးစောဒကတက်ခဲ့ပါတယ်။

အခုပွဲမှာ နာကျင်အချိန်ပို မသတ်မှတ်ခဲ့သလို VAR နည်းစနစ်အသုံးပြုပေမယ့်

ဘာမှတိကျတဲ့ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့ပါဘူး။

သတင်းတချို့ကတော့ ပွဲချိန်အတွင်း ရေသောက်ချိန် (Water Break)အဖြစ်

(၅)မိနစ်သတ်မှတ်ပေးခဲ့ချိန်မှာ ဒိုင်လူကြီးဆီကာဇူက

သူ့နာရီကို ရပ်ထားဖို့မေ့သွားတာကြောင့်

အခုလိုအမှားကျူးလွန်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

အသက်(၄၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇမ်ဘီယာလူမျိုးဒိုင်လူကြီး

ဆီကာဇူဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ခဲ့ဖူးတဲ့

အတွေ့အကြုံကောင်းတွေရှိခဲ့ပေမယ့် အခုပွဲမှာတော့ ဘယ်လိုမှ

လက်ခံစရာမရှိတဲ့ အမှားကြီးကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်မီဒီယာတွေကတော့ ဆီကာဇူဟာ ၂၀၁၈ ခုနှစ်က လုပ်ပွဲပြဿနာတွေကြောင့်

ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ခွင့် ပိတ်ပင်ခံရဖူးတယ်လို့ ဖော်ပြနေကြပါတယ်။

ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ စတင်ခဲ့တဲ့

၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကတော့

‘စကတည်းက ယဉ်သကို’ဖြစ်နေပြီး နောက်ထပ်

ဘယ်လိုတလွဲတွေထပ်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ . . .

zawgyi

မႀကံဖူးေပါင္ ဂုဏ္ထူးေဆာင္ျဖစ္ခဲ့တဲ့ အုပ္စု(F)ပြဲစဥ္တစ္ပြဲ

ေဘာလုံးပြဲေတြမွာ နည္းပညာေတြ ဘယ္ေလာက္ပဲအဆင့္ျမင့္ျမင့္

ဒိုင္လူႀကီးေတြရဲ႕အျငင္းပြားစရာဆုံးျဖတ္ခ်က္ေတြကို ျမင္ေတြ႕ေနရဆဲျဖစ္ေပမယ့္

အခု ဒိုင္လူႀကီးရဲ႕အျဖစ္ကေတာ့ နည္းနည္းထူးဆန္းၿပီး မိနစ္(၉၀)မျပည့္ဘဲ

ႏွစ္ႀကိမ္တိုင္တိုင္ ပြဲသိမ္းခရာမႈတ္ခဲ့တာပါပဲ။

ဒါက သာမန္အေပ်ာ္တမ္းၿပိဳင္ပြဲမ်ိဳးမွာျဖစ္တာမဟုတ္ဘဲ

အခု ကင္မ႐ြန္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပေနၿပီး

ဆာလာ၊ မာေနး၊ မန္ဒီ စတဲ့ နာမည္ေက်ာ္ကစားသမားေတြပါဝင္ယွဥ္ၿပိဳင္ေနၾကတဲ့

၂၀၂၁ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာျဖစ္ခဲ့တာပါ။

ၿပီးခဲ့တဲ့အဂၤါေန႔က အုပ္စု(F)ပြဲစဥ္တစ္ပြဲျဖစ္တဲ့ တူနီးရွား-မာလီပြဲမွာ

မာလီအသင္းက တိုက္စစ္မႉးကိုေနးရဲ႕ပယ္နယ္တီဂိုးနဲ႔အႏိုင္ရခဲ့ၿပီး

ဒါက ျပႆနာမဟုတ္ေပမယ့္ အဲဒီပြဲကို,ကိုင္တြယ္တဲ့

ကြင္းလယ္ဒိုင္ဂ်န္နီဆီကာဇူဆိုသူက (၈၅)မိနစ္မွာတစ္ႀကိမ္

ပြဲၿပီးခရာမႈတ္ခဲ့တာေၾကာင့္ အႀကီးအက်ယ္ျပႆနာတက္ခဲ့ၿပီးေတာ့

တူနီးရွားအသင္းက ေစာဒကတက္ေတာ့မွ ပြဲကိုျပန္စခဲ့ေပမယ့္

(၈၉)မိနစ္၊ (၄၃)စကၠန႔္မွာ ပြဲသိမ္းခရာမႈတ္ခဲ့တာျဖစ္ပါတယ္။

ဒိုင္လူႀကီးရဲ႕ အူေၾကာင္ေၾကာင္အမွားအေပၚ တူနီးရွားအသင္းနည္းျပတစ္ေယာက္

အႀကီးအက်ယ္ေဒါသေပါက္ကြဲခဲ့ၿပီး ပြဲအၿပီးမွာ

သူ႔လက္က နာရီကိုျပ,ျပၿပီးေတာ့ ေဒါသတႀကီးေစာဒကတက္ခဲ့ပါတယ္။

အခုပြဲမွာ နာက်င္အခ်ိန္ပို မသတ္မွတ္ခဲ့သလို VAR နည္းစနစ္အသုံးျပဳေပမယ့္

ဘာမွတိက်တဲ့ဆုံးျဖတ္ခ်က္ မခ်မွတ္ႏိုင္ခဲ့ပါဘူး။

သတင္းတခ်ိဳ႕ကေတာ့ ပြဲခ်ိန္အတြင္း ေရေသာက္ခ်ိန္ (Water Break)အျဖစ္

(၅)မိနစ္သတ္မွတ္ေပးခဲ့ခ်ိန္မွာ ဒိုင္လူႀကီးဆီကာဇူက

သူ႔နာရီကို ရပ္ထားဖို႔ေမ့သြားတာေၾကာင့္

အခုလိုအမွားက်ဴးလြန္ခဲ့တာျဖစ္ႏိုင္တယ္လို႔ သုံးသပ္ခဲ့ၾကပါတယ္။

အသက္(၄၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဇမ္ဘီယာလူမ်ိဳးဒိုင္လူႀကီး

ဆီကာဇူဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ဒိုင္လူႀကီးအျဖစ္ေဆာင္႐ြက္ခဲ့ဖူးတဲ့

အေတြ႕အႀကဳံေကာင္းေတြရွိခဲ့ေပမယ့္ အခုပြဲမွာေတာ့ ဘယ္လိုမွ

လက္ခံစရာမရွိတဲ့ အမွားႀကီးက်ဴးလြန္ခဲ့တာျဖစ္ပါတယ္။

ၿဗိတိန္မီဒီယာေတြကေတာ့ ဆီကာဇူဟာ ၂၀၁၈ ခုႏွစ္က လုပ္ပြဲျပႆနာေတြေၾကာင့္

ဒိုင္လူႀကီးအျဖစ္ေဆာင္႐ြက္ခြင့္ ပိတ္ပင္ခံရဖူးတယ္လို႔ ေဖာ္ျပေနၾကပါတယ္။

ျပႆနာေပါင္းေသာင္းေျခာက္ေထာင္နဲ႔ စတင္ခဲ့တဲ့

၂၀၂၁ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲကေတာ့

‘စကတည္းက ယဥ္သကို’ျဖစ္ေနၿပီး ေနာက္ထပ္

ဘယ္လိုတလြဲေတြထပ္ျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ . . .