မက်ဒရစ်သို့ ကိုယ်ပိုင်လေယာဉ်ဖြင့်သွားရောက်ပြီး ညစာအတူစားကာ ဇိမ်ခံဟိုတည်တွင်အိပ်စက်ခဲ့ကြတဲ့ ရော်နယ်ဒိုတို့စုံတွဲ

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ဟာမက်ဒရစ်သို့

ကိုယ်ပိုင်လေယာဉ်ဖြင့်သွားရောက်ပြီး ညစာအတူစားကာ

ဇိမ်ခံဟိုတည်တွင်အိပ်စက်ခဲ့ကြပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာတင်ပုံးဆုံဒဏ်ရာကြောင့်

အက်စတွန်ဗီလာကို၁-ဝဂိုးဖြင့်အနိုင်ရရှိတဲ့အက်ဖ်အေဖလားပွဲကိုလွဲခဲ့သူဖြစ်ပါတယ်။

သူဟာတင်ပါးဆုံဒဏ်ရာကြောင့်အနားရစဉ်အတွင်း

စပိန်နိုင်ငံရဲ့မြို့တော်သို့သွားရောက်ခဲ့တာဖြစ်ပါတယ်။

၎င်းတို့စုံတွဲဟာပေါင်သန်း၂၀တန်ကိုယ်ပိုင်လေယာဉ်ဖြင့်

မက်ဒရစ်သို့သွားခဲ့ကြကာ ကမ္ဘာကျော်စားဖိုမှူးဂျီးဆပ်စ်ဆန်းချက်ဇ်

ဦးစီးလုပ်ဆောင်နေတဲ့ Amos Restaurant တွင်ညစာအတူစားခဲ့ကြပါတယ်။

ပြီးလျှင်၎င်းတို့ဟာယင်းစားသောက်ဆိုင်ရှိရာ

Rosewood Villa Magna Hotel တွင်ပင်တည်းခိုခဲ့ပါတယ်။

ရော်နယ်ဒိုဟာမက်ဒရစ်တွင်နေထိုင်စဉ်ကတည်းက

ယင်းဟိုတယ်ကိုနှစ်သစ်သူဖြစ်ပါတယ်။ရော်နယ်ဒိုဟာမက်ဒရစ်တွင်

ပေါင်၄.၈သန်းတန်နေအိမ်ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

zawgyi
















ပေါင်၎.၈သန်းတန်နေအိမ်ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။