မက်ဆီ၊ နေမာနဲ့ ဘာပေ တို့ ၃ ဦးစလုံးဂိုးသွင်းတဲ့ ပထမဆုံးလီဂူး ပွဲ

မနေ့ညက ပီအက်စ်ဂျီက လိုရီယန့်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ

ပီအက်စ်ဂျီတိုက်စစ်မှူးတွေဖြစ်တဲ့ မက်ဆီ၊ နေမာ နဲ့ ဘာပေ တို့

၃ ဦးစလုံးဂိုးသွင်းနိုင်ခဲ့ကြပြီး အခုလိုတစ်ပွဲတည်းမှာ

သူတို့အားလုံးဂိုးသွင်းနိုင်ခဲ့တာဟာ သူတို့တွေ တစ်သင်းတည်းမှာရှိနေကြပြီးနောက်ပိုင်း

ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီ က မက်ဆီတစ်ယောက် ဘာစီလိုနာကနေပြောင်းလာပြီးတဲ့နောက်

သူအပါအဝင် နေမာနဲ့ ဘာပေ တို့ ၃ ဦးပုံမှန် ဂိုးသွင်းနိုင်ကြဖို့ မျှော်လင့်ခဲ့ကြတာပါ။

တနင်္ဂနွေနေ့က လိုရီယန့်နဲ့ပွဲမတိုင်ခင်မှာ မက်ဆီဟာပီအက်စ်ဂျီအတွက်

၇ ဂိုးသွင်းထားခဲ့ပေမယ့် နေမာ၊ ဘာပေ တို့နဲ့အတူ

တစ်ပွဲတည်းမှာဂိုးသွင်းနိုင်ခဲ့တယ်ဆိုတာမရှိခဲ့ပါဘူး။

ဒါပေမယ့် မနေ့ကပွဲမှာတော့ သူတို့ ၃ ဦးစလုံးအတွဲညီစွာဂိုးသွင်းနိုင်ခဲ့ပြီး

မက်ဆီကတစ်ဂိုး၊ နေမာနဲ့ ဘာပေ တို့က ၂ ဂိုးစီ သွင်းနိုင်ခဲ့ကြတာပါ။

ဒါကြောင့်သူတို့တွေတစ်ပွဲတည်းမှာအခုလို ဂိုးသွင်းဖို့အတွက်

တစ်ရာသီနီးပါးကြာအောင် စောင့်လိုက်ကြရတာလည်းဖြစ်ပါတယ်။

ဘာပေဆိုရင် ပိုမိုခြေစွမ်းပြနိုင်ခဲ့ပြီးနောက်ထပ် ၂ ဂိုးကိုလည်း

သူဘဲဖန် တီးပေးခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ပီအက်စ်ဂျီဟာ လီဂူး ၁ ပွဲ ၃၀ ကစားပြီးချိန်မှာ ၆၈ မှတ်ရပြီး

ဒုတိယနေ ရာက မာဆေးလ်ကို ၁၂ မှတ်ဖြတ်ထားလို့ ချန်ပီယံဖြစ်ဖို့လည်း

တဖြည်းဖြည်းနီးစပ်လာခဲ့ပါတယ်။

အခုလိုသူတို့တွေအတွက် အမှတ်ရစရာပွဲစဥ်ဖြစ်ခဲ့ပေမယ့် ပွဲမစခင်မှာတော့

ပီအက်စ်ဂျီပရိသတ်တွေဟာသူတို့ တွေ ချန်ပီယံလိဂ်ကထွက်ခဲ့ရတာကို အခဲမကျေသေးဘဲ

နေမာနဲ့ မက်ဆီ တို့အပြင် နည်းပြ ပိုချက်တီနိုကိုပါ

ပွဲ မတိုင်ခင်မှာလှောင်ပြောင်ခဲ့ကြပါသေးတယ်။

ဒါပေမယ့်နေမာကတော့ လှောင်ပြောင်မှုတွေကိုအရေးမလုပ်ဘဲ

ချန် ပီယံမဖြစ်မချင်းခြေစွမ်းဆက်ပြဖို့ကြိုုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။

သူက” နိုင်ပွဲအတွက်ကျေနပ်ရပါတယ်။ ဒီ လိဂ်မှာ ဗိုလ်စွဲဖို့ဆိုတာခက်ခဲတဲ့အတွက်

ချန်ပီယံဘွဲရရှိတဲ့အထိ ခြေစွမ်းဆက်ပြဖို့ကြိုးစားသွားမယ်” လို့ပြောခဲ့ပါ တယ်။

ပီအက်စ်ဂျီဟာ မက်ဆီ၊ နေမာနဲ့ ဘာပေ တို့ရဲ့ကောင်းမွန်တဲ့ချိတ်ဆက်မှုကနေ

၁၂ မိနစ်ကတည်းက အ ဖွင့်ဂိုးရရှိသွားတာြဖစ်ပါတယ်။

မက်ဆီကပေးလိုက်တဲ့ ဘောလုံးကို ဘာပေရရှိပြီးနောက်

နေမာရဲ့လမ်းကြောင်း ထဲ ထိုးပေးလိုက်ရာမှာ ဒီဘရာဇီးသားက

အသာအယာဘဲသွင်းယူခဲ့တာဖြစ်ပါတယ်။ ၂၈ မိနစ်နဲ့ ၆၇ မိနစ်တို့မှာ

ဘာပေ၊ ၇၃ မိနစ်မှာ မက်ဆီနဲ့ ၉၀ မိနစ်မှာ နေမာ တို့ကဂိုးတွေသွင်းယူခဲ့ကြတာဖြစ်ပါတယ်။

zawgyi

မက္ဆီ၊ ေနမာနဲ႔ ဘာေပ တို႔ ၃ ဦးစလုံးဂိုးသြင္းတဲ့ ပထမဆုံးလီဂူး ပြဲ

မေန႔ညက ပီအက္စ္ဂ်ီက လိုရီယန႔္ကို ၅-၁ နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ

ပီအက္စ္ဂ်ီတိုက္စစ္မႉးေတြျဖစ္တဲ့ မက္ဆီ၊ ေနမာ နဲ႔ ဘာေပ တို႔

၃ ဦးစလုံးဂိုးသြင္းႏိုင္ခဲ့ၾကၿပီး အခုလိုတစ္ပြဲတည္းမွာ

သူတို႔အားလုံးဂိုးသြင္းႏိုင္ခဲ့တာဟာ သူတို႔ေတြ တစ္သင္းတည္းမွာရွိေနၾကၿပီးေနာက္ပိုင္း

ပထမဆုံးအႀကိမ္လည္းျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီ က မက္ဆီတစ္ေယာက္ ဘာစီလိုနာကေနေျပာင္းလာၿပီးတဲ့ေနာက္

သူအပါအဝင္ ေနမာနဲ႔ ဘာေပ တို႔ ၃ ဦးပုံမွန္ ဂိုးသြင္းႏိုင္ၾကဖို႔ ေမွ်ာ္လင့္ခဲ့ၾကတာပါ။

တနဂၤေႏြေန႔က လိုရီယန႔္နဲ႔ပြဲမတိုင္ခင္မွာ မက္ဆီဟာပီအက္စ္ဂ်ီအတြက္

၇ ဂိုးသြင္းထားခဲ့ေပမယ့္ ေနမာ၊ ဘာေပ တို႔နဲ႔အတူ

တစ္ပြဲတည္းမွာဂိုးသြင္းႏိုင္ခဲ့တယ္ဆိုတာမရွိခဲ့ပါဘူး။

ဒါေပမယ့္ မေန႔ကပြဲမွာေတာ့ သူတို႔ ၃ ဦးစလုံးအတြဲညီစြာဂိုးသြင္းႏိုင္ခဲ့ၿပီး

မက္ဆီကတစ္ဂိုး၊ ေနမာနဲ႔ ဘာေပ တို႔က ၂ ဂိုးစီ သြင္းႏိုင္ခဲ့ၾကတာပါ။

ဒါေၾကာင့္သူတို႔ေတြတစ္ပြဲတည္းမွာအခုလို ဂိုးသြင္းဖို႔အတြက္

တစ္ရာသီနီးပါးၾကာေအာင္ ေစာင့္လိုက္ၾကရတာလည္းျဖစ္ပါတယ္။

ဘာေပဆိုရင္ ပိုမိုေျခစြမ္းျပႏိုင္ခဲ့ၿပီးေနာက္ထပ္ ၂ ဂိုးကိုလည္း

သူဘဲဖန္ တီးေပးခဲ့တာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ ပီအက္စ္ဂ်ီဟာ လီဂူး ၁ ပြဲ ၃၀ ကစားၿပီးခ်ိန္မွာ ၆၈ မွတ္ရၿပီး

ဒုတိယေန ရာက မာေဆးလ္ကို ၁၂ မွတ္ျဖတ္ထားလို႔ ခ်န္ပီယံျဖစ္ဖို႔လည္း

တျဖည္းျဖည္းနီးစပ္လာခဲ့ပါတယ္။ အခုလိုသူတို႔ေတြအတြက္

အမွတ္ရစရာပြဲစဥ္ျဖစ္ခဲ့ေပမယ့္ ပြဲမစခင္မွာေတာ့ ပီအက္စ္ဂ်ီပရိသတ္ေတြဟာ

သူတို႔ ေတြ ခ်န္ပီယံလိဂ္ကထြက္ခဲ့ရတာကို အခဲမေက်ေသးဘဲ

ေနမာနဲ႔ မက္ဆီ တို႔အျပင္ နည္းျပ ပိုခ်က္တီႏိုကိုပါ

ပြဲ မတိုင္ခင္မွာေလွာင္ေျပာင္ခဲ့ၾကပါေသးတယ္။

ဒါေပမယ့္ေနမာကေတာ့ ေလွာင္ေျပာင္မႈေတြကိုအေရးမလုပ္ဘဲ

ခ်န္ ပီယံမျဖစ္မခ်င္းေျခစြမ္းဆက္ျပဖို႔ႀကိဳုးစားသြားမယ္လို႔ ဆိုခဲ့ပါတယ္။

သူက” ႏိုင္ပြဲအတြက္ေက်နပ္ရပါတယ္။ ဒီ လိဂ္မွာ ဗိုလ္စြဲဖို႔ဆိုတာခက္ခဲတဲ့အတြက္

ခ်န္ပီယံဘြဲရရွိတဲ့အထိ ေျခစြမ္းဆက္ျပဖို႔ႀကိဳးစားသြားမယ္” လို႔ေျပာခဲ့ပါ တယ္။

ပီအက္စ္ဂ်ီဟာ မက္ဆီ၊ ေနမာနဲ႔ ဘာေပ တို႔ရဲ႕ေကာင္းမြန္တဲ့ခ်ိတ္ဆက္မႈကေန

၁၂ မိနစ္ကတည္းက အ ဖြင့္ဂိုးရရွိသြားတာျဖစ္ပါတယ္။

မက္ဆီကေပးလိုက္တဲ့ ေဘာလုံးကို ဘာေပရရွိၿပီးေနာက္

ေနမာရဲ႕လမ္းေၾကာင္း ထဲ ထိုးေပးလိုက္ရာမွာ ဒီဘရာဇီးသားက

အသာအယာဘဲသြင္းယူခဲ့တာျဖစ္ပါတယ္။ ၂၈ မိနစ္နဲ႔ ၆၇ မိနစ္တို႔မွာ

ဘာေပ၊ ၇၃ မိနစ္မွာ မက္ဆီနဲ႔ ၉၀ မိနစ္မွာ ေနမာ တို႔ကဂိုးေတြသြင္းယူခဲ့ၾကတာျဖစ္ပါတယ္။