မက်ဆီရဲ့စူပါဖန် တင်အလှမယ်က စီရော်နယ်ဒိုရဲ့ဖလားလက်မဲ့ရာသီကို လှောင်ပြောင်

လာမယ့်ရာသီ ယူရိုပါလိဂ်မှာ ကစားရနိုင်တဲ့အခြေအနေနဲ့ပတ်သက်လို့

မက်ဆီရဲ့စူပါဖန်လည်းဖြစ်၊ တင်အလှမယ်(Miss BumBum)လည်းဖြစ်တဲ့

ဆူဇီကော့တက်စ်ဟာ ဆိုရှယ်မီဒီယာထက်မှာ စီရော်နယ်ဒိုကို လှောင်ပြောင်လိုက်ပါတယ်။

ဆူဇီကော့တက်စ်ဟာ ဘရာဇီးသူဖြစ်ပေမယ့်လည်း

ပီအက်စ်ဂျီစူပါစတားရဲ့အမာခံပရိသတ်တစ်ယောက်ပါ။

သူမဟာ မကြာခဏဆိုသလို မက်ဆီရဲ့အာဂျင်တီးနားဝတ်စုံဝတ်ပြီး ပုံတင်လေ့ရှိပါတယ်။

အခုလည်း သူမဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ

မက်ဆီရဲ့ကစားသမားဘ၀ အခါးသီးဆုံးပြိုင်ဘက်ဖြစ်တဲ့

စီရော်နယ်ဒိုကို လှောင်ပြောင်မှုလုပ်ခဲ့တာပါ။

”မက်ဆီက လာမယ့်ရာသီ ယူရိုပါလိဂ်မှာ ကစားရမှာ မဟုတ်ဘူး။

မက်ဆီက ဒီရာသီ ဖလားတစ်လုံးရမှာပါ။ မက်ဆီက ပီအက်စ်ဂျီထက် ကြီးပါတယ်။

Best ကို မုန်းဖို့ဆိုတာ လွယ်တာပေါ့”လို့ ဆူဇီကော့တက်စ်က ရေးတင်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာလည်း ပြီးခဲ့တဲ့နွေရာသီမှာ မက်ဆီလိုပဲ အသင်းပြောင်းခဲ့ပေမယ့်

သူ့ရဲ့မန်ယူဟာ နောက်ထပ်ဖလားလက်မဲ့ရာသီတစ်ခုနဲ့ ကြုံတွေ့ရတော့မှာပါ။

ဒါ့အပြင် မန်ယူဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရပြီး

အခန့်မသင့်ရင် ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ရနိုင်ပါတယ်။

မက်ဆီရဲ့ပီအက်စ်ဂျီကတော့ ချန်ပီယံလိဂ်က ထွက်ခဲ့ရပေမယ့်

ပြည်တွင်းလီဂူးမှာတော့ အမှတ်ဖြတ်ဦးဆောင်နေတာပါ။

ဆူဇီကော့တက်စ်ဟာ Playboy မော်ဒယ်ဟောင်းတစ်ယောက်ဖြစ်ပြီး

၂၀၁၅ က ဘရာဇီးက တင်အလှပြိုင်ပွဲမှာ သရဖူဆောင်းပြီး စတင်ကျော်ကြားလာခဲ့တာပါ။

သူမဟာ ၂၀၁၆ ရီယိုဒီဂျနေးရိုးနွေရာသီအိုလံပစ်မှာလည်း

သံတမန်တစ်ယောက်ဖြစ်ခဲ့ပါသေးတယ်။

zawgyi

မက္ဆီရဲ႕စူပါဖန္ တင္အလွမယ္က စီေရာ္နယ္ဒိုရဲ႕ဖလားလက္မဲ့ရာသီကို ေလွာင္ေျပာင္

လာမယ့္ရာသီ ယူ႐ိုပါလိဂ္မွာ ကစားရႏိုင္တဲ့အေျခအေနနဲ႔ပတ္သက္လို႔

မက္ဆီရဲ႕စူပါဖန္လည္းျဖစ္၊ တင္အလွမယ္(Miss BumBum)လည္းျဖစ္တဲ့

ဆူဇီေကာ့တက္စ္ဟာ ဆိုရွယ္မီဒီယာထက္မွာ စီေရာ္နယ္ဒိုကို ေလွာင္ေျပာင္လိုက္ပါတယ္။

ဆူဇီေကာ့တက္စ္ဟာ ဘရာဇီးသူျဖစ္ေပမယ့္လည္း

ပီအက္စ္ဂ်ီစူပါစတားရဲ႕အမာခံပရိသတ္တစ္ေယာက္ပါ။

သူမဟာ မၾကာခဏဆိုသလို မက္ဆီရဲ႕အာဂ်င္တီးနားဝတ္စုံဝတ္ၿပီး ပုံတင္ေလ့ရွိပါတယ္။

အခုလည္း သူမဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ

မက္ဆီရဲ႕ကစားသမားဘ၀ အခါးသီးဆုံးၿပိဳင္ဘက္ျဖစ္တဲ့

စီေရာ္နယ္ဒိုကို ေလွာင္ေျပာင္မႈလုပ္ခဲ့တာပါ။

”မက္ဆီက လာမယ့္ရာသီ ယူ႐ိုပါလိဂ္မွာ ကစားရမွာ မဟုတ္ဘူး။

မက္ဆီက ဒီရာသီ ဖလားတစ္လုံးရမွာပါ။ မက္ဆီက ပီအက္စ္ဂ်ီထက္ ႀကီးပါတယ္။

Best ကို မုန္းဖို႔ဆိုတာ လြယ္တာေပါ့”လို႔ ဆူဇီေကာ့တက္စ္က ေရးတင္ခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာလည္း ၿပီးခဲ့တဲ့ေႏြရာသီမွာ မက္ဆီလိုပဲ အသင္းေျပာင္းခဲ့ေပမယ့္

သူ႔ရဲ႕မန္ယူဟာ ေနာက္ထပ္ဖလားလက္မဲ့ရာသီတစ္ခုနဲ႔ ႀကဳံေတြ႕ရေတာ့မွာပါ။

ဒါ့အျပင္ မန္ယူဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ တိုက္ပြဲဝင္ေနရၿပီး

အခန႔္မသင့္ရင္ ယူ႐ိုပါလိဂ္ဝင္ခြင့္နဲ႔သာ ေက်နပ္ရႏိုင္ပါတယ္။

မက္ဆီရဲ႕ပီအက္စ္ဂ်ီကေတာ့ ခ်န္ပီယံလိဂ္က ထြက္ခဲ့ရေပမယ့္

ျပည္တြင္းလီဂူးမွာေတာ့ အမွတ္ျဖတ္ဦးေဆာင္ေနတာပါ။

ဆူဇီေကာ့တက္စ္ဟာ Playboy ေမာ္ဒယ္ေဟာင္းတစ္ေယာက္ျဖစ္ၿပီး

၂၀၁၅ က ဘရာဇီးက တင္အလွၿပိဳင္ပြဲမွာ သရဖူေဆာင္းၿပီး စတင္ေက်ာ္ၾကားလာခဲ့တာပါ။

သူမဟာ ၂၀၁၆ ရီယိုဒီဂ်ေနး႐ိုးေႏြရာသီအိုလံပစ္မွာလည္း

သံတမန္တစ္ေယာက္ျဖစ္ခဲ့ပါေသးတယ္။