မက်ဆီ – အဲလ်ဗတ်အတွဲကို ဘာစီလိုနာမှာ ပြန်တွေ့ရတော့မလား
ဒန်နီ အဲလ်ဗတ်က လီယွန်နယ် မက်ဆီဟာ ပဲရစ် စိန့် ဂျာမိန်းမှာ
ပျော်ရွှင်ပုံမရကြောင်း သုံးသပ်ခဲ့ပြီး သူ့ရဲ့ အသင်းဖော်ဟောင်းကို
ဘာစီလိုနာ လာပြီး သူနဲ့အတူ ပြန်လည်တွဲဖက်ကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့‌ နွေရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီထံ
( ၂ ) နှစ်စာချုပ် ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ပြင်သစ်ကို ‌ေရာက်ရှိပြီးကတည်းက ( ၇ ) ကြိမ်မြောက်
ဘလွန်းဒီအော ပိုင်ရှင်ဟာ ချန်ပီယံလိဂ်မှာ ( ၅ ) ဂိုး နှင့်
လီဂူးဝမ်းမှာ ( ၂ ) ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။
ချန်ပီယံလိဂ် ( ၁၆ )သင်းအဆင့်မှာလည်း ရီးရဲမက်ဒရစ်အသင်းကို
( ၂ ) ဂိုးအသာရထားပြီးမှ နောက်တစ်ဆင့် တက်‌ေရာက်နိုင်မယ့်
အခွင့်အရေးကို လွဲခေျာ်ခဲ့တာကြောင့် Bordeaux နဲ့ လီဂူးပွဲစဥ်မှာ
မက်ဆီဟာ အသင်းပရိသတ်တွေရဲ့ ဟော်ဟစ်လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။
ဘာစီလိုနာကို ဒုတိယအကြိမ်မေြာက် လာရောက်ကစားနေတဲ့
အဲလ်ဗတ်က ESPN နဲ့ အင်တာဗျူးအတွင်း ( ပီအက်စ်ဂျီအသင်း
ရီးရဲကို မရှုံးခင် ပြလုပ်ထားခြင်းဖြစ် ) “ မက်ဆီက သူ့ကိုယ်သူ
ပျော်မနေဘူးလို့ ခံစားရပါတယ်။ ကျွန်တော့်အတွက်
သူက နေရာမရဖြစ်နေတယ်လို့ ခံစားရပါတယ်။
လက်ရှိ လီယိုက အဲ့ဒီမှာ နေရာပျောက်နေပါတယ်။
လီယိုဟာ “ ဒီနေရာ ( ဘာစီလိုနာ )က လွဲပြီး ဘယ်မှာပိုပျော်နိုင်မှာလဲ?” ဆိုပြီး
ကျွန်တော့်ကို အမြဲပေြာလေ့ရှိပါတယ်။”လို့ ဆိုခဲ့ပါတယ်။
“ ကျွန်တော်က သက်သေပါပဲ ။ ဒီနေရာထက်ကောင်းတာ ဘယ်မှာမှ မရှိပါဘူး ။
အကြောင်းအမျိုးမျိုးကြောင့် လီယိုက ဒီနေ့ ဒီမှာ မရှိတော့ပါဘူး ။
ကျွန်တော့်အနေနဲ့ သူပြန်လာမယ်လို့ မျှော်လင့်ပါတယ်။”
zawgyi
ဒါပေမယ့် ပြင်သစ်ကို ‌ရောက်ရှိပြီးကတည်းက ( ၇ ) ကြိမ်မြောက်
( ၂ ) ဂိုးအသာရထားပြီးမှ နောက်တစ်ဆင့် တက်‌ရောက်နိုင်မယ့်
အခွင့်အရေးကို လွဲချော်ခဲ့တာကြောင့် Bordeaux နဲ့ လီဂူးပွဲစဉ်မှာ
ဘာစီလိုနာကို ဒုတိယအကြိမ်မြောက် လာရောက်ကစားနေတဲ့
ကျွန်တော့်ကို အမြဲပြောလေ့ရှိပါတယ်။”လို့ ဆိုခဲ့ပါတယ်။