မက်ဆီ ဘာစီလိုနာ ပြန်ရောက်ဖို့ သူ့ရဲ့ ဖခင် ကြိုးစားနေ

ပြီးခဲ့တဲ့ ဘိုဒေါ့ အသင်းနဲ့ ပွဲစဉ်မှာဘောလုံးတစ်ခါထိတိုင်း

တစ်ခါ လှောင်ပြောင် ခံခဲ့ရပြီး နောက်မှာတော့ မက်ဆီ တစ်ယောက်

ဘာစီလိုနာ အသင်းကို ပြန်လည် ပြောင်းရွှေ့မယ် ဆိုတဲ့ သတင်းတွေထွက် လာပါတယ်။

ပြီးခဲ့တဲ့ အပြောင်း အရွှေ့မှာ မက်ဆီ တစ်ယောက် ဘာစီလိုနာ အသင်းမှာ

ဆက်နေဖို့ ဆန္ဒရှိခဲ့ပေမယ့် အသင်းရဲ့ ဘဏ္ဏာရေး အကြပ်အတည်းကြောင့်

နူးကမ့်ကနေထွက် ခွာဖို့ ဖြစ်လာခဲ့တာပါ။

ပွဲစဉ်အတွင်း လှောင်ပြောင်မှုတွေ အပေါ် မက်ဆီ တစ်ယောက်

စိတ် မသက်မသာ ဖြစ်နေပြီး နောက်မှာတော့ မက်ဆီရဲ့ ဖခင် ဖြစ်သူက

ဘာစီလိုနာ အသင်း တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့တာ ဖြစ်တယ်လို့

အပြောင်းအရွှေ့ဂုရု ဂါရတ် ရိုမာနိုက အတည်ပြု ထုတ်ပြော ခဲ့ပါတယ်။

မက်ဆီရဲ့ ဖခင် ဖြစ်သူနဲ့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာတို့

အချိန် အတော်ကြာတဲ့ ဆွေးနွေးမှုတွေ ဖုန်းနဲ့ အကြိမ်ကြိမ်

ပြုလုပ်ခဲ့တယ်လို့ ရိုမာနိုက အတိအကျ ဆိုခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဖက်က တရားဝင် ထုတ်ပြောတာမျိုး မရှိသေးပေမယ့်

မကြာခင် အချိန်တွင်း မက်ဆီရဲ့ အပြောင်းအရွှေ့ သတင်းတွေ ကြားရဖို့ ရှိနေပါတယ်။

နည်းပြသစ် ဇာဗီရဲ့ လက်အောက်မှာ လူငယ် ကစားသမားတွေနဲ့ အသင်းကို

တည်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာ အသင်း အနေနဲ့

မက်ဆီကို ပြန်ခေါ်ဖို့ လိုလိုလားလား ရှိပါ့မလား။

zawgyi

မက္ဆီ ဘာစီလိုနာ ျပန္ေရာက္ဖို႔ သူ႔ရဲ႕ ဖခင္ ႀကိဳးစားေန

ၿပီးခဲ့တဲ့ ဘိုေဒါ့ အသင္းနဲ႔ ပြဲစဥ္မွာေဘာလုံးတစ္ခါထိတိုင္း

တစ္ခါ ေလွာင္ေျပာင္ ခံခဲ့ရၿပီး ေနာက္မွာေတာ့ မက္ဆီ တစ္ေယာက္

ဘာစီလိုနာ အသင္းကို ျပန္လည္ ေျပာင္းေ႐ႊ႕မယ္ ဆိုတဲ့ သတင္းေတြထြက္ လာပါတယ္။

ၿပီးခဲ့တဲ့ အေျပာင္း အေ႐ႊ႕မွာ မက္ဆီ တစ္ေယာက္ ဘာစီလိုနာ အသင္းမွာ

ဆက္ေနဖို႔ ဆႏၵရွိခဲ့ေပမယ့္ အသင္းရဲ႕ ဘဏၰာေရး အၾကပ္အတည္းေၾကာင့္

ႏူးကမ့္ကေနထြက္ ခြာဖို႔ ျဖစ္လာခဲ့တာပါ။

ပြဲစဥ္အတြင္း ေလွာင္ေျပာင္မႈေတြ အေပၚ မက္ဆီ တစ္ေယာက္

စိတ္ မသက္မသာ ျဖစ္ေနၿပီး ေနာက္မွာေတာ့ မက္ဆီရဲ႕ ဖခင္ ျဖစ္သူက

ဘာစီလိုနာ အသင္း တာဝန္ရွိသူေတြကို ဆက္သြယ္ခဲ့တာ ျဖစ္တယ္လို႔

အေျပာင္းအေ႐ႊ႕ဂု႐ု ဂါရတ္ ႐ိုမာႏိုက အတည္ျပဳ ထုတ္ေျပာ ခဲ့ပါတယ္။

မက္ဆီရဲ႕ ဖခင္ ျဖစ္သူနဲ႔ ဘာစီလိုနာ ဥကၠဌ လာေပၚတာတို႔

အခ်ိန္ အေတာ္ၾကာတဲ့ ေဆြးေႏြးမႈေတြ ဖုန္းနဲ႔ အႀကိမ္ႀကိမ္

ျပဳလုပ္ခဲ့တယ္လို႔ ႐ိုမာႏိုက အတိအက် ဆိုခဲ့ပါတယ္။

ဘာစီလိုနာ အသင္းဖက္က တရားဝင္ ထုတ္ေျပာတာမ်ိဳး မရွိေသးေပမယ့္

မၾကာခင္ အခ်ိန္တြင္း မက္ဆီရဲ႕ အေျပာင္းအေ႐ႊ႕ သတင္းေတြ ၾကားရဖို႔ ရွိေနပါတယ္။

နည္းျပသစ္ ဇာဗီရဲ႕ လက္ေအာက္မွာ လူငယ္ ကစားသမားေတြနဲ႔ အသင္းကို

တည္ေဆာင္ဖို႔ ႀကိဳးပမ္းေနတဲ့ ဘာစီလိုနာ အသင္း အေနနဲ႔

မက္ဆီကို ျပန္ေခၚဖို႔ လိုလိုလားလား ရွိပါ့မလား။